အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္လာနေ့

၂၅ မတ် ၂၀၂၄

၁၉:၀၉:၃၂
1446785

ဟီဂျရီ သက္ကရာဇ် ၃ ခုနှစ် လမြတ် ရမ်တွာန် ၁၅ ရက်နေ့ သည် အေမာမ် ဟစန်မွတ်ဂျ်သဗာ (အ.စ) ဟ မွေးနေ့ ရက်မြတ် မင်္ဂလာ နေ့ ၊ နေ့ မြတ်ဖြစ်ပါတယ်။ ဤ အတွက်ကြောင့် အေမာမ် (အ.စ) အကြောင်း အနည်းငယ် ဖော်ပြ လိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 

ဂျာဘေရ် ဘင်န် အဗ်ဒွလ္လာဟ် အန်ဆွာရီအာယသ်တော်  မှ ကျမ်းတော်မြတ် ကုရ်အာန် ၏ စူရဟ် နေစာ ၊အာယသ်တော် ၅၉ ဖြစ်သည့် «يا أَيُّهَا الَّذِينَ آمَنُوا أَطِيعُوا اللهَ وَ أَطِيعُوا الرَّسُولَ وَ أُولِي الْأَمْرِ مِنْكُمْ» ကျရောက်ပြီးနောက် အူလူလ်အမရ် ၏ အဓိပ္ပာယ် အား တမန်တော်မြတ် (ဆွ) ထံ မေးမြန်းလျှောက်ထား ရာ တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) အဖြေပေးမိန့်တော်မူ၏။

« သူတို့သည် ကျွန်ုပ်အား ဆက်ခံသူများ ဖြစ်ပါသည်။ပြီးနောက် ကျွန်ုပ်ပြီးနောက် မွတ်စလင်မ်များ၏ အေမာမ်များ ဖြစ်ကြပါသည်။ ၎င်းတို့ မှ ပထမဆုံးသူမှာ အလီ ဘင်န်အဘီသွာလစ်ဗ် (အ.စ) ဖြစ်ပါတယ်။  ၎င်းပြီးနောက် အစီအလိုက် ဟစန် (အ.စ)၊

ပြီးနောက် ဟိုစိုင်းန် (အ.စ) ၊

ပြီးနောက် အလီဘင်န် ဟိုစိုင်းန် (အ.စ) ၊

 ပြီးနောက် မိုဟမ္မဒ်ဘင်န် အလီ (အ.စ) ၊

ပြီးနောက် ဂျအ်ဖရ်ဘင်န် မိုဟမ္မဒ် (အ.စ) ၊

ပြီးနောက် မူစာဘင်န်ဂျအ်ဖရ် (အ.စ) ၊

ပြီးနောက် အလီဘင်န် မူစာ(အ.စ) ၊

ပြီးနောက်မိုဟမ္မဒ်ဘင်န် အလီ (အ.စ) ၊

ပြီးနောက် အလီဘင်န်မိုဟမ္မဒ် (အ.စ) ၊

ပြီးနောက် ဟစန်ဘင်န် အလီ (အ.စ)

ပြီးနောက်၎င်း၏သားတော် ကျွန်ုပ်နှင့်နာမည်တူ ကွန်နီယသ် တူ ဖြစ်ပါတယ်။ »

ရည်ညွှန်း - ကမာလွတ်ဒ်ဒီးန် ကျမ်း ၊ အတွဲ ၁ ၊ စာ မျက်နှာ ၂၅၃ နှင့် ၂၅၄

ဟစန်ဘင်န်အလီ (အ.စ) ဖြစ်ပါသည်။အေမာမ် ဟစန် မိုဂျ်သဗာ (အ.စ) ဆိုပြီး ကျော်ကြားပါသည်။ အေမာမ် အလီ(အ.စ) နှင့် ဟဇရသ် ဖွာတွေမဟ် (စ.အ) တို့ ၏သားတော် ဖြစ်ပြီး လမြတ်ရမ်တွာန် ၁၅ ရက်နေ့ ဟီဂျရီ သက္ကရာဇ် ၃ခုနှစ် တွင် မဒီနာ မြို့ တွင် မွေးဖွားခဲ့ပါတယ်။

ရည်ညွှန်း - အလ်အေရ်ရှာဒ် ကျမ်း ၊ အတွဲ ၂ ၊ စာမျက်နှာ ၄

ဖခမည်းတော် ရှဟီးဒ် ဖြစ်ပြီးနောက်၊ အေမာမ်ဟစန် (အ.စ.) သည် အလ္လာဟ် ဟို အရှင်မြတ် ၏ အမိန့်တော် နှင့် ဖခမည်းတော် ၏ သေတမ်း စာ အရ အေမာမ်မသ် တာဝန်ကို ထမ်းဆောင် လေသည်။ ခြောက်လခန့် မွတ်စလင်မ် များ ၏ ခလီဖဟ် အဖြစ် ရပ်ရွာအရေးကို စီမံခန့်ခွဲခဲ့ပါတယ်။

ရည်ညွှန်း - ရှီအဟ်ဒဲရ် အစ္စလာမ် ၊ စာမျက်နှာ ၂၀၅

ထိုအချိန်ကာလတွင် မိုအာဝေယဟ်ဘင်န် အဘစိုဖီယန် သည်အေမာမ်ဟစန်(အ.စ)ခေလာဖသ်စိုက်သည့် အီရတ် သို့ စစ်ဆင်ခဲ့ပါ သည်။ပြီးနောက် အေမာမ် ဟစန်(အ.စ)တပ်၏ အကြီးအကဲများ (ဗိုလ်ချုပ်များ) ကို လှည့်ဖျား လှည့်စားပြီး ၎င်းတို့အား အေမာမ် ဟစန်(အ.စ) ပုန်ကန်အောင်ပြုပါသည်။ဤသို့ဖြစ် အေမာမ် ဟစန် (အ.စ)သည် မတတ် နိုင်သည့် အဆုံး ငြိမ်းချမ်းရေး စာချုပ် ချုပ်ဆိုရန် နှင့် ခေလာဖသ် ဇွဟေရီ (လက်ရှိအုပ်ချုပ်ရေး) ကို ( မိုအာ‌ ဝေယဟ်သေဆုံး ပြီးနောက်ထပ်၍ တဖန်အေမာမ်ဟစန် (အ.စ) ခေလာဖသ်ပြန်ပေးရန် ၊ အေမာမ်ဟစန် (အ.စ) ၏ ဆွေမျိုး သားချင်းများ၊ အိမ်သူ၊အိမ်သား များ ၊ အေမာမ် ၏ ရှီအဟ်များ ဘေးကင်း ရမည်ဆိုသည့် စည်ကမ်း သတ်မှတ် ချက်)ဖြင့် မိုအာဝေယဟ်အား ခေလာဖသ်လွဲပေးခဲ့ပါတယ်။

ရည်ညွှန်း - ရှီအဟ်ဒဲရ် အစ္စလာမ် ၊ စာမျက်နှာ ၂၀၅ နှင့် ၂၀၆

အေမာမ် ဟစန် (အ.စ) သည် အေမာမ်မသ်တာဝန် ကို ၁၀ နှစ်ကြာ အမှုထမ်းခဲ့ပြီး(49)ဆဖရ်လ ၂၈ ရက်နေ့ ဟီဂျရီ ၅၀ ခုနှစ်တွင် မိုအာဝေယဟ်၏ လှုံ့ဆောင် မှုကြောင့် အေမာမ်ဟစန် (အ.စ) ၏ ဇနီးဖြစ်သူ ဂျိုအ်ဒဟ်၏ အဆိပ်ခတ်လုံကြံမှုကြောင့် ရှဟီးဒ် ဖြစ်ခဲ့ရပါသည်။ ကဗဲရ်စတန် ဗကီးအ် တွင်ဒဖနဟ် ထားပါတယ်။

ရည်ညွှန်း - အအ်လာန်မိုလ်ဝရာ ကျမ်း  ၊ စာမျက်နှာ ၂၀၆

အေမာမ်ဟစန်သည် (အ.စ) ကေစာပိုင်ရှင် များ မှ တစ်ပါးဖြစ်ပါတယ်။ မိုဗဟေလဟ် ဖြစ်ရပ်မှန် တွင် လည်း ကိုယ်တိုင် ပါဝင် ခဲ့သူ ဖြစ်ပါတယ်။ အေမာမ် ဟစန်(အ.စ) သည် အဲဟ်လေ့ဘိုက်(သ) (အ.စ) ဝင်များ မှ တစ်ပါးဖြစ်ပြီး အာယသ်သေ သသွဟီးရ် တွင် ပါဝင်သူဖြစပါတယ်။

ရည်ညွှန်း -အလ်ကာဖီ ကျမ်း  ၊ အတွဲ ၁ ၊ စာမျက်နှာ ၂၈၇ ၊ အလ်အေရ်ရှာဒ် ကျမ်း ၊ အတွဲ ၁ ၊ စာမျက်နှာ ၁၆၈

****************************************************************

END / 251