အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုဟာ ပနားမား သည် ဆော်ဒီ အိမ်ရှေ့မင်းသား မိုဟမ္မဒ် ဘင်န် စလ်မာန် နှင့် ယနေ့ မတ်လ ၁၁ရက်နေ့ နံနက်ပိုင်း တွင် တွေ့ဆုံပြီး မွတ်စလင်မ် အချင်းချင်း ရန်တိုက်သည့် အလုပ်နှင့် မိမိတို့အကျိုးအမြတ် ထုတ်မည်အလုပ်ကို လုပ်ခဲ့ပါတယ်။
ဤတွေ့ဆုံမှု မှာ နှစ်နာရီ ခန့် ကြာမြင့် ခဲ့ပါတယ်။ တွေ့ဆုံစဥ် ယီမင် လက်နက်ကိုင် တပ်ဖွဲ့ အန်ဆွာရိုလ္လာဟ် အား အစ္စရေး မဟာမိတ် သင်္ဘောများကို မတိုက်ခိုက်ရန် ကိစ္စ နှင့် ဂါဇာကမ်းမြောင် အပစ်အခတ် ရပ်စဲရေး ကိစ္စကို ဆွေးနွေး ခဲ့ပါတယ်။
တစ်နည်းအား ဖြင့် ပါလက်စတိုင်းဘက်မှ မားမားမတ်မတ် ရပ်တည်ပေးပြီး အစ္စရေး နှင့်မဟာမိတ်များ ဂါဇာ ကမ်းမြောင် အပေါ် အပစ်အခတ် မရပ်မခြင်း ၎င်းတို့၏ သင်္ဘောများကို ပင်လယ်နီမှ ပေးဖြတ်မည်မဟုတ် ဘဲ တိုက်ခိုက်မည့်နောက် ၎င်းတို့ကို တိုက်ခိုက်မည့် ယီမင် လက်နက်ကိုင်တပ်ဖွဲ့ ၊ လက်ရှိ အစိုးရ အန်ဆွာရိုလ္လာဟ် ကို မနိုင်သည့် အတွက် အရင် ယီမင် နှင့် ၇နှစ်ကြာစစ်ဖြစ်ခဲ့သည့် ဆော်ဒီအား ထပ်၍ မြှောက်ပေးပြီး ယီမင် အားတိုက်ရန် မွတ်စလင်မ် အချင်းချင်း တိုက်ရန် လုပ်ဆောင်နေခြင်း ဖြစ်ပါတယ်။
ဤနေရာတွင် ဆော်ဒီ အိမ်ရှေ့မင်းသား မိုဟမ္မဒ် စလ်မာန် ပါးနပ်ဖို့ လိုပါတယ်။ အကြောင်း မှာ ၎င်းတို့အနေဖြင့် တစ်ဖက်တွင် ဂါဇာကမ်းမြောင် အပစ်အခတ် ရပ်စဲရေး ကိစ္စ ကိုပြောနေပြီး နောက်တစ်ဖက်တွင် ဂါဇာကမ်းမြောင် အပေါ် မတရားလုပ်နေသည်ကိုမခံမရပ်ဖြစ်ပြီး မားမားမတ်မတ်ရပ်တည်ပေးနေသည့် ယီမင် ကို တိုက်ဖို့ မြှောက်ပေး နေခြင်း ဖြစ်ပါတယ်။
ဤနေရာတွင် အီရန် အစ္စလာမ်မစ် တော်လှန်ရေး ခေါင်းဆောင် အေမာမ် ခိုမေနီ (ရ.ဟ) ၏ ဆုံးမ စကားတစ်ခု အား မွတ်စလင်မ်များ အနေဖြင့် အထူးသတိပြု လိုက်နာ သင့်ပေတယ်။ အေမာမ် ခိုမေနီ (ရ.ဟ) မိန့်ကြားထားသည်မှာ - ရှီအဟ် မွတ်စလင်မ် က နမာဇ်ဝတ်ပြုလျင် လက်ချ၍ ဝတ်ပြုရမည် လက်မချလျင် နမာဇ မပိုင် ဟု ဆိုကြပြီး စွန်နီ မွတ်စလင်မ် က နမာဇ် ဝတ်ပြုလျင် လက်ပိုက် ၍ ဝတ်မပြုလျင် နမာဇ် မပိုင်ဟု ဆိုကြပါတယ်။ ဒါပေမဲ့ သူတို့ နှစ်ယောက်စလုံး၏ရန်သူ (အစ္စလာမ့် ရန်သူ) ကတော့ သူတို့ နှစ်ယောက်စလုံး ၏ လက်ကို အရင်းကနေ ဘယ်လို ဖြတ်ရမည်ဆိုတာ အကြံထုတ်နေခြင်း ဖြစ်ပါတယ်။
ကျောသားရင်သား မခွဲခြားရေး ၊ လူ့အခွင်းအရေး ၊ လွတ်လပ်ရေး ဆိုပြီး ညာသံပေးပေးနေကြသည့် ကလိမ်ကကျစ် အမေရိကန် ၊ အစ္စရေး နှင့်မဟာမိတ်များ ဟာ ရုရှား နဲ့ ယူကရိန်းနိုင်ငံတွေအတွက် အလွန်စိုးရိမ်နေကြပေမယ့် အပြစ်မဲ့ မွတ်စလင်မ် အမျိုးသမီးများ ၊ အမျိုးသားများ နှင့် ကလေးငယ်များ စုစု ပေါင်း ၅၀၀၀၀ ကျော်၊ ၇၀၀၀၀ ကျော် သေဆုံးခဲ့ရသည့် အတွက်တော့ စိုးရိမ်ပူပန်မှုမရှိပါကြောင်း တွေ့မြင် နေရပါတယ်။
ဤဖြစ်ရပ်မှန်တွေ ကိုကြည့်ပြီး အမြင်မှန်မရသေးလျင် မွတ်စလင်မ်များ အနေဖြင့် လဲသေဖို့ သာကျန်ပေး တော့တယ်။
အနှစ်ချုပ်အားဖြင့် မွတ်စလင်မ်များ အစ္စလာမ်ရန်သူ များ၏ လှည့်ကွက်များမှ ရှောင်ကြဥ် နိုင်ကြပါစေ ၊ စည်းလုံး ညီညွတ် ကြပါစေ ဟု နမာဇ် ပြီးတိုင်း ဒိုအာပြုရမည် ဖြစ်ပါတယ်။
.......................................................
END / 251
Your Comment