အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၈ နိုဝင်ဘာ ၂၀၂၃

၂၀:၄၉:၂၀
1409805

ဆီးရီးယားရှိ အကြမ်းဖက် စစ်သွေးကြွ အမေရိကန် အခြေစိုက် စခန်းများကို အီရတ် တော်လှန်ရေး အဖွဲ့များက တိုက်ခိုက်

ဆီးရီးယားရှိ ကိုနီကို ဓာတ်ငွေ့တွင်းရှိ အကြမ်းဖက် စစ်သွေးကြွ အမေရိကန်စစ်အခြေစိုက်စခန်းတစ်ခု တိုက်ခိုက်ခံခဲ့ရ ကြောင်း သတင်း ရရှိ ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အလ်မယာဒီးန် ဒီဗီ ချန်နယ်၏ အစီရင်ခံစာအရ ဆီးရီးယားနိုင်ငံ အရှေ့ပိုင်း ရကဟ် မြို့ဆင်ခြေဖုံးရှိကိုနီကို ဓာတ်ငွေ့တွင်းရှိ အမေရိကန် စစ်အခြေစိုက်စခန်းအား တိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

ဤ အမေရိကန်စစ် အခြေစိုက် စခန်းတွင် ပေါက်ကွဲသံများ အများအပြားကြား နေရသည်ဟု သတင်း ရင်းမြစ် များက ဖော်ပြပါတယ်။

အစောပိုင်းက အီရတ်နိုင်ငံ အစ္စလာမ်မီကြံ့ခိုင်ရေး အဖွဲ့ မှ အီရ်ဘီးလ် ရှိ အမေရိကန် စစ်အခြေစိုက်စခန်းကို မောင်းသူမဲ့ လေယာဉ်ဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရှိရပါတယ်။အီရတ်နိုင်ငံ မြောက်ပိုင်း အစ္စလာမ်မီ ကြံ့ခိုင်‌ရေး အဖွဲ့ ၏ ကြေငြာချက်တွင် မောင်းသူမဲ့ လေယာဉ်နှစ်စင်း အီရတ်နိုင်ငံ မြောက်ပိုင်း ဟရီးရ် ဒေသတွင် ကျူးကျော် သိမ်းပိုက်ထားသော အမေရိကန် စစ်သည်များ၏ အခြေစိုက် စခန်းကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ဒရုန်းတွေများဟာသတ်မှတ်ထားသည့် ပစ်မှတ်ကို ထိခဲ့ကြောင်း ပါရှိပါတယ်။

အီရတ်နိုင်ငံ ကာဒစ်စတန်ဒေသတွင် တည်ရှိသော အီရ်ဘီးလ် ရှိ အမေရိကန်စစ်အခြေစိုက်စခန်းအား တိုက်ခိုက် ခံရကြောင်း အလ်မယာဒီးန် ဒီဗီ ချန်နယ် မှ အစောပိုင်းတွင် ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုဟာ အကြမ်းဖက်စစ်သွေးကြွ အမေရိကန် စစ်သည်များ ၏ အခြေစိုက်စခန်းကို အသေခံ မောင်းသူမဲ့ လေယာဉ်နဲ့ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ထို့အပြင် ဆီးရီးယားရှိ အလ်ခဇွရာအ် ရွာ တွင်လည်း အကြမ်းဖက် စစ်သွေးကြွ အမေရိကန် စစ်အခြေစိုက်စခန်းများကို တိုက်ခိုက်ခဲ့ပါတယ်။ ဤ တိုက်ခိုက်မှုကို လည်း အသေခံ မောင်းသူမဲ့လေယာဉ် အများအပြားနှင့်  လုပ်ဆောင်ခဲ့တာ ဖြစ်ကြောင်း သိရှိရပါတယ်။

****************************************************************

END / 251