အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၂၆ ဧပြီ ၂၀၂၃

၁၄:၁၅:၅၆
1360609

အီရတ်ရှိ အမေရိကန် သံအမတ်ကြီး၏ သံသယဖြစ်ဖွယ် လုပ်ရပ်များ

အီရတ်ပါလီမန်အမတ်က ဘဂ္ဂဒက်မြို့ရှိ အမေရိကန်သံအမတ်၏ သံသယဖြစ်ဖွယ်လုပ်ရပ်များကို သတိထားရန် အစိုးရနှင့် နိုင်ငံခြား ရေး ဝန်ကြီး ဌာနကို တောင်းဆိုခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News သတင်းဌာန ၏ သတင်း အထောက်အထားများ အရ Alam Islam: Al-Indus ရုပ်မြင် သံကြားလိုင်း၏ အစီရင်ခံစာအရ အီရတ် ပါလီမန်အမတ် ဇိုင်နဘ် အလ်မူစဝီ သည် အီရတ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် Alina Romanowski ၏ သံသယဖြစ်ဖွယ် လုပ်ရပ်များ ၊ လွတ်တော် ကိုယ်စား လှယ် များ လက်မှတ်ရေးထိုးရန် ကြိုးပမ်းအားထုတ် မှုများ ကိုတုံ့ပြန် သည့် အနေဖြင့် အီရတ်အစိုးရနှင့် အီရတ် နိုင်ငံခြားရေး ဝန်ကြီးဌာနတို့အနေဖြင့် အမေရိကန်သံအမတ် ၏ သံသယ ဖြစ်ဖွယ် လှုပ်ရှား မှုများကို တားမြစ်သင့် ကြောင်း ပြောကြား ခဲ့ပါတယ်။

Al-Tenyan ရုပ်သံလိုင်းမှ သတင်းထောက်က အီရတ်ရှိ အမေရိကန်သံရုံးသည် အီရတ်နိုင်ငံ၏ လုံခြုံရေးကို ခြိမ်းခြောက်နေသော အကြမ်းဖက်သမားများကို ထောက်ခံသူများအတွက် အခြေစိုက်စခန်းတစ်ခုအဖြစ် ပြောင်းလဲ သွား ပြီး ဖြစ်ကြောင်း ရက်စက် ဖိနှိပ် ညှဥ်းပန်းမှု ကို အခြေခံပြီး တည်ဆောက် ထားသည့် အမေရိကန် သံရုံး အမေကန်သံအမတ် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အစောပိုင်းကပင် အီရတ်ပါလီမန်၏  ကိုယ်စားလှယ်အများအပြားသည် အမေရိကန်သံအမတ်မှ မိမိတို့ နိုင်ငံအရေးတွင် ဝင်ရောက် စွက်ဖက် ခြင်းမပြုရန် အီရတ် အစိုးရထံ တောင်းဆိုခဲ့ ကြောင်း သိရှိ ရပါ တယ်။

****************************************************************

END / 251