အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
စနေနေ့

၃ ဇွန် ၂၀၂၃

၂၀:၃၁:၀၃
1370995

အေမာမ် ခိုမေနီ (ရ.ဟ) ၏ အ အမြင် တွင် သဲဟ်ဇီးဗ် နှင့် သဇ်ကီယေဟေ နာဖ်စ် ၏ အရေးကြီးမှု

အေမာမ် ခိုမေနီ (ရ.ဟ) ၏ အ အမြင် တွင် သဲဟ်ဇီးဗ် နှင့် သဇ်ကီယေဟေ နာဖ်စ် ၏ အရေးကြီးမှုကို အေမာမ် ခိုမေနီ (ရ.ဟ) ၏ “ဂျေဟာဒ်‌ ဒေ အက္က်ဘဲရ် ယာ မိုပါရေဇေ ပါ နာဖ် “ ဆိုသည့် စာအုပ်မှ ကောက်နုတ် တင်ပြ လိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

သဲဟ်ဇီးဗ် နှင့် သဇ်ကီယေဟေ နာဖ်စ် ဆိုသည်မှာ

သဲဟ်ဇီးဗ် = မိမိ၏ စိတ်ရိုင်းစိတ်မိုက်ကို သန့်စင်မှုပြုခြင်း

သဇ်ကီယေဟေနာဖ်စ် = မိမိ၏ညစ်ညမ်းသည့် စိတ်ကို ဆေးကြေသန့်စင်ခြင်း ဖြစ်ပါတယ်။ ဘာသာရေး ပြုလုပ်သူများ မှ လူအစုအဝေးတစ်ခု သည်လမ်းလွဲလမ်းမှား ၊သွေဖည် မှု အကြောင်းခံ ကို ဖြစ်စေ ပါသည်။ အများစု မှာ ပညာတတ်များဖြစ်ကြပါတယ်။၎င်းတို့မှ အချို့ဆို သာသနာ့ တက္ကသိုလ်များ မှ ကျောင်းဆင်းများ နှင့် အခက်အခဲများ ကို ကျော်လွှားခဲ့သူများ ဖြစ်ကြပါတယ်။  လမ်းလွဲလမ်းမှား ဖေရ်ကာများ မှ ခေါင်းဆောင်တစ်ဦး ဖြစ်သူ ကျွန်ုပ်တို့ ၏ သာသနာ့ တက္ကသိုလ်များတွင် ပညာသင်ကြား ခဲ့သူဖြစ်ပါသည်။သို့သော်၎င်း၏ပညာသင်ကြားမှုများမှာ သဲဟ် ဇီးဗ် နှင့် သဇ်ကီ ယေဟေ နာဖ်စ် နှင့် အတူ မဟုတ်သည့် အ တွက် အလ္လာဟ်ဟို အရှင်မြတ် လမ်းတွင် ခြေလှမ်းခဲ့ခြင်း မ ဟုတ်ပေ။(စိတ်)အညစ်အကြေးများကို မိမိနှင့်ဝေးအောင် မပြု ခဲ့ချေ။ ဤအရာများ အားလုံးသည် သိက္ခာမဲ့မှု နှင့်ရင်ဆိုင်ရ ပါတယ်။ အကယ်၍ မနုဿ လူသားအနေဖြင့်  (စိတ်ပိုင်း ဆိုင်ရာ) အညစ်အကြေးများ ကို မိမိ နှင့်ဝေးအောင်မပြုနိုင်ဘူး ၊ မဆေးကြော နိုင် ဘူးဆိုလျှင် စာမည်မျှပင် ဖတ်ပါစေ ၊သင်ပါစေ  အကျိုးအမြတ် မရသည့်အပြင် ဆုံးရှုံးမှုများ နှင့်ပါ ရင်ဆိုင် ရမည်ဖြစ်ပါတယ်။ ပညာ အနေဖြင့် ဤ အညစ်အညမ်း ၏ ပင်မ အဖြစ် ဝင်ရောက်လာမည်ဆိုလျှင် အကိုင်း အခက် အရွက် သည်လည်း အညစ်အညမ်း သာ ဖြစ်ပေမည်။ မကောင်း သည့် ညစ်ညမ်း သည့်သစ်ပင်ဖြစ်သွားမည်ဖြစ်ပါတယ်။ ပညာ ရပ်ဆိုင်  ဆိုလိုချက်များ အယူအဆများ ကို ညစ်ညမ်း နေ သည့် မစင်ကြယ်သည့်နှလုံးသား တွင် ဆု ထားသည်သာ ဖြစ် ပါမည်။ အတားအဆီး အများ အပြား သာ ဖြစ်လာမည်။ စိတ်ကို မသန့်စင်၊ မဆေးကြောနိုင်လျှင်  ပညာသည်လည်း ၎င်း အ တွက် အတား အဆီး အမှောင် တစ်ခု သာ ဖြစ်ပါမည်။

 ‏‏اَلعِلمُ هوالحِجابُ الاَکبَر‏‏       ဖြစ်ပေသည်။ ဤအတွက်ကြောင့် ဖွာစေက် အာလင်မ် ၏ အန္တရာယ် သည် အစ္စလာမ် သာသနာတော်  အတွက် အန္တရာယ်အားလုံးထက် အန္တရာယ် ပို များပြီး ပို၍ ဆိုးရွား ပေသည်။အေလ်မ်(ခ) ပညာ သည် နူးရ် ဖြစ်ပါတယ်။ သို့သော် ညစ်ညမ်းမဲမှောင်နေသည့် ၊ဖွာစေက် နှလုံးသား ကို မဲမှောက်မှု ညစ်ညမ်း မှု ကို ပိုမို ၍ မဲမှောင် ညစ်ညမ်း စေပါ သည်။ မနုဿလူသားကို အလ္လာဟ်ဟို အရှင်မြတ် သခင်နှင့် နီးကပ်မှု ကို ပြုပေးသည့် အေလ်မ် (ပညာ) သည်ပင် လောကီကိုမက်စေသည့် စိတ် (မိုက်) အတွက် ကြောင့်  ဘုန်း ကျက် သရေ နှင့်ပြည့်စုံတော်မူသည့် မြတ် အလ္လာဟ် ၏ နန်းတော် နှင့်ဝေးကွာစေသည့် အကြောင်းတရားကို ဖြစ်စေပါ တယ်။ အေလ်မ် မေသောင်ဟီးဒ် (မြတ်အလ္လာဟ် တစ်ပါးတည်း အတုမဲ့အနှိုင်းမဲ့ ကို လက်ခဲ့သည့် ပညာ)  သည်ပင်လျှင် အလ္လာဟ် မဟုတ်သူများ (နှစ်မြို့မှု ) အတွက်ဖြစ်ပါက အတား အဆီး၊ အမှောင် ကိုသာဖြစ်စေ ပါသည်။ အကြောင်းမှာ  အလ္လာဟ် မဟုတ်သူအတွက် ဖြစ်သည့် အတွက်ကြောင့် ဖြစ် ပါသည်။အကယ်၍ တစ်ဦးတစ်ယောက် အနေဖြင့်ကျမ်းတော် မြတ်ကုရ်အာန် အား အေရာအသ် ကုရ်အာန်ဖတ်နည်း ၁၄ မျိုးဖြင့် အလ္လာဟ်အတွက်မဟုတ်ဘဲ အာရုံဆောင်မည်၊ သေ လာဝသ် ပြုမည်၊ ဆိုလျှင် လည်းအတားအဆီး နျင့် အလ္လာဟ် ဟိုအရှင်မြတ် သခင် နှင့်ဝေးကွာ အောင်ပြုသည်မှ အပ အခြား အရာ ရမည် မဟုတ်ချေ။အကယ်၍ အသင်အနေဖြင့် စာ (သာသနာ့စာများ ) ဖတ်နည်၊ သင်မည်၊ဒုက္ခလည်းခံမည် ဆိုလျှင်  အာလင်မ် (သာသနာ့ပညာရှင် ) တော့ ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ သို့သော်  အာလင်မ် နှင့် မိုဟဇဗ် (မိမိအတွင်း စိတ်ကိလေသ ကို သန့်စင်သူ) အကြား အလွန်တရာ ကွာခြားမှု ရှိ သည်ဆိုသည့်  အချက်ကို မလွဲမသွေ သိရှိထား ရပါမည်။ကျွန်တော်တို့ ၏ဆရာ၊ မရ်ဟွန်မ်ရှိက်္ခ  ရေဇ်ဝါန်နို လ္လာဟ် သအာလာ အလိုင်းဟေ မိန့်တော်မူလေ့ ရှိပါ သည်။ ဤကဲ့သို့ မိန့်တော်မူတယ်။

ملا شدن چه آسان ، آدم‏‎ ‎‏شدن  مشکل است!‏

စကားပြေ။ ။ မွတ်လာ (မောင်လာနာ၊အာလင်မ်) ဖြစ်ဖို့ ဘယ် လောက် လွယ်ပြီး၊လူဖြစ်ဖို့ဆို တာဘယ် လောက် ခက်သလဲ ဖြစ်ပါတယ်။

ဤစကားသည်မမှန်ချေ။ မလွယ်မသွေ ဤသို့ပြောရမည်။

ملا شدن چه مشکل، آدم‏‎ ‎‏شدن محال است!‏

စကားပြေ။ ။ မွတ်လာ (မောင်လာနာ၊အာလင်မ်) ဖြစ်ဖို့ ဘယ် လောက် ခက်သလဲ ၊ လူဖြစ်ဖို့ဆိုတာတော့ မဖြစ်နိုင်ချေ။ (ဆိုလို သည်မှာ မောင်လာနာအတု ဖြစ်ဖို့ မခက်ခဲ ပါ။ လူသား ပီသဖို့ လူစစ်ဖြစ် ဖို့ ဆိုတာ ပို၍ခက်ခဲသည် ဟုဖြစ်ပါတယ်။ )

 

လူသားဆိုင်ရာ ကြီးကျယ်မြင့်မြတ်မှုများ ၊ ကောင်း မြတ်သည့် ကိုယ်ကျင့် တရားများ ၊လူအခွင့်အရေးဆိုင်ရာ စံချိန် စံညွှန်း ကို ခွတ်ခူးနိုင်ဖို့ဆိုသည်မှာ အလွန် ခက်ခဲပြီး ကြီးမားသည့် တာဝန်ဝတ္တရားများမှ တစ်ခု ဖြစ်ပါတယ်။ ဤ တာဝန် ဟာ  အသင်တို့၏ ပခုံးပေါ်တွင် ရှိပါသည်။ မထင် မှတ်လိုက်ပါနှင့် ။ အခုလက်ရှိ ရှရီအသ်ဆိုင်ရာပညာရပ်များကို ဆည်းပူးနေသည်၊ အမြင့်မြတ် ဆုံးဖြစ် သည့် ပညာရပ်များ ဖေက် (ဓမ္မသတ်ပညာရပ်များ ) ကို သင်ယူနေပါတယ်။ ဤ အတွက်ကြောင့် အေးဆေးဖြစ်သွားပြီး  မိမိလုပ် ရမည့် တာ ဝန် ကို လုပ်လိုက်ပြီး (ဆိုပြီး မထင်မှတ်လိုက်ပါနှင့်။) အကယ် ၍ အေခ်လာဆ် (အလ္လာဟ်တစ်ပါး နှစ်မြို့ဖို့ )နှင့် အလ္လာဟ် ထံနီးကပ်ဖို့ဆိုသည့် နီယသ် နှင့်မဆည်းပူးခဲ့လျှင် ဤ ပညာရပ်များ (သာသနာ့ပညာရပ်များ ) သည်  မည်သည့်  အကျိုး အမြတ် မျှ ရရှိမည် မဟုတ်ချေ။

မြတ်အလ္လာဟ် မလုပ်ပါစေ နှင့်။ အလ္လာဟ် ဟို အရှင်မြတ် အတွက်မဟုတ်ဘဲ စိတ်အသီသ အရ ၊ခုန်နေရာ၊ လက်မှတ်အထောက်အထား ကြောင့် အရေးပါ အရာရောက် ပုဂ္ဂိုလ် တစ်ဦး  ဖြစ်ရန် အတွက် ခြေလှမ်း လှမ်းခဲ့သည်ဆိုလျှင် မိမိကိုယ့်ကိုအတွက် ဝန်ထုတ်ဝန်ပိုး သာ ဖြစ်ပေမည်။ ဤ ပညာရပ်ဆိုင်ရာဘာသာရပ်ဆိုင်ရာ အခေါ်အဝေါ် အသုံး အနှုန်း များကို လည်း အလ္လာဟ် အတွက် မဟုတ်ဘဲ ဆည်းပူး ခဲ့သည်ဆိုလျှင် လည်း ဝန်ထုတ်ဝန်ပိုး သာ ဖြစ်ပါသည်။ ဤ ပညာရပ်ဆိုင်ရာ ဘာသာရပ်ဆိုင်ရာ  အခေါ်အဝေါ် အသုံး အနှုန်း များကို များသထက်များ အောင် ဆည်းပူးသင်ယူမည်။ သို့သော် သဟ်ဇီးဗ် (ကိလေသစိတ်ကို ထိန်းခြင်း) သက်္က်ဝါ (သီလ၊သမာဓိ၊အလ္လာဟ်ကို ကြောက် စိတ်)  အတူ မပါ လာလျှင် မွတ်စလင်မ် အသိုင်းအဝိုင်း ၏ လောကီ လော ကုတ္တရာကို ဖျက်စီးဖို့ သာ အကြောင်း ခံ ဖြစ်ပေမည်။ ပညာ ရပ်ဆိုင်ရာ ဘာသာရပ်ဆိုင်ရာ  အခေါ်အဝေါ် အသုံးအနှုန်း ကို သိယုံသက်သက်ဖြင့် အကျိုးအာနိသင်မရှိချေ။ အကယ်၍ အေလ်မေ သောင်းဟီးဒ် ပင် ကိလေသ စိတ်ကိုထိန်းချုပ်ခြင်း မရှိလျှင် ဝန်ထုပ်ဝန်ပိုး သာဖြစ်ပေမည်

ဖြစ်တန်စွာ ၊အေလ်မေ သောင်းဟီးဒ် ရှိပြီး  အုပ်စုများ ကို လမ်းလွဲလမ်းမှား သွားအောင် ပြုခဲ့သည့် အာလင်မ် များ လည်း ရှိခဲ့ပါသည်။ ဖြစ်တန်စွာ ၊ ဤအသင်တို့၏ ပညာရပ် ဆိုင်ရာ ဘာသာရပ်ဆိုင်ရာ အခေါ်အဝေါ် အသုံးအနှုန်းများ ကို အကောင်းဆုံး အဆင့် အထိ တတ်ကျွမ်း ထားပါသူတွေ ရှိပါ သည်၊သို့သော် ၎င်းတို့ သည် လမ်းလွဲလမ်းမှားနေကြပြီး ပြုပြင် တည်းမတ် မှုကို မပြုကြသည့် အတွက် ပတ်ဝန်း ကျင်လူ့ အသိုင်းအဝိုင်း အတွင်း ဝင်ရောက် နေရာယူကြသည့် အခါ အမြောက် အများ သောသူများကို လမ်းလွဲလမ်းမှား သို့ ရောက်စေခဲ့ပါသည်။ ဤ ပညာ ရပ်ဆိုင်ရာ ဘာသာရပ်ဆိုင်ရာ  အခေါ်အဝေါ် အသုံးအနှုန်း သက်သက်သာ သက္က်ဝါးနှင့် သဲဟ်ဇီးဗ် မပါဘဲ ဆည်းပူးသင်ယူမည်ဆိုလျှင် နားလည် လာ လေလေ (လည်းကောင်း၏ ) စိတ်တွင် မာနထောင်လွှားခြင်း ၊ ဟိတ်ကြီး ဟန်ကြီးလုပ်ခြင်း ၊ မောက်မာခြင်း ၏ ဧရိယာသာ ကြီးထွား လာလေ ဖြစ်ပေမည်။ ကံမကောင်း အကြောင်းမလှ သည့် အာလင်မ် အနေဖြင့် မောက်မာမှုနှင့် ရှိနေမည်ဆိုလျှင်  မိမိ ကိုယ်တိုင်နှင့် ပတ်ဝန်းကျင်ပို ပြုပြင်တည်းမတ် ပေး နိုင်မည် မဟုတ်ချေ။  အစ္စလာမ်နှင့် မွတ်စလင်မ် များ အတွက် ပျက်စီး ဆုံးရှုံးမှု မှ အပအခြားပေးမည်မဟုတ်၊ ရလာဒ်အဖြစ် ဝန်ထုပ်ဝန်ပိုး သာ ပေးမည် ဖြစ်ပါသည်။ လူမျိုးစုများကို လမ်းလွဲ လမ်းမှား ရောက်အောင် သွေဖည်အောင် လုပ် ပေ မည်။ စာများကိုသင်ယူဆည်းပူးခြင်း ၊ စာကို အပြန်အလှန် အခြားသူများနှင့် ဆွေးနွေး မှုများ ပြုခြင်း ၊ ဟောင်ဇေများ တွင်နေထိုင်ခဲ့ခြင်း သည် ပင် အဖြေ အနှစ်ချုပ်မှာ အစ္စလာမ် သာသနာတော် ကို (မှန်ကန်စွာ) မိတ်ဆက်ပေးမည် မဟုတ် ချေ။ ကျမ်းတော်မြတ် ကုရ်အာန်၏ အစစ်အမှန် ကို လောက (သားများအတွက်) တင်ပြမည် မဟုတ်ချေ။ တစ်နည်းအားဖြင့် ၎င်း၏ တည်ရှိနေမှု  သည်ပင် ပတ်ဝန်းကျင် လူ့အသိုင်း အဝိုင်း အတွက် အစ္စလာမ် သာသနာတော် နှင့် မောင်လာနာ များ(ဇာကေရဟ်များ) အသိုင်းအဝိုင်း  ကို (အသေအချာ ၊မှန်မှန် ကန်ကန်) မိတ်ဆက်ပေးမှု အတွက် အတား အဆီး ဖြစ်ပေမည်။

ကျွန်တော် (ခိုမေနီ) အနေဖြင့် စာမဖတ်ပါနှင့် ၊ ပညာ မဆည်းပူး ပါနှင့်လိုမပြောပါ။ မလွဲမသွေ အသိရှိရမည်မှာ အသင် အနေဖြင့် အစ္စလာမ် သာသနာတော် နှင့် ပတ်ဝန်း ကျင် လူ့ အသိုင်းအဝိုင်း အတွက် အကျိုးအမြတ် ကိုပေးလိုသူ၊ အာနိသင်ရှိလိုသူ ဖြစ်ချင်သည် ၊လူမျိုးစုများ ကို ခေါင်းဆောင် လိုသည်၊ အစ္စလာမ် သာသနာတော်ဖက်သို့ ဂရုပြုစေလိုသည်၊ အစ္စလာမ် သာသနာတော်၏ အခြေခံ ကို ကာကွယ် စောင့် ရှောက် လိုသည် ဆိုလျှင် အသင် ၏ ဖေက်ပညာရပ်ကို အခြေ ကောင်းအောင် ခိုင်မာ အောင်ပြုရန် အရေးကြီးပါ သည်။ မိုဂျ်သဟစ်ဒ် တစ်ပါး ဖြစ်အောင် ပြုရပါမည်။အကယ်၍ အလ္လာဟ် ဟို အရှင်မြတ်သခင် မပြုလုပ်ပါစေနှင့် ၊အသင် အနေဖြင့် စာမဖတ် ဘူးဆိုလျှင်မဒဲရ်စာတွင်နေခြင်း ဟရာမ် ဖြစ်ပါ သည်။အစ္စလာမ် မီပညာရပ်များ ကို သင်ယူဆည်းပူး နေသူများ ကျိုးအမြတ် ရယူနေသည့် ရှရီအီ အခွင့်အရေးများ ရပိုင်ခွင့်များကို အသုံးချ ခွင့် မရှိချေ။ သို့သော်လည်းပဲ ပညာဆည်းပူးရာတွင်အရေးကြီး သည် မှာ ဖေက်အီ၊အူစူလီ ဘာသာရပ်များတွင် အပင်ပန်း ခံကြိုးစားခဲ့ သည့် နည်း အတိုင်း မိမိကိုယ်ကို ပြုပြင်မှုအတွက် လည်းပဲ ကြိုးပမ်း အားထုတ်ရမည် ဖြစ်ပါသည်။ ပညာ ဆည်းပူး ရန်အတွက် ခြေလှမ်းတိုင်း ကိလေသစိတ်၊ စိတ်ရှိုင်း ကို ချိုးနှိမ့်မှု ၊ နာမ်ပိုင်းဆိုင်ရာ အားကောင်း လာစေရန် ကိုယ်ကျင့်တရား ကောင်း ပိုင်ဆိုင်လာစေရန် နာမ်ပိုင်း ဆိုင်ရာ များဆည်းပူးရန် နှင့် သက္က်ဝါ (သီလ ၊သမာဓိ ) ပိုင်ဆိုင်ရန် အတွက်လည်း ခြေလှမ်းရပါမည်။

ဤပညာရပ်များကို ဆည်းပူးရာတွင် အမှန်တကယ် သဲဟ်ဇီးဗ်ဗေနာဖ်စ် ၊ပညာရေးသီလ ၊ စည်းမျည်း စည်းကမ်း များ  ၊မအာရေဖ်ဖေအေလာဟီယေ (ခ) အလ္လာဟ် ဟို အရှင် မြတ် ကို သိသင့် သိထိုက် တော်မူသည့် အတိုင်း သိမြင် ခြင်း ဆိုသည် မာတိကာများ လိုအပ်ပါသည်။ နောက်ဆုံး အသက် အထိ (တစ်ဘဝလုံး) မာတိကာ အတွက်သာ လုပ်ဆောင် နေပြီး ရလာဒ် မဆွတ်ခူးနိုင်ဘဲ မရှိစေရန် လည်း လိုပါတယ်။ အသင်အနေဖြင့် မြင့်မြတ်သည့် ကြီးကျယ်သည့် ရည်ရွယ် ချက် ဖြစ်သည့် ခိုဒါရှနာစီ (ခ) အလ္လာဟ်ဟို အရှင်မြတ် သခင် ကို သိရှိ နားလည်ခြင်း နှင့် သဲဟ်ဇီးဗ် ဗေနာဖ်စ် အတွက် ဤ ပညာရပ် များ ကို သင်ယူနေခြင်း ဖြစ်ပါတယ်။

****************************************************************

END / 251