အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
သောကြာနေ့

၂၆ မေ ၂၀၂၃

၀၈:၁၆:၅၈
1368782

မိုးမိတ် ရဲကင်းစခန်းကို ABSDF ကဝင်တိုက်၊ ရဲ ၄ ဦးသေဆုံးပြီး လက်နက်များပါသွား

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်ရှိ ကျောက်မောရွာ ရဲကင်းစခန်းကို မေလ ၂၄ ရက် မနက်ပိုင်းမှာ ကျောင်းသားတပ်မတော် ABSDF က ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၄ ယောက် သေဆုံးပြီး လက်နက်တွေ သိမ်းဆည်းရမိခဲ့တယ်လို့ ရှမ်း/မြောက် ABSDF ​ပြန်ကြားရေးတာဝန်ရှိသူက ထုတ်ပြန်ပြောပါတယ် ။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်ရှိ ကျောက်မောရွာ ရဲကင်းစခန်းကို မေလ ၂၄ ရက် မနက်ပိုင်းမှာ ကျောင်းသားတပ်မတော် ABSDF က ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၄ ယောက် သေဆုံးပြီး လက်နက်တွေ သိမ်းဆည်းရမိခဲ့တယ်လို့ ရှမ်း/မြောက် ABSDF ​ပြန်ကြားရေးတာဝန်ရှိသူက ထုတ်ပြန် ပြောပါတယ် ။

“ကျောက်မောရွာမှာ အထိုင်ချထားတဲ့ ရဲကင်းကို  မနက် ၆ နာရီ ၁၅ မိနစ် အချိန်မှာစတင် ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်။မနက် ၇ နာရီ ၄၅ မိနစ်မှာ စခန်းကို စီးနင်း သိမ်းပိုက်နိုင်ခဲ့တယ်။ တိုက်ပွဲအတွင်း ရဲတပ်ကြပ်ကြီး တယောက်အပါအဝင် ရဲ ၄ ယောက် သေဆုံးခဲ့တယ်” လို့ ABSDF အဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

ရဲကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ပြီးနောက် BA-63 (G-3) ၄ လက်၊ BA-64 (G-4)၁ လက်၊ BA-93 Uzi ၁ လက်၊ ကျည်ကတ် ၉ ကတ်၊ကျည် ၆၅၀ တောင့်၊ လက်ပစ်ဗုံး ၃ လုံးနဲ့ ရဲတပ်ဖွဲ့ အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့ကာ စခန်းထဲက အမျိုး သမီး ၃ ယောက်နဲ့ ကလေး ၂ ယောက် ကို ပြန်လွှတ်ပေးခဲ့တယ်လို့ ABSDF ​ပြန်ကြားရေးဌာနက တာဝန်ရှိသူက‌ဆိုပါတယ် ။

အဆိုပါ ကျောက်မောဂိတ်ရှိ ရဲနဲ့ စစ်သားတွေက သွားလာနေတဲ့ ယာဉ်တွေနဲ့ အနီးအနားရှိ လုပ်ငန်းရှင်တွေဆီကနေ ငွေတောင်းတာ၊ ရိက္ခာ အတင်းတောင်းယူတာတွေ ပြုလုပ်လေ့ရှိတယ်လို့ ပြည်သူ‌တွေက တိုင်ကြားလာတာကြောင့် ABSDF မြောက်ပိုင်းက သွားရောက်တိုက်ခိုက် ရှင်းလင်းခဲ့ တာလို့ ထုတ်ပြန်ပြောဆိုခဲ့ပါတယ် ။

အန်စီအေအပစ်ရပ်လက်မှတ်ထိုးထားတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) အနေနဲ့ မြန်မာနိုင်ငံ ဒေသအသီးသီးမှာ စစ်ကောင်စီတပ်တွေကို တော်လှန် တိုက်ခိုက်နေပြီး စစ်ကိုင်းတိုင်းအတွင်းမှာလည်း စစ်ကောင်စီတပ်ကို တော်လှန်တိုက်ပွဲဝင်နေကြတယ်လို့ ထုတ်ပြန်ချက် တွေ အရသိရပါတယ် ။

****************************************************************
END / 251