အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Hawza News Agency ၏ သတင်း အထောက်အထားများ အရ အာယာသွလ္လာဟ် မိုဟမ္မဒ် ဟစန် ဆာဖီ ဂိုလ်ဗိုင်ဂန်နီ အနေဖြင့် မုဟော်ရမ် နှင့် ဟဇရသ် အဘာအဗ်သွလ္လာဟ် အလ်ဟိုစိုင်းန် (အ.စ) ၏ အဇါဒါရီ ရက်များ နီးလာသည့် အချိန် အခါ တွင် မိုအ်စစေ ဒါရိုဇ် ဇဲဟ်ရာ (စ.အ) ၏ သာသနာ့ပြု ဆရာများ ကို မိန့်ကြားရင်း မုဟ်ေရမ်လာသည် နီးလာပြီးဖြစ်ကြောင်း မိုအ်မေနီးန် များ အား အေမာမ် ဟိုစိုင်းန် (အ.စ) အတွက် ဝမ်းနည်း မှု ပြုရတွင် တောင်းတ ကြမည် ကို နောက်တစ် ကြိမ်ထပ်၍ မြင်ရမည် ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။
ဆက်လက်ပြီး မဟာတမန်တော် မြတ် (ဆွ) မိန့်ကြားခဲ့သည့် إِنَّ لِقَتْلِ الْحُسَیْنِ حَرَارَهً فِی قُلُوبِ الْمُومِنِینَ لَا تَبْرُدُ أَبَد (ဧကန်မုချ အေမာမ် ဟိုစိုင်းန် (အ.စ) အား သတ်ဖြတ်ခြင်းသည် မိုအ်မင် များ၏ နှလုံးသားထဲတွင် ပူလောင်နေပြီး ၎င်းသည် ထာဝရ အေးငြိမ်းသွားလိမ့်မည် မဟုတ်ချေ။ ) အတိုင်း ဖြစ်ကြောင်း ထို အတွက်ကြောင့် နှစ်စဥ် နှစ်တိုင်း မုဟော်ရမ် လ ရောက်လာသည် နှင့် အဇါဒါရီပြုလုပ်သူများ မာသမ်ပြုလုပ်သူများ ၏ ဘုန်းကျက်သရေ တိုးမြှင့် လာကြောင်း လူထု အတွင်း ကြီးမားသည် ပြောင်းလဲမှုများ ပေါ်ပေါက်လာကြောင်း ကို မြင်တွေ့ ရကြောင်း မိန့်ကြားခဲ့ပါတယ်။
ဟောင်ဇေအေလ်မီယေ ၏ ဆရာတော် တစ်ပါး ဖြစ်သည့် အာယာသွလ္လာဟ် မိုဟမ္မဒ် ဟစန် ဆာဖီ ဂိုလ်ဗိုင်ဂန်နီ မှ ဆက်လက်ပြီး မုဟော်ရမ် သည် အစ္စလာမ်ဘာသာနှင့် ရှီအဟ် ရန်သူများ၏ ပူးပေါင်းကြံစည်မှုများကို ချေမှုန်းသည့် လဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။
အစ္စလာမ် နှင့် ရှီအဟ် ရန်သူများ အနေဖြင့် အစ္စလာမ် နှင့် ရှီအဟ် လူငယ်များ ကို လမ်းလွှဲပြီး လမ်းလွဲဖို့ နည်း ဗျူဟာ တိုင်းကို အသုံးပြုနေတာကြောင့် ဤ မုဟော်ရမ် လ မှာ လူငယ်များ ကို အထူးအာရုံစိုက်ပြီး လေ့ကျင့် မှု တွေ လုပ်ဆောင်သင့် ကြောင်း ဆက်လက် မိန့်ကြားခဲ့ပါတယ်။
အာယာသွလ္လာဟ် မိုဟမ္မဒ် ဟစန် ဆာဖီ ဂိုလ်ဗိုင်ဂန်နီ အနေဖြင့် ဆက်လက်ပြီး ဤ မုဟော်ရမ် ဆဘ်ရက် သည် သာသနာ့ ကျောင်းသား၊ကျောင်းသူများ ၊သာသနာ့ပြု ဆရာများ အတွက် အကောင်းဆုံးအခွင့်အရေးဖြစ်ပြီး ကျွန်ုပ်တို့၏အစီအစဉ်များတွင် ဟိုစိုင်းန်နီ ကျောင်းတော်များ (မဂျ်လစ်များ၊အလံလှည့်ခြင်းများ စသည်ဖြင့် ) ကို အသုံးပြု၍ ဟိုစိုင်းန်နီ ကျောင်းတော် အား တိုးတက် အောင်မြင် အောင် ပြုရမည် ဖြစ်ကြောင်း မိန့်ကြားခဲ့ပါ တယ်။
.......................................................
END / 251