အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
တနင်္လာနေ့

၈ မေ ၂၀၂၃

၂၀:၃၁:၂၅
1363880

မြန်မာ့အရေး တွေ့ဆုံဆွေးနွေးမှုဖြင့် ဖြေရှင်းရန် အင်ဒိုနီးရှားသမ္မတ တိုက်တွန်း

အာဆီယံ ထိပ်သီးအစည်းအဝေးကို လာမယ့် မေလ ၁၀ ရက် ဗုဒ္ဓဟူးနေ့မှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ ပြင်ဆင်နေချိန်မှာပဲ မြန်မာနိုင်ငံအကျပ်အတည်းနဲ့ ပတ်သက်ပြီး ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုတင် မဟုတ်ဘဲ တွေ့ဆုံဆွေးနွေးမှုကနေ ဖြေရှင်းကြဖို့ အာဆီယံ ခေါင်းဆောင်တွေကို အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုက တိုက်တွန်းလိုက်ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


အာဆီယံ ထိပ်သီးအစည်းအဝေးကို လာမယ့် မေလ ၁၀ ရက် ဗုဒ္ဓဟူးနေ့မှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ ပြင်ဆင်နေချိန်မှာပဲ မြန်မာနိုင်ငံအကျပ်အတည်းနဲ့ ပတ်သက်ပြီး ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုတင် မဟုတ်ဘဲ တွေ့ဆုံဆွေးနွေးမှုကနေ ဖြေရှင်းကြဖို့ အာဆီယံ ခေါင်းဆောင်တွေကို အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုက တိုက်တွန်းလိုက်ပါတယ်။

မစ္စတာ ဝီဒိုဒိုက “ဒီထိပ်သီးအစည်းအဝေးမှာ (မြန်မာ့အရေး) ကို အထူးတလည် ဆွေးနွေးသွားမှာပါ… ဒါပေမဲ့ တွေ့ဆုံဆွေးနွေးမှုကနေ ဖြေရှင်းရမယ်။ ကျနော့်အမြင်အရတော့ ပိတ်ဆို့အရေးယူမှုတွေဟာ အဖြေတခုမဟုတ်ပါဘူး” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က စတင်ကာ အကြမ်းဖက်စစ်အုပ်စုက အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးအကျပ်အတည်းတွေနဲ့ လက်နက်ကိုင်ပဋိပက္ခတွေ ပေါ်ပေါက်နေတာကို ဖြေရှင်းဖို့ အာဆီယံက ဘုံသဘောတူညီချက် ၅ ရပ် ချမှတ်ထားခဲ့ပေမဲ့ မြန်မာစစ်အာဏာပိုင်တွေက ပူးပေါင်းဆောင်ရွက်မှု မရှိဘူးဆိုပြီး ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။

ဒါ့အပြင် အာဆီယံဥက္ကဋ္ဌ တာဝန်ယူထားတဲ့ အင်ဒိုနီးရှားနိုင်ငံကိုလည်း မြန်မာစစ်အစိုးရရဲ့ ရက်စက်ယုတ်မာမှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်ပေးဖို့ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ ဖိအားပေးမှုတွေလည်း တိုးလာနေတာပါ။

“ကျနော်တို့အနေနဲ့ အာဆီယံကို ပွင့်လင်းမြင်သာမှု ရှိစေချင်တဲ့အတွက် ဘယ်နိုင်ငံနဲ့မဆို ပူးပေါင်းဆောင်ရွက်ဖို့၊ အာဆီယံနိုင်ငံတွေအတွင်းက ပြဿနာတွေကို ဖြေရှင်းတဲ့နေရာမှာ တွေ့ဆုံဆွေးနွေးရေးမူအရ ဖြစ်သင့်တယ်။ ဒါဟာ အထူးသဖြင့် မြန်မာနိုင်ငံ အရေးကိစ္စမှာ အလွန်အရေးကြီးပါတယ်” လို့ မစ္စတာ ဝီဒိုဒိုက ပြောလိုက်တာပါ။

စစ်တပ်က မတရားအာဏာသိမ်းမှုအပြီး အမေရိကန်နဲ့ ဗြိတိန် အပါအဝင် နိုင်ငံအများအပြားက ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ထားသလို အာဏာသိမ်းပြီးနောက် ပြည်တွင်းမငြိမ်မသက်မှုတွေကြောင့် အရပ်သားရာထောင်ချီ သေဆုံးပြီး ဒေသခံပြည်သူ သိန်းနဲ့ချီ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတာ ဖြစ်ပါတယ်။

မေ ၉ ရက်ကနေ ၁၁ ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပမယ့် အာဆီယံ ထိပ်သီးအစည်းအဝေးမှာတော့ မြန်မာ့နိုင်ငံရေး အကျပ်အတည်းဟာ အဓိကဆွေးနွေးမယ့် အကြောင်းအရာတခု ဖြစ်လာနိုင်ဖွယ် ရှိနေပါတယ်။

****************************************************************
END / 251