အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
အင်္ဂါနေ့

၆ ဖေဖော်ဝါရီ ၂၀၂၄

၁၃:၀၅:၅၆
1435688

အေမာမ် မူစာယေ ကာဇင်းမ်၏ ဘွဲ့တော်အကြောင်း အစေ့ တစောင်း

ယနေ့ ရဂျဗ်လမြတ် ၏ ၂၅ ရက်နေ့ အေမာမ်မူစာယေကာဇင်းမ် (အ.စ) ၏ ရှဟာဒသ်နေ့ ဖြစ်ပါတယ်။ ဤအတွက်ကြောင့် ကိုယ်တော်မြတ်(ဆွ) ကိုအချစ်ထားသူများ နှင့် ကိုယ်တော်မြတ် (ဆွ)၏ အဲဟ်လေ့ဘိုက်(သ)(အ.စ) ကိုအချစ်ထားသူတိုင်း အား အေမာမ် ကာဇင်းမ် (အ.စ) ၏ရှဟာဒသ် အတွက် အလွန် ဝမ်းနည်း ကြောင်းပြောကြားရင်း အေမာမ် (အ.စ) ၏ ဘွဲ့တော်တစ်ခု ဖြစ်သည့် ကာဇင်းမ် အကြောင်း တစေ့ တစောင်း တင်ပြလိုက်ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ကာဇင်းမ် သည် အေမာမ် မူစာ ဘင်န် ကာဇင်းမ် (အ.စ) ၏ အကျော်ကြားဆုံး ဘွဲ့တော်များ မှ တစ်ခု ဖြစ်ပါတယ်။ ရှီအဟ်များ၏ သတ္တမမြောက် အေမာမ် အား ကာဇင်းမ်ဟု ခေါ် ရခြင်း အကြောင်း ရင်းမှာ မိမိ ဒေါသကို ထိန်းချုပ်ထားနိုင် ခြင်းကြောင့် ဖြစ်ပါ တယ်။ ညှဉ်းဆဲ သောသူတို့၏ ညှဉ်းဆဲခြင်းကို သည်းခံ၍ ဒေါသမဖြစ်တော်မူချေ။ ကိုယ်ကျင့် တရား နှင့် စာရိတ္တ ဆိုင်ရာ စာအုပ်များ တွင်လည်း မိမိ ဒေါသကို အလွန် ထိန်းချုပ် နိုင်သူကို ကာဇင်းမ် ဟု ခေါ် ကြောင်း ဖော်ပြထားပါ တယ်။

သဇ်ကေရသိုလ်ခဝါဇ် စစ်ဘ်ဘင်န် ဂျောင်ဇီ (ကွယ်လွန် ၆၅၄ ဟီဂျရီ) စာအုပ်တွင် အေမာမ် မူစာ ကာဇင်းမ် (အ.စ) အား ကာဇင်းမ် ဟု ခေါ်ဆိုရသည့် အကြောင်း မှာ အေမာမ် ထံ မည်သူဘက်မှ ဖြစ်စေ စ္စည်း တစ်ခုခု ရောက်လာတိုင်း ၎င်းအတွက် ငွေ ပြန်ပို့သည့် အတွက်ကြောင့် ဟုဖော်ပြထားပါ တယ်။  ခရစ်သက္ကရာဇ် ၁၉၈၄ခုနှစ်တွင် ကွယ်လွန် ခဲ့သည့် ဆယက်ဒ် ဟာရှင်မ် မအ်ရူဖ် အလ်ဟစန်နီ သည် လည်းပဲ မိမိ၏ စာအုပ် စီရသိုလ်အအေမဟ်အလ်အက်စ်နာအရှရ် တွင်လည်း ကာဇင်းမ် အမည် တွင်ကြောင်း ၊ အကြောင်းမှာ တစ်ဦးတစ်ယောက် ၏ ငွေကြေးလိုအပ်ချက်များ ကို မြင်ရတိုင်း ဖြည့် ဆည်းပေးသည့် အတွက်ကြောင့် ဖြစ်ပါတယ်။

အေမာမ် ကာဇင်းမ် (အ.စ) သည် ရန်သူများနှင့် မကောင်း ပြုသူများ နှင့်ပတ်သက်ပြီး မိမိ ၏ ‌ဒေါသ ကို ထိန်းချုပ် နိုင်ကြောင်း အကိုးအကား အရင်းအမြစ်များ အမျိုးမျိုး တွင် လာရှိပါသည်။ သာဓက အားဖြင့် အုမရ် ဘင်န် ခသွာဘ် ၏ မြေးများ မှ တစ်ဦးတစ်ယောက် သည် အေမာမ် ကာဇင်းမ် (အ.စ) ၏ ရှေ့ မှောက် တွင် အေမာမ် အလီ (အ.စ) အား စော်ကားခဲ့ပါသည်။ ထိုအခါ အေမာမ် ၏ အပေါင်းအဖော် များ မှ ထိုသူကို တိုက်ခိုက်ရန် ဆန္ဒ ရှိသော်လည်း အေမာမ် (အ.စ) မှ တားဆီး ပြီးနောက် ထိုသူ၏ လယ် ရှိရာ သို့သွားကြွမြန်းသွား ခဲ့ပါ တယ်။ ထိုသူမှ  အေမာမ် (အ.စ) ကို မြင်သည့် အခါ သူ၏ သီးနှံများကို မနင်းရန် အော်ဟစ်လေသည်။ အေမာမ် (အ.စ) မှ ထိုသူ ထံ ချဥ်း ကပ်ပြီး သင့် လယ်ယာ စိုက်ပျိုးရန် မည်မျှ သုံးစွဲခဲ့ပါ သနည်း? ဟု မေးလေ၏။ ထိုလူ မှ  ဒီနာ ၁၀၀ ဟုဖြေလေ၏။ ပြီးနောက်အေမာမ် (အ.စ)မှ  မည်မျှ ရိတ်သိမ်း နိုင်မည်ဟု မျှော်လင့်ကြောင်း မေးမြန်းလေ၏။ ထိုလူမှ ဖြေလေ၏။ ကျွန်တော် အကွယ် က ပညာ ကို မသိပါ။ အေမာမ် မှ ပြန် မိန့်တော်မူ ၏။ ကျွန်ုပ် အနေဖြင့် မည်မျှခန့် ရိတ်သိမ်း နိုင်မည်ဟု မျှော်လင့် ကြောင်း မေးခြင်းဖြစ် သည် ဟုမိန့်လေ၏။ ထိုလူမှ အဖြေပေး လေ၏။ ဒီနာ ၂၀၀ ။ အေမာမ် ထိုလူအား ဒီနာ ၃၀၀ ပေးပြီးနောက် ဤ ဒီနာ ၃၀၀ သည် အသင်အတွက် ဖြစ်ပါသည်။ ရိတ်ဖို့ကျန်တာလည်း အသင်အတွက် ဖြစ်ပါသည်ဟု မိန့်လေ၏။

ပြီးနောက် မတ်စ်ဂျစ်ဒ် (ဗလီ) သို့ ကြွမြန်း သွားလေ၏။ ထိုလူသည် အေမာမ် ထက်အလျင် မတ်စ်ဂျစ်ဒ် သို့ အရောက်သွား လေ၏။ ပြီးနောက် အေမာမ် (အ.စ) ကို မြင်သည်နှင့် ထရပ် ပြီး ဤအာယသ်တော် اللَّه أَعْلَمُ حَيْثُ يَجْعَلُ رِ‌سَالَتَهُ အဓိပ္ပာယ် မှာ အလ္လာဟ် ဟို အရှင်မြတ် သည်သာလျှင်  မိမိစေလွတ်ရမည့် တမန်တော် ဂုဏ်အား မည်သူကို ချီးမြှင့်ထိုက်သည်ကို အသိဆုံး အရှင်ပင် ဖြစ်တော်မူ၏။ (ကျမ်းတော်မြတ် ကုရ်အာန် စူရဟ် ၆ ၊ အာယသ်တော် အမှတ် ၁၂၄ ) အား ကျယ်လောင် စွာ သေလာဝသ် (ရွတ်ဖတ်) လေ၏၊

ရည်ညွှန်းများ

အာရဘီ ဘာသာ စကား ၊ ပါရှန်း (ဖွာရစီ ) ဘာသာစကား အခက်အခဲရှိသူများ နှင့် အတန်းပညာတတ်သူ ပရိတ်သတ်များ ဖတ်ရတာ လွယ်ကူအောင် ကျမ်းကိုးများ ၏ အသံ ထွက်ကို အင်္ဂလိပ် ဘာသာဖြစ် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါတယ်။

1.       Ibn Athir, Ali Ibn Muhammad, Al-Kamal fi al-Tarikh, Beirut, Dar al-Sadr, 1385 AH.

2.       Erbali, Ali Ibn Isa, Kashf al-Ghamma fi Marafah al-Ima, Qom, Razi, 1421 AH.

3.       Al-Hasani, Seyyed Hashem, The Life of the Twelver Imams, Najaf, Al-Maktab Al-Haydariyya, 1382 AH.

4.       Baghdadi, Khatib, History of Baghdad, Research: Mustafa Abdul Qadir Atta, Beirut, Dar al-Kitab al-Alamiya, 1417 AH.

5.       Sabat bin Jozi, Yusuf bin Ghazaughli, Tazkira al-khawas min umma fi zikr khaizat al-ayama, Qom, Manshurat Al-Sharif al-Razi, 1418 AH.

6.       Tabarsi, Fazl bin Hasan, Al-Alam Al-Wori Ba-Alam Al-Hadi, Qom, Al-Al-Bayt Institute, 1417 AH.

7.       Ghazali, Mohammad bin Mohammad, Ahya Ulum al-Din, Beirut, Dar al-Marafa.

8.       Qurashi, Baqer Sharif, Hayat al-Imam Musa bin Jafar (peace be upon him), Mehr Deldar, 1429 AH.

9.       Muhammad bin Nu'man, Al-Arshad fi Marafah Hajjullah Ali al-Abad, Congress of Sheikh Mofid, 1413 AH.

10.   Naraghi, Mohammad Mahdi, Al-Saadat Jame, Beirut, Al-Alami Institute of Press.