အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
ကြာသပတေးနေ့

၁၁ မေ ၂၀၂၃

၁၉:၅၆:၀၁
1364848

ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်ရှိ ရေကြောင်းပို့ဆောင်ရေးရေယာဉ်များ ရပ်နား

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ကြောင့် ရခိုင်ပြည်နယ်ရှိ ရေကြောင်းပို့ဆောင်ရေး ရေယာဉ်အားလုံးကို မေ ၁၁ ရက်ကစပြီး ရပ်နားထားကြဖို့ ညွှန်ကြားထားတယ်လို့ ရခိုင်ပြည်နယ် ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတွေက ပြောပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ကြောင့် ရခိုင်ပြည်နယ်ရှိ ရေကြောင်းပို့ဆောင်ရေး ရေယာဉ်အားလုံးကို မေ ၁၁ ရက်ကစပြီး ရပ်နားထားကြဖို့ ညွှန်ကြားထားတယ်လို့ ရခိုင်ပြည်နယ် ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတွေက ပြောပါတယ်။

အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ဟာ မေလ ၁၄ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားမြို့နဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့အကြား စစ်တွေမြို့အနီးက ဖြတ်သန်းနိုင်တယ်လို့ မေ ၁၁ ရက် နေ့လယ်ပိုင်းမှာ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်ရှိ ရေကြောင်းပို့ဆောင်ရေး ရေယာဉ်အားလုံးကို မေ ၁၁ ရက်မှာ ရပ်နားထားပြီးဖြစ်ကြောင်း ရခိုင်ပြည်နယ် ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

“ရခိုင်တပြည်လုံးက ရေကြောင်းပို့ဆောင်ရေး ရေယာဥ်တွေကို ရပ်နားထားဖို့ အကြောင်းကြားထားပြီး ဖြစ်ပါတယ်။ မုန်တိုင်းပြီးတဲ့အထိ ရပ်နားထားဖို့ ဖြစ်တယ်။ ခရီးသည်တင်ရေယာဥ်၊ ကုန်စည်ပို့ဆောင်ရေး ရေယာဥ်နဲ့ ပင်လယ်ကူးသင်္ဘောတွေ အကုန်းလုံးကို ရပ်နားခိုင်းထားတာ။”

ရခိုင်ပြည်နယ်မှာ ဆိုင်ကလုန်း “မိုခါ” မုန်တိုင်း ရှိတာကြောင့် ပေါက်တောမြို့နယ်နဲ့ မြေပုံမြို့နယ်ရှိ ဒေသခံ ၅,၀၀၀ ခန့် စစ်တွေမြို့၊ ​ပေါက်တောမြို့၊ မြေပုံမြို့နဲ့ မင်းပြားမြို့နယ်ရှိ နီးစပ်ရာ ကျေးရွာတွေကို မုန်တိုင်းရှောင်ဖို့အတွက် ဘေးလွတ်ရာကို ရွှေ့ပြောင်းသွားကြပြီလို့ ဒေသခံတွေက ပြောပါတယ်။

ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနရဲ့ ညွှန်ကြားချက်တွေအတိုင်း မနက်ဖြန်ကစပြီး ရေကြောင်းခရီးစဉ် အကုန်လုံးကို ရပ်နားသွားမယ်လို့ ရွှေပြည်တန် အမြန်ရေယာဥ်မှ မန်နေဂျာ ဦးစံမော်သိန်းက ပြောပါတယ်။

“မုန်တိုင်းရှိတာကြောင့် ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနရဲ့ ညွှန်ကြားချက်တွေကြောင့် မနက်ဖြန်ကစပြီး ရေကြောင်းခရီးစဉ်အားလုံး ရပ်နားသွားမှာ ဖြစ်ပါတယ်။ မုန်တိုင်း ပြီးတဲ့အထိ ရပ်နားသွားမှာပါ။”

မုန်တိုင်း ဖြတ်ကျော်နေစဉ် တနာရီကို လေတိုက်နှုန်း မိုင် ၉၀ မှ မိုင် ၁၀၀ အထိ တိုက်ခတ်နိုင်ပြီး ဒီရေမှာလည်း ရခိုင်ပြည်နယ် စစ်တွေခရိုင်၊ ကျောက်ဖြူခရိုင်ရှိ မြစ်လက်တက်တွေမှာ အမြင့်ပေ ၁၀ ပေမှ ၁၄ ပေအထိ မြင့်တက်နိုင်ကာ ကျောက်ဖြူခရိုင်အတွင်းက မြစ်ဝ၊ မြစ်လက်တက်တွေမှာ ၇ ပေမှ ၁၀ ပေအထိ မြင့်တက်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
****************************************************************
END / 251