အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
အင်္ဂါနေ့

၂၆ စက်တင်ဘာ ၂၀၂၃

၀၄:၂၂:၀၅
1395808

အေမာမ် ဟစန်အက္စ်ကရီ (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် မိုအ်မင် ၏ လက္ခဏာ ငါးရပ် ဘက်သို့ ညွှန် ပြ၍ မိန့်တော် မူထား ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မဖာသီဟိုလ်ဂျေနာန် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

قال الامام الحسن العسکری علیه السلام:

عَلَامَاتُ الْمُؤْمِنِ خَمْسٌ صَلَاةُ الْإِحْدَى وَ الْخَمْسِينَ وَ زِيَارَةُ الْأَرْبَعِينَ وَ التَّخَتُّمُ فِي الْيَمِينِ وَ تَعْفِيرُ الْجَبِينِ وَ الْجَهْرُ بِ بِسْمِ اللَّهِ الرَّحْمنِ الرَّحِيمِ.

အေမာမ် ဟစန်အက္စ်ကရီ   ( အလိုင်ဟစ်စလာမ်) မိန့်တော် မူ၏။

“ မိုအ်မင် ၏ လက္ခဏာ ငါးရပ် ရှိပါသည်။

(၁) နေ့နှင့်ည တွင် ရကတ်ပေါင်း ၅၁ ရကတ် နမာဇ် ဝတ်ပြုခြင်း

(၂) ဇေယာရသ် အရ်ဗအီးန် ဖတ်ရွတ် ခြင်း

(၃) လက်ယာဘက်တွင် လက်စွပ်ကို ဝတ်ဆင်ခြင်း

(၄) ခါကေရှဖာ (ကရ်ဗလာမြေ နှင့်ပြုလုပ်ထားသည့် မြေခဲတုံး) ပေါ်တွင် (အလ္လာဟ်အရှင်မြတ်အား) စဂျ်ဒဟ် ပြုခြင်း

(၅) ဗစ်မေလ္လာဟ်ဟေရ်ရဟ်မာန် နေရဟီးမ် အား အသံကျယ်ကျယ် ဖြင့် ရွတ် ဆိုခြင်း တို့ ဖြစ်ပါသည်။  ”

ကျမ်းကိုး ။ ။ မဖာသီဟိုလ်ဂျေနာန် ကျမ်း   ၊ ရှိက်ခ် အဘာစ် ကွမ်းမီ

မှတ်ချက်  -   အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး  ကျနော်တို့ သည် မိုအ်မင် ဖြစ်လိုလျင် အထက်ဖော်ပြပါ လက္ခဏာ ငါး ရပ်ကို မိမိ ကိုယ် အတွင်း မှ ပေါ်ပေါက်လာအောင် ကြိုးပမ်းရမည် ဖြစ်ပါတယ်။ နေ့နှင့် ည နမာဇ် ရကတ်ပေါင်း ၅၁ ရကတ်ဆိုသည်မှာ နေ့စဥ်နမာဇ် ငါးကြိမ် နှင့် ၎င်းတို့ ၏ နာဖေလာ နမာဇ်များ စုစုပေါင်း ရကတ်၄၀  ပြီးနောက် နမာဇ်ဇေရှက်ဗ် ၁၁ရကတ် စုစုပေါင်း ၅၁ ရကတ် ဖြစ်မည် ဖြစ်ပါတယ်။ နေ့နှင့် ည ၅၁ ရကတ် ရအောင် ဖတ်ရမည် ဖြစ်ပါတယ်။ ပြီးနောက် ကျန် လက္ခဏာ လေးချက် ကို ပေါ်ပေါက်လာအောင် ကြိုးပမ်းရမည် ဖြစ်ပါတယ်။

****************************************************************

END / 251