အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
အင်္ဂါနေ့

၉ မေ ၂၀၂၃

၁၃:၀၉:၀၂
1364109

သန်လျင်မြို့နယ်တွင် ဝန်ထမ်းလိုင်းခန်း ၆ ခန်း မီးလောင်

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ မြို့မမြောက်ရပ်ကွက်၊ မြို့မဈေးအနီး၊ လမ်းမတော်လမ်းနဲ့ ဇာတ်ရုံ လမ်းထောင့်က ဝန်ထမ်းလိုင်းခန်းတွဲမှာ မေ ၉ ရက် မနက်အစောပိုင်းက မီးလောင်မှု ဖြစ်ပွား ခဲ့တယ်လို့ မြန်မာမီးသတ်ဌာနချုပ်က သိရပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ 

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ မြို့မမြောက်ရပ်ကွက်၊ မြို့မဈေးအနီး၊ လမ်းမတော်လမ်းနဲ့ ဇာတ်ရုံ လမ်းထောင့်က ဝန်ထမ်းလိုင်းခန်းတွဲမှာ မေ ၉ ရက် မနက်အစောပိုင်းက မီးလောင်မှု ဖြစ်ပွား ခဲ့တယ်လို့ မြန်မာမီးသတ်ဌာနချုပ်က သိရပါတယ်။

မနက် ၀၀ နာရီ ၂၇ မိနစ်ခန့်က မီးလောင်မှု သတင်းရခဲ့ပြီး သန်လျင်မီးသတ်ဌာန မီးသတ်ယာဉ် ၅ စီးနဲ့ အရပ်ဖက်အသင်းတွေက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့တာကြောင့် မနက် ၁ နာရီလောက် မီးငြိမ်း သွားပါတယ်။

မြို့ခံကယ်ဆယ်ရေးအသင်း ယာဉ်တာဝန်ခံက "စက်ရုံလိုင်းခန်းတွဲ စာတိုက်ဘေးက လမ်းမှာ လောင်တာပါ။ မြို့မမြောက်ရပ်ကွက် အပိုင်ထဲကပဲ။ မီးသတ်ကားက ၅ စီး လောက်လာတယ်။ အတွင်းပိုင်း အကုန်လုံး ပျက်စီးသွားတယ်။ လူထိခိုက်တာ တော့ မရှိဘူး "လို့ ဆိုပါတယ်။

မီးလောင်မှုကြောင့် သန်လျင်ရေနံချက်စက်ရုံဝန်ထမ်းလိုင်းခန်းတွဲ သွပ်မိုးအုတ်ကာ ၁ ထပ် အဆောက်အအုံ ၆ ခန်းတွဲ ပျက်စီးဆုံးရှုံးသွားပြီး လူထိခိုက်မှု မရှိဘူးလို့ သိရပါတယ်။

မီးစတင်လောင်ကျွမ်းရတဲ့ အကြောင်းအရင်းနဲ့ ပျက်စီး ဆုံးရှုံးမှုတန်ဖိုးကို တွက်ချက် နေဆဲ ဖြစ်တယ်လို့ သိရပြီး မီးလောင်ကျွမ်းမှုစတင်ခဲ့တဲ့ အခန်းနေသူကိုတော့  သန်လျင်မြို့မရဲစခန်းမှာ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။

ရန်ကုန်မှာ မေ ၁ ရက်က ‌တောင်ဥက္ကလာပမြို့နယ်မှာ မီးလောင်မှုကြောင့် နေအိမ် ၄ လုံး၊ မေ ၄ ရက်က သာကေတမြို့နယ်မှာ မီးလောင်မှုကြောင့် နေအိမ် ၆လုံးနဲ့ တခြမ်း၊ မေ ၇ ရက်က အင်းစိန်မြို့နယ်မှာ မီးလောင်မှုကြောင့်  နေအိမ် ၁ လုံးနဲ့ အိမ်ခန်း ၄ ခန်းတွဲ ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

****************************************************************
END / 251