၁ ဇူလိုင် ၂၀၂၄ - ၀၈:၁၆
ပါလက်စတိုင်း အဖွဲ့အစည်းများက နယ်ချဲ့ အစ္စရေး ဇီယွန်ဝါဒီ စစ်တပ်ကို တိုက်ခိုက်

ပါလက်စတိုင်းတော်လှန်ရေးအဖွဲ့အစည်းများသည် ဂါဇာရှိ နယ်ချဲ့ အစ္စရေး ဇီယွန်ဝါဒီစစ်တပ်ကို တိုက်ခိုက်ခဲ့ပြီး Merkava တင့်ကားအပါအဝင် ကာကွယ်ရေးပစ္စည်းများကို ဖျက်ဆီးခဲ့ကြောင်းသိရှိရပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဂါဇာကမ်းမြောင်ဒေသကို နယ်ချဲ့ အစ္စရေးက ရှစ်လကြာ လူမဆန်သည့် တိုက်ခိုက်မှုများ ခံနေရ သော်လည်း ပါလက်စတိုင်း၏ ခုခံမှုမှာ အားကောင်းနေသည်ဟု ပါလက်စတိုင်းမီဒီယာကို ကိုးကား၍ Maher သတင်းအေဂျင်စီက ဖော်ပြခဲ့ပါတယ်။

ဟားမတ်စ် နှင့် ဂျေဟာဒ် ဒေအစ္စလာမ်မီ လှုပ်ရှား မှု အဖွဲ့ တို့သည် ဇီယွန်ဝါဒီတပ်များ နှင့် စစ်စခန်းများကို အခါအားလျော်စွာ တိုက်ခိုက်နေကြောင်း သိရှိရပါတယ်။

နောက်ဆုံးဖြစ်ရပ်တွင် ဂျေဟာဒ် ဒေအစ္စလာမ်မီ လှုပ်ရှား မှု အဖွဲ့  ၏ စစ်တောင်ပံ ကွတ်ဒ်စ် တပ်မဟာ မှ သိမ်းပိုက်ထားသော နယ်မြေရှိ နာဟလ် ရှိ ဇီယွန် ဗဟို စစ်စခန်းအား ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ပါတယ်။

အခြားတစ်ဖက်တွင်မူ ဂါဇာရှိ သလ်အလ်ဟဝီ မြို့၌ နယ်ချဲ့ အစ္စရေး ဇီယွန်စစ်တပ်၏ သံချပ်ကာယာဉ် နှင့် ဘူဒိုဇာ တစ်စီးကို  ယာစင်န် ၁၀၅ မော်တာကျည်ထိမှန်ခဲ့ ကြောင်း အယ်လ်ကာစင်မ် တပ်မဟာက ပြောကြား ခဲ့ပါတယ်။

အလ်ကာစင်မ်တပ်မဟာ ၏ဒုတိယမြောက်တိုက်ခိုက်မှုတွင် နယ်ချဲ့ အစ္စရေး ဇီဠွန် စစ်တပ် ၏ Merkava တင့်ကားနှစ်စီးကို  အလ်ရှိုဂျာအီယဟ် ဒေသ တွင်ဖျက်ဆီးခဲ့ကြောင်း သိရှိရပါတယ်။

တစ်ချိန်တည်းတွင် အုမရ်ရိုလ်ကာစင်မ် တပ်မဟာ နှင့်  မှ မိုဂျာဟစ်ဒ်ဒီးန် နေ အလ်အက်ဆွာ တပ်မဟာ တို့၏ ပူးပေါင်း စစ်ဆင်ရေးအတွင်း နယ်ချဲ့ အစ္စရေး ဇီယွန်စစ်တပ်၏ တပ်ဆင်မှုများကို ပျက်စီးစေခဲ့ကြောင်း သိရှိ ရပါတယ်။

ကမ္ဘာအင်အားအကြီးဆုံး အမေရိကန် နိုင်ငံ ၏ အထူးမဟာမိတ်  ဖြစ်သည့် နယ်ချဲ့ အစ္စရေး ဇီယွန်စစ်တပ် လက်နက်အင်အား ငွေအင်အား လူအင်အား အဆပေါင်းများ စွာ ကြီးမားနေလျက် သောင်း ဂဏာန်း သာ ရှိသည့် ပါလက်စတိုင်း ၏ ဟားမတ်စ်  အဖွဲ့ငယ် လေး ကို ရှစ်လ ကျော် လာသည့် အထိ နိုင်အောင် မတိုက်နိုင် ခြင်း မှာ သံဝေဂ ယူစရာ နှင့် မှတ်သားစရာ ဖြစ်ပါတယ်။

.......................................................

END / 251