အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
သောကြာနေ့

၁၂ မေ ၂၀၂၃

၂၀:၅၂:၂၆
1365058

သံဖြူဇရပ်-ရေးလမ်းပေါ်တွင် ယာဉ်တိုက်မှုဖြစ်ပြီး ၅ ဦး ဒဏ်ရာရ

မွန်ပြည်နယ် သံဖြူဇရပ် - ရေး လမ်းမပေါ်မှာ မေ ၁၁ ရက် မနက် ၁၁ နာရီကျော်က ယာဉ်တိုက်မှုဖြစ်ခဲ့ပြီး ၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ လူမှုကယ် ဆယ်ရေးသမားတွေက ပြောပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မွန်ပြည်နယ် သံဖြူဇရပ် - ရေး လမ်းမပေါ်မှာ မေ ၁၁ ရက် မနက် ၁၁ နာရီကျော်က ယာဉ်တိုက်မှုဖြစ်ခဲ့ပြီး ၅ ယောက် ဒဏ်ရာရခဲ့တယ်လို့  ဒေသခံ လူမှုကယ် ဆယ်ရေးသမားတွေက ပြောပါတယ်။

ရန်ကုန်မှ ရေးဘက်သို့လာတဲ့ ကုန်ကားနဲ့ ထားဘက်ကနေ ရန်ကုန်ကိုသွားမယ် အိမ်စီးကားတို့ တိုက်မိခဲ့တာဖြစ်ပြီး အိမ်စီးကားပေါ်ပါ ခရီးသည် ၅ ဦး ဒဏ်ရာရခဲ့တာလို့ သိရပါတယ်။

လူမှုကယ်ဆယ်ရေးသမားက “အိမ်စီးကားပေါ်မှာ ဘုန်းကြီး ၁ ပါးနဲ့ အမျိုးသား ၃ ယောက် အမျိုးသမီး ၁ ယောက် ပါတယ်။ ခရီးသည်အမျိုးသား ၁ ယောက်ကတော့ ပြင်းထန် ဒဏ်ရာ ရခဲ့တယ် လမိုင်းဆေးရုံကနေ မော်လမြိုင်ပြည်သူ့ဆေးရုံကိုအရေးပေါ်ပို့ရတယ်”လို့ ဆိုပါတယ်။

အိမ်စီးကားပေါ်က ဒဏ်ရာရ ခရီးသွားတွေဟာ ဘယ်မြို့နယ်ကလဲဆိုတာ မသိရသလို ဒဏ်ရာရတဲ့ သူကတော့ လမိုင်းပြည်သူ့ဆေးရုံမှာ ဆေးကုသနေတယ်လို့ သိရပါတယ်။

ရေး-သံဖြူဇရပ်ကားလမ်းမှာ ယာဥ်မဆင်ခြင်မောင်နှင်မှုတွေကြောင့် ယာဥ်တိုက်မှုတွေ မကြာခဏ ဖြစ်ပွားနေပြီး လူ သေဆုံး ထိခိုက်ဒဏ်ရာ ရတာလည်း ရှိပါတယ်။

****************************************************************
END / 251