အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
အင်္ဂါနေ့

၂ မေ ၂၀၂၃

၂၀:၃၇:၃၉
1362116

ကျောင်းသားများ အတွက် ရှဟီးဒ် မိုသွဟရီ ၏ စာအုပ်များ ကို လေ့လာ ရန် အလွန်အရေးကြီးပါတယ် / H.I ဆယက်ဒ် ဟိုစိုင်းန် မူစဝီ

ဟောင်ဇေအေလ်မီယေ ၏ ဆရာ ဖြစ်သူ H.I ဆယက်ဒ် ဟိုစိုင်းန် မူစဝီ မှ ရှဟီးဒ် အာယာသွလ္လာဟ် မိုသွဟရီ (ရ.ဟ) သည် အေမာမ် ခိုမေနီ (ရ.ဟ) ၏ စစ်မှန်သည့် တပည့် ရင်း ဖြစ်ကြောင်း ရှဟီးဒ် ၏ စာအုပ်များသည် စာဖတ်သူများ အပေါ် များစွာ အကျိုးသက်ရောက်မှုကို ဖြစ်စေကြောင်း ဤအတွက် ကြောင့် ကျောင်းသားတိုင်း အတွက် ရှဟီးဒ် ၏ စာအုပ်များ ကို လေ့လာ ရန် အလွန် အရေး ကြီး ကြောင်း ပြောကြားခဲ့ပါတယ်။

 အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဟောင်ဇာ သတင်းဌာန ၏ သတင်း အထောက်အထားများ အရ မဒရ်စာ အေလ်မီယေ ဟဇရသ် အဘူလ်ဖွဇ်လ် (အ.စ) ၏ ဆရာ H.I ဆယက်ဒ် ဟိုစိုင်းန် မူစဝီ မှ ဟောင်ဇာ သတင်းဌာ န နှင့် အင်တာဗျူး  ဖြေဆိုချိန် တွင်  “ဆရာများနေ့” ကို မိုဘာရတ်က်(ကောင်းချီးမင်္ဂလာအဖြာဖြာကျရောက် ပါစေ) ဟု စကားပြောကြားပြီး မနုဿလူသား အတွက် ဆရာ သည် အမြဲလိုအပ်ကြောင်း ဤအတွက် ကြောင့် ရှဟီးဒ် အာယာသွလ္လာဟ် မိုသွဟရီ (ရ.ဟ) ရှဟီးဒ် ဖြစ်ခဲ့သည့်နေ့ ယနေ့ ( မေလ၂ ရက်နေ့) ကို  “ ဆရာများနေ့ “ ဟုသတ်မှတ်ထား ကြောင်း ပြောကြားပါတယ်။

၎င်းမှ ဆက်လက်ပြီး ရှဟီးဒ် အာယာသွလ္လာဟ် မိုသွဟရီ (ရ.ဟ) သည် အစ္စလာမ့် ကမ္ဘာ တွင်ကြီးမားသည့် နေရာ တစ်ခုကိုပိုင်ဆိုင်ထားကြောင်း အေမာမ် ခိုမေနီ (ရ.ဟ) မှ “ ရှဟီးဒ် မိုသွဟရီ (ရ.ဟ) ၏ စာအုပ်များသည် ၁၀၀ ရာခိုင်နှုန်း အစ္စလာမ်မီ “ ဖြစ်ကြောင်း  မိန့်ခဲ့သည်ဟု ပြောကြားခဲ့ ပါတယ်။

မဒရ်စာ အေလ်မီယေ ဟဇရသ် အဘူလ်ဖွဇ်လ် (အ.စ) ၏ ဆရာ အနေဖြင့် ဆက်လက်ပြီး အထက်ဖော်ပြပါ အေမာမ် ခိုမေနီ (ရ.ဟ) ၏ မိန့်မှာချက်သည် ရှဟီးဒ် အာယာသွလ္လာဟ် မိုသွဟရီ (ရ.ဟ) ၏ ကြီးကျယ်မှုကို ပြသနေကြောင်း ရှဟီးဒ် မိုသွဟရီ (ရ.ဟ) ၏ ရေးသားထားချက်များ သည် ယနေ့ လည်းပဲ  နားလည်မှု အသစ်များ ကို ပေးနေကြောင်း ယနေ့ ခေတ် တွင် နိုင်ငံ အများ အပြား တွင် ဆရာ ၏ အဆင့် နှင့်နေရာ သည် အမြင့်ဆုံး အဆင့် နှင့် နေရာ အဖြစ် သတ်မှတ် ထားရကြောင်း ဆရာ ဆိုသည် မှာ လူ့ အဖွဲ့ အစည်း ၏ အရေးကြီးဆုံး လူတွေကို သင်ကြားပေး’ခဲ့သူဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ်။

H.I ဆယက်ဒ် ဟိုစိုင်းန် မူစဝီ မှ  အီရန် အစ္စလာမ်မစ်တော်လှန်ရေး မတိုင်မီကပင် ရှဟီးဒ် မိုသွဟရီ (ရ.ဟ) သည် သွေဖည် လမ်းမှား လမ်းချော်မှူများ ကို ဆန့်ကျင် ပြီး မားမားမတ်မတ် ရပ်တည်ခဲ့သူ ဖြစ်ကြောင်း အေမာမ် ခိုမေနီ (ရ.ဟ) တင်ပြလိုသည့် အစ္စလာမ် အခြေခံများ ကို တင် ပြခဲ့သူ ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့ပါတယ်။

H.I ဆယက်ဒ် ဟိုစိုင်းန် မူစဝီ မှ  ဆက်လက်၍ ရှဟီးဒ် အာယာသွလ္လာဟ် မိုသွဟရီ (ရ.ဟ) သည် အေမာမ် ခိုမေနီ (ရ.ဟ) ၏ စစ်မှန်သည့် တပည့် ရင်း ဖြစ်ကြောင်း ရှဟီးဒ် ၏ စာအုပ်များသည် စာဖတ်သူများ အပေါ် များစွာ အကျိုးသက်ရောက်မှုကို ဖြစ်စေကြောင်း ဤအတွက်ကြောင့် ကျောင်းသားတိုင်း  အတွက် ရှဟီးဒ် ၏ စာအုပ်များ ကို လေ့လာ ရန် အလွန် အရေးကြီးကြောင်း ပြောကြား ခဲ့ပါတယ်။

****************************************************************

END / 251