အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္လာနေ့

၈ ဧပြီ ၂၀၂၄

၂၀:၂၃:၄၈
1450097

အဲဟ်လေ့ဘိုက်(သ) (အ.စ) တွင် တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) ၏ ကြင်ယာတော်များ ပါ? မပါ? ဆဟီးဟ် မွတ်စလင်မ် ကျမ်း အား မေးမြန်း ခြင်း

ကိုယ်တော်မြတ် မိုဟမ္မဒ် (ဆွ) ၏ အဲဟ်လေ့ဘိုက်(သ) (အ.စ) တွင် ကြင်ယာတော် ပါ? မပါ ?နှင့် ပတ်သက်ပြီး ရှီအဟ် မွတ်စလင်မ်များ နှင့် စွန်နီ မွတ်စလင်မ်များတွင် ကွဲလွဲမူ လာရှိပါတယ်။ ဤနေရာ တွင် အဲဟ်လေ့ဘိုက်(သ) (အ.စ) ဆိုသည် မှာ ကျမ်းတော်မြတ် ကုရ်အာန် ၏ စူရဟ် ၃၃ ၊ အာယသ်တော် အမှတ် ၃၃ ကို ဆိုလိုခြင်း ဖြစ်ပါတယ်။ ရှီအဟ်များ အနေဖြင့် ကိုယ်တော်မြတ် မိုဟမ္မဒ် (ဆွ) ၏ အဲဟ်လေ့ဘိုက်(သ) (အ.စ) တွင် ကြင်ယာတော် မပါ ဟု ဆိုကြပါတယ်။ စွန်နီများ အနေဖြင့် ကိုယ်တော်မြတ် မိုဟမ္မဒ် (ဆွ) ၏ အဲဟ်လေ့ဘိုက်(သ) (အ.စ) တွင် ကြင်ယာတော် ပါသည်ဟု ဆိုကြပါတယ်။ ဤအတွက်ကြောင့် ဘက်မလိုက်ဘဲ အစွန်းမရေကာက်ဘဲ စွန်နီ တို့ ၏ ဆဟီးဟ် ကျမ်းကြီး ၆ ကျမ်း မှ ဒုတိယကျမ်း ဖြစ်သည့် ဆဟီးဟ် မွတ်စလင်မ် ၏ ဟဒီးစ်တော် တစ်ပုဒ် အား သေချာလေ့လာ လျင် မှန်ကန် သည့် အဖြေ ထွက်လာမည် ဖြစ်ပါ၍ တင်ပြလိုက်ပါ တယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အဲဟ်လေ့ဘိုက်(သ) (အ.စ) တွင် တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) ၏ ကြင်ယာတော်များ ပါ ? မပါ ? ဆိုသည့် မေးခွန်း အတွက် အဖြေအား ဘက်မလိုက်ဘဲ  အစွန်းမရေကာက်ဘဲ စွန်နီ တို့ ၏ ဆဟီးဟ် ကျမ်းကြီး ၆ ကျမ်း မှ  ဒုတိယကျမ်း ဖြစ်သည့် ဆဟီးဟ် မွတ်စလင်မ် ၏ ဟဒီးစ်တော် တစ်ပုဒ် အား သေချာလေ့လာ လျင် မှန်ကန် သည့် အဖြေ ထွက်လာမည် ဖြစ်ပါတယ်။

ဆဟီးဟ် မွတ်စလင်မ် ၏ ဟဒီးစ်တော် မှာအောက်ပါအတိုင်း ဖြစ်ပါတယ်။

كِتَاب فَضَائِلِ الصَّحَابَةِ

4. باب مِنْ فَضَائِلِ عَلِيِّ بْنِ أَبِي طَالِبٍ رَضِيَ اللَّهُ عَنْهُ:

حدیث نمبر: 6228

حَدَّثَنَا مُحَمَّدُ بْنُ بَكَّارِ بْنِ الرَّيَّانِ ، حَدَّثَنَا حَسَّانُ يَعْنِي ابْنَ إِبْرَاهِيمَ ، عَنْ سَعِيدٍ وَهُوَ ابْنُ مَسْرُوقٍ ، عَنْ يَزِيدَ بْنِ حَيَّانَ ، عَنْ زَيْدِ بْنِ أَرْقَمَ ، قَالَ: دَخَلْنَا عَلَيْهِ، فَقُلْنَا لَهُ: لَقَدْ رَأَيْتَ خَيْرًا لَقَدْ صَاحَبْتَ رَسُولَ اللَّهِ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ وَصَلَّيْتَ خَلْفَهُ، وَسَاقَ الْحَدِيثَ بِنَحْوِ حَدِيثِ أَبِي حَيَّانَ، غَيْرَ أَنَّهُ قَالَ: أَلَا وَإِنِّي تَارِكٌ فِيكُمْ ثَقَلَيْنِ أَحَدُهُمَا كِتَابُ اللَّهِ عَزَّ وَجَلَّ، هُوَ حَبْلُ اللَّهِ مَنِ اتَّبَعَهُ كَانَ عَلَى الْهُدَى، وَمَنْ تَرَكَهُ كَانَ عَلَى ضَلَالَةٍ وَفِيهِ، فَقُلْنَا: مَنْ أَهْلُ بَيْتِهِ نِسَاؤُهُ؟ قَالَ: لَا وَايْمُ اللَّهِ إِنَّ الْمَرْأَةَ تَكُونُ مَعَ الرَّجُلِ الْعَصْرَ مِنَ الدَّهْرِ، ثُمَّ يُطَلِّقُهَا، فَتَرْجِعُ إِلَى أَبِيهَا وَقَوْمِهَا أَهْلُ بَيْتِهِ أَصْلُهُ، وَعَصَبَتُهُ الَّذِينَ حُرِمُوا الصَّدَقَةَ بَعْدَهُ.

 

ဖဇွာအေလေဆ်ဆွဟာဗဟ် အခန်း

၄။ ဖဇွာအေလေ အလီယစ်ဗ်နေအဘီသွာလစ် ရဇီယလ္လာဟ်ဟိုအန်နဟို အခန်း

ဟဒီးစ်တော် အမှတ် - ၆၂၂၈

အဓိပ္ပာယ် စကားပြေ

စအီးဒ်ဘင်န် မတ်စ်ရူက် မှ ယဇီးဒ်ဘင်န် ဟိုင်းယာန်ထံ မှ တဆင့် ၊ ၎င်းမှ ဇိုင်ဒ်ဘင်န် အရ် ကန်မ် (ရဇီယလ္လာဟ်ဟိုအန်နဟို ) ထံ မှတဆင့် ရီဝါယသ်တော် အား ဆင့်ပြန်ထားပါသည်။ ပြောကြားသည်မှာ - ကျွန်ုပ်တို့ အနေဖြင့် ၎င်း ( ဇိုင်ဒ်ဘင်န် အရ် ကန်မ် (ရဇီယလ္လာဟ်ဟိုအန်နဟို ) ထံ ရောက်လာပြီးနောက် ၎င်းအား ပြောကြားကြပါသည်။ လူကြီးမင်းသည် ရစူလွလ္လာဟ် ဆွလ္လာဟ်ဟိုအလိုင်းဟေဝစလာမ် နှင့် အတူနေခဲ့သူ ဖြစ် ပါသည်။ ကိုယ်တော်မြတ် (ဆွ) နောက်မှ နမာဇ် လိုက်၍ ဝတ်ပြုခဲ့သူ ဖြစ်ပါသည်။ ပြီးနောက် အဘူဟိုင်းယာန် ကဲ့သို့ ဟဒီးစ်တော် အားတင်ပြပါသည်။ သို့သော်၎င်းအနေဖြင့် ( ဤကဲ့သို့) မိန့်ကြားပါသည်။ ရစူလွလ္လာဟ် ဆွလ္လာဟ်ဟိုအလိုင်းဟေဝစလာမ် မိန့်ကြားတော်မူ ပါသည်။  «  ကြည့်ပါ ။ သင်တို့အကြား ကြီးကျယ်မြင့်မြတ် သည့် အရာ နှစ်ခု အား ထားပေးခဲ့ပါမည်။ တစ်ခု မှာ အလ္လာဟ်၏ ကျမ်းတော်မြတ် ဖြစ်ပါသည်။ ထို ကျမ်းတော်မြတ် သည် အလ္လာဟ် ၏ ကြိုးတော် ဖြစ်ပါသည်။ (ထိုကြိုးတော်အား ဆုပ်ကိုင်ထားပါလေ။ ) ဤ(ကျမ်းတော်မြတ်(ခ) အလ္လာဟ်၏ကြိုးတော်) နောက် လိုက်နာကျင့်သုံးမည်ဆိုလျင် ဖြောင့်မတ်မှန်ကန်သည့် လမ်း ကြောင်းပေါ်တွင် ရှိနေပေမည်။ ၎င်းအား လွတ်လိုက်သူသည် လမ်းလွဲလမ်းမှား ပေါ်တွင်ရှိပေမည်။  » ပြီးနောက် ဤဟဒီးစ်တော်တွင်ကျွန်ုပ်တို့ အနေဖြင့် ကိုယ်တော်မြတ် (ဆွ) ၏ အဲဟ်လေ့ဘိုက်(သ) (အ.စ) သည် မည်သူများဖြစ်ပါသနည်း? ကိုယ်တော်၏ ကြင်ယာတော်များ(သာ) ဖြစ်ကြပါသနည်း ? ဟုမေးမြန်းလျှောက် ထားပါသည်။ ထိုအခါ ကိုယ်တော်မြတ် (ဆွ) မှ အဖြေပေးမိန့်တော်မူ၏။ မပါပါ။ အလ္လဟ်ဟိုအရှင်မြတ် အား ကစမ်ဆိုပါသည်။ အမျိုးသမီး (ဇနီး၊ကြင်ယာတော်) အနေဖြင့် မိမိ ယောက်ကျား နှင့် အတူ နေသည့် ကာလအကြာကြီးနေထိုင်ပါသည်။ ပြီးနောက်ယောက်ကျား မှ သွလာက်(ကွာရှင်းပြတ် စဲ ) ပေးပါသည်။ ထိုအခါ သူမသည် မိမိ ၏ ဖခင် နှင့် မိမိ လူမျိုး ထံ ပြန်လည် သွားပေသည်။ ကိုယ်တော်မြတ် (ဆွ) နောက် ကိုယ်တော် (ဆွ) ၏ အဲလေ့ဘိုက်(သ) (အ.စ) သည် ကိုယ်တော်၏ အိမ်တော်သူအိမ်တော်သားများ ဖြစ်ကြပါသည်။ ထို အိမ်တော်သူအိမ်တော်သားများအတွက် ဆဒ်ကဟ် ဟရာမ် ဖြစ်ပါသည်။

 

သင်ခန်းစာများ

(၁) ကျမ်းတော်မြတ်ကုရ်အာန် သည် အလ္လာဟ် ၏ ကျမ်း ဖြစ်ပြီး အလ္လာဟ်၏ ကြိုးတော်ဖြစ်ပါသည်။

(၂) ဟဒီးစ်တော်တွင် လာ ရှိသည့် ကြီးကျယ်မြင့်မြတ် သည့် အရာ နှစ်ခု မှာ ကျမ်းတော်မြတ်ကုရ်အာန် နှင့် ကိုယ်တော်မြတ် (ဆွ) ၏ အဲဟ်လေ့ဘိုက်(သ) (အ.စ) ဖြစ်ပါတယ်။

(၃) ဟဒီးစ်တော် တွင် အဲဟ်လေ့ဘိုက်(သ) (အ.စ) ၌ ကိုယ်တော်မြတ်(ဆွ) ၏ ကြင်ယာတော်များသည် အဲဟ်လေ့ဘိုက် (သ) (အ.စ) တွင်ပါမပါ မေမြန်းထားရာ ကိုယ်တော်(ဆွ) မှ မပါကြောင်း အတိအကျ အဖြေပေးမိန်းထားပါသည်။

(၄) ကြင်ယာတော်၊ဇနီးတော်ဆိုသည်မှာ ကိုယ်တော်မြတ်(ဆွ) ၏နေကဟ် တွင်ရှိနေသမျှ ကာလပတ်သာ အတူရှိနေမည် ဖြစ်ကြောင်း ဆွလာက် ဖြစ်ခဲ့လျင် အဆက်အသွယ်ဖြတ်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။ ကိုယ်တော်မြတ် (ဆွ) သည် မိမိ ၏ ကြင်ယာတော်များ ကို ဆလာက် ပေးခဲ့ မခဲ့ဆိုသည်မှာ ခေါင်းစဥ် နောက် တစ်ခုဖြစ်ပါသည်။

(၅)ကိုယ်တော်မြတ် (ဆွ) ၏  အဲဟ်လေ့ဘိုက်(သ) (အ.စ) အပေါ် ဆဒ်ကဟ် ဟရာမ် ဖြစ်ပါတယ်။

မှတ်ချက် - ဤဟဒီးစ်တော် အရ ကိုယ်တော်မြတ် (ဆွ) ၏ ကြင်ယာတော်များ သည် အဲဟ်လေ့ဘိုက်(သ) (အ.စ) တွင် မပါဝင်ကြသဖြင့် ၎င်းတို့ကို စော်ကားရန် ၊ မလေမစားပြုရန် သဘောကိုမဆောင်ထားချေ။ အဲဟ်လေ့ဘိုက်(သ) (အ.စ) နှင့် ကိုယ်တော်မြတ် (ဆွ) ၏ ကြင်ယာတော်များ အား သူနေရာနှင့်သူထားလေးစား ရိုသေရပါမည်။ ကိုယ်တော်မြတ် (ဆွ) ၏ ကြင်ယာတော်များ တွင် ကိုယ်တော်မြတ် (ဆွ) အချစ်ဆုံး နှင့် အမွန်မြတ်ဆုံးမှာ ဟဇရသ် ခဒီဂျဟ် (စ.အ) ဖြစ်ကြောင်း သိထားရပေမည်။

****************************************************************

END / 251