အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာန၏ တနင်္ဂနွေနေ့တွင် ထုတ်ပြန်ချက်အရ လွန်ခဲ့သော ၂၄ နာရီအတွင်း ဇီယွန်တပ်များက ဂါဇာကမ်းမြောင်ဒေသရှိ ပြည်သူများကို သတ်ဖြတ်မှု ၂ မှု ဖြစ်ပွား ခဲ့ပြီး လူ ၃၃ ဦး သေဆုံးကာ ၁၁၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။
ဤအစီရင်ခံစာအရ ၂၀၂၃ ခုနှစ် အောက်တိုဘာလ 7 ရက် နှင့် အလ်အက်ဆွာ မုန်တိုင်းစစ်ဆင်ရေးစတင်ချိန်နှင့် တပြိုင်နက် ဂါဇာကမ်းမြောင်တွင် လူ ၃၉၅၆၃ ဦး ရှဟီးဒ် ဖြစ်ခဲ့ပြီး ၉၁၃၉၈ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ဤအစီရင်ခံစာအရ ရှဟီးဒ်ဖြစ်သူများ ထဲမှ တချို့ဟာ အပျက်အစီးတွေအောက်မှာ ရှိနေဆဲဖြစ်ပြီး ကယ်ဆယ် ရေးနဲ့ အရပ်ဘက် ကာကွယ်ရေး တပ်ဖွဲ့တွေက သူတို့ရဲ့ ရုပ်အလောင်းတွေကို လက်လှမ်းမမီ သေး ကြောင်း သိရှိရပါတယ်။
.......................................................
END / 251