အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
အင်္ဂါနေ့

၂ မေ ၂၀၂၃

၀၆:၃၀:၄၀
1361829

ဇီယွန် ဝါဒီ အကျဥ်းထောင် တွင် ပါလက်စတိုင်း အစ္စလာမ်မစ် ဂျီဟတ်ဒ် လှုပ်ရှား မှု ခေါင်းဆောင် ရှဟီးဒ် ဖြစ်

ပါလက်စတိုင်း အစ္စလာမ်မစ် ဂျီဟတ်ဒ် (မတရားမှုကိုတော်လှန်ခြင်း) လှုပ်ရှား မှု ခေါင်းဆောင် ခေဇ်ရ် အဒ်နန် သည် ဇီယွန် အစ္စရေး အကျဥ်းထောင် တွင် ၈၇ ရက်ကြာ အစာငတ်ခံဆန္ဒပြနေခဲ့ပါတယ်။ ပါလက်စတိုင်းအာဏာပိုင်များသည် ဇီယွန်ဝါဒီအစိုးရကို အပြစ်တင်ခဲ့ကြပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Maher News Agency  သတင်း အထောက်အထားများ အရ ဇီယွန်ဝါဒီအကျဉ်းထောင်တွင် အကျဉ်းချခံ ထားရသော ပါလက်စတိုင်းတော်လှန်ရေးအဖွဲ့အစည်း “ အစ္စလာမ်မစ် ဂျီဟတ်ဒ် (မတရားမှုကို တော်လှန် ခြင်း) လှုပ်ရှား”  ခေါင်းဆောင် ခေဇ်ရ် အဒ်နန် သည် ၈၇ ရက်ဆက်တိုက် အစာငတ်ခံ ဆန္ဒပြပြီး နောက် ရှဟီးဒ် ဖြစ်သွား ကြောင်း သိရှိ ရပါတယ်။

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းတွင် ဆက်တိုက် အစာငတ်ခံဆန္ဒပြမှုကြောင့် “ အစ္စလာမ်မစ် ဂျီဟတ်ဒ် (မတရားမှုကိုတော်လှန်ခြင်း) လှုပ်ရှား”   ခေါင်းဆောင် ၏ ကျန်းမာရေး ဆိုးရွားလာခဲ့ကြောင်း မီဒီယာများတွင် ဖော်ပြခဲ့ပါတယ်။

အစ္စလာမ်မစ် ဂျီဟတ်ဒ် လှုပ်ရှား”  ခေါင်းဆောင် ခေဇ်ရ် အဒ်နန်  အနေဖြင့် ပါလက်စတိုင်း မြေကို မတရား သိမ်းပိုက်ထားပြီး ပါလက်စတိုင်း သားများ ကို မတရား ရက်ရက်စက်စက် သတ်ဖြတ် အနိုင်ကျင့်နေသည့် ဇီယွန်ဝါဒီတပ်ဖွဲ့များ၏ ရက်စက်ကြမ်းကြုတ်မှုများကို ဆန့်ကျင် ကာ အစာငတ်ခံ ဆန္ဒပြခဲ့ခြင်းဖြစ်ပါတယ်။

ပါလက်စတိုင်း Mahja Al-Quds အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ သာမရ် အလ်ဇအာနီးန် မှ ခေဇ်ရ် အဒ်နန်  ၏ အခြေအနေသည် ပိုမိုဆိုးရွားလာကြောင်း အစီရင်ခံခဲ့ပြီး ဇီယွန်ဝါဒီအာဏာပိုင်များသည် ခေဇ်ရ် အဒ်နန်  အကြောင်းသတင်းကို  မပြောဘဲ နေကြောင်း ပြောကြားခဲ့ပါတယ်။

ပါလက်စတိုင်း အကျဉ်းသားများအဖွဲ့၏ အကြီးအကဲ ကတ်ဒ်ဒူရဟ် ဖါစ် အနေဖြင့်  ဇီယွန် ခေဇ်ရ် အဒ်နန်   အား ဆေးဘက်ဆိုင်ရာ အကူအညီပေးရန် ငြင်းဆိုခဲ့ ကြောင်း အထူးအစီအစဉ် ဖြင့် သတ်ခဲ့ကြောင်း ပြောကြားခဲ့ ပါတယ်။

ယခု အခါသမယတွင် ပါလက်စတိုင်း တော်လှန်ရေးတပ်က ၏ ခေဇ်ရ် အဒ်နန်  ရှဟာဒသ် (စတေးခံခဲ့ရမှု အတွက်) တိတ်ဆိတ်နေမည် မဟုတ်ကြောင်း ပါလက်စတိုင်းလွတ်လပ်ရေးအတွက် ခေဇ်ရ် အဒ်နန်  သည် မိမိ အသက်ကို စတေးခဲ့ ကြောင်း  နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့အစည်းများသည် ဇီယွန်ဝါဒီအစိုးရ၏ ရက်စက် ယုတ်မာမှုများကို ဆန့်ကျင်သည့်အနေဖြင့် အသံကို ထုတ်သင့် ကြောင်း ပြောကြားခဲ့ပါတယ်။

****************************************************************

END / 251