အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၂၈ ဩဂုတ် ၂၀၂၄

၂၀:၂၉:၂၆
1481464

အေမာမ်ဟိုစိုင်းန် (အ.စ) အပေါ် အချစ်ထား ခြင်း နှင့် မုန်းတီးခြင်း ဆိုင်ရာ စံမှတ်ကျောက်

အေမာမ် ဂျအ်ဖရ် ဆွာဒစ်က် (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် အေမာမ်ဟိုစိုင်းန် (အ.စ) အပေါ် အချစ်ထား ခြင်း နှင့် မုန်းတီးခြင်း ဆိုင်ရာ စံမှတ်ကျောက် နှင့်ပတ်သက်ပြီး မိန့်တော် မူထား ပါတယ်။ ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 

ဝစာအေလွတ်ရှ်ရှီအဟ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 

قال الامام الصادق (عليه السلام)

عَنْ أَبِی عَبْدِ اللَّهِ علیه السلام قَالَ مَنْ أَرَادَ اللَّهُ بِهِ الْخَیْرَ قَذَفَ فِی قَلْبِهِ حُبَّ الْحُسَیْنِ علیه السلام وَ حُبَّ زِیَارَتِهِ وَ مَنْ أَرَادَ اللَّهُ بِهِ السُّوءَ قَذَفَ فِی قَلْبِهِ بُغْضَ الْحُسَیْنِ علیه السلام وَ بُغْضَ زیارته.

 

အေမာမ် ဂျအ်ဖရ် ဆွာဒစ်က် (အလိုင်ဟစ်စလာမ်)  မိန့်တော် မူ၏။

« အလ္လာဟ်အရှင်မြတ်သည် မိမိ၏ ဗန်ဒဟ် တစ်ဦး တစ်ယောက် အတွက် ကောင်းစေလိုသောအခါ ၎င်း၏ နှလုံးသားတွင် အေမာမ် ဟိုစိုင်းန် (အ.စ) နှင့် အေမာမ် (အ.စ) ၏ ဇေယာရသ် ပြုခြင်း ကို နှစ်သက်မြတ်နိုး ခြင်း  ကို ထည့် ပေးသနားတော် မူပါသည်။ တစ်ဦး တစ်ယောက် အတွက် မကောင်းမှုကို လိုလားသည့် အခါ ၎င်း၏ နှလုံးသားတွင် အေမာမ် ဟိုစိုင်းန် (အ.စ) နှင့် အေမာမ် (အ.စ) ၏ ဇေယာရသ် ပြုခြင်း ကို မုန်းတီး ခြင်း  ကို ထည့် တော် မူပါသည်။ »

ကျမ်းကိုး ။ ။ ဝစာအေလွတ်ရှ်ရှီအဟ် ကျမ်း ၊အတွဲ ၁၄ ၊ စာမျက်နှာ၄၉၆

မှတ်ချက်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး သုံးသပ်ရမည်ဆိုလျှင် ကျနော် တို့ အနေဖြင့်  အေမာမ် ဟိုစိုင်းန် (အ.စ) ကို ချစ်မြတ် နိုးပြီး အေမာမ် (အ.စ) ၏ ဇေယာရသ် ပြုခြင်းကို နှစ်သက်မည်ဆိုလျင် အလ္လာဟ် ဟို အရှင်မြတ် အားကျေးဇူး တင်ရှိရမည် ဖြစ်ပါတယ်။ ပြီးနောက် သက်ဆုံးတိုင် အလ္လာဟ် ထံ ဤ ကဲ့သို့ ရပ်တည်နိုင်ရန် ပိုမို၍ ရပ်တည် နိုင် ရန် ဒိုအာ တောင်းရမည် ဖြစ်ပါတယ်။

****************************************************************

END / 251