အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဘေဟာရိုလ်အန်နဝါရ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال الامام الصادق (عليه السلام)
مَن لَم يَأتِ قَبرَ الحُسينِ عليه السلام حتّى يَمُوتَ كانَ مُنتَقَصَ الدِّينِ، مُنتَقَصَ الإيمانِ و إن اُدخِلَ الجَنَّةَ كانَ دُونَ المؤمنينَ في الجَنَّةِ.
အေမာမ် ဂျအ်ဖရ် ဆွာဒစ်က် (အလိုင်ဟစ်စလာမ်) မိန့်တော် မူ၏။
« အကြင်မည်သူ မဆို အေမာမ် ဟိုစိုင်းန် (အ.စ) ၏ ဇေယာရသ် မပြု ဘဲ ကွယ်လွန် သွားမည် ဆိုလျင် ၎င်း ၏ သာသနာ နှင့် အီမာန် သည် မပြည့်စုံမည် ဖြစ်ပါသည်။ အကယ်၍ ဂျန္နသ် သုခဘုံ တွင် ဝင်ရောက် စံမြန်း ရမည် ဆိုလျင် ၎င်း၏ အဆင့်အတန်း သည် မိုအ်မေနီးန် ၏ အဆင့်အတန်း ထက် နိမ့်ကျမည် ဖြစ်ပါသည်။»
ကျမ်းကိုး ။ ။ ဘေဟာရိုလ်အန်နဝါရ် ကျမ်း ၊ ၁၄ / ၄ / ၁၀၁
မှတ်ချက် - အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး သုံးသပ်ရမည်ဆိုလျှင် ကျနော် တို့ အနေဖြင့် အေမာမ် ဟိုစိုင်းန် (အ.စ) ၏ ဇေယာရသ် ကို အနီးကပ် (ရောင်ဇာတော် အထိ ရောက်အောင် သွား၍ ) ပြုခြင်း နှင့် အဝေး မှ ဇေယာရသ် ( ဇေယာရသ် ဝါရေစာ၊ ဇေယာရသ် အာရှုရာ စသည်ဇေယာရသ်များဖတ်ခြင်း) ပြုခြင်းတို့ကို ပြုနိုင်အောင် ကြိုးပမ်းရမည် ဖြစ်ပါတယ်။ ပြီး နောက် မိမိ အကြောင်း အမျိုးမျိုးကြောင့် အေမာမ် ဟိုစိုင်းန် (အ.စ) ၏ ရောင်ဇာတော် အထိ မသွား နိုင်ခဲ့ လျင် သွားသည့် သူများ ထံ မိမိဘက်မှ ကိုယ်စား ဇေယာရသ် ပြုပေးရန် မေတ္တာ ရပ်ခံ တောင်းဆို ရမည် ဖြစ်ပါတယ်။ အေမာမ် ဟိုစိုင်းန် (အ.စ) ၏ ရောင်ဇာတော် အထိ သွားရန် ငွေများ ကို ဟလာလ် ဖြစ်ဖို့ ဟရာမ်ငွေများ မဖြစ်ဖို့ အထူး ဂရု ပြုရပါမည်။ အကယ်၍ ဟလာလ်ငွေလည်း ဖြစ် ခွမ်းစ် လည်း ထုတ်ထားသည့် ငွေ ဖြစ်မည် ဆိုလျင် နေနှင့်လ ၊ရွှေနှင့်မြ ပင် ဖြစ်ပါတယ်။ ကမ္ဘာ ပေါ်ရှိ အေမာမ် ဟိုစိုင်းန် (အ.စ) ကို အချစ်ထားသူ တိုင်း နှစ်စဥ် သို့မဟုတ် နှစ်ခြားတွေ သို့မဟုတ် အနည်းဆုံး တစ်သက်လျင် တစ်ကြိမ် အေမာမ် ဟိုစိုင်းန် (အ.စ) ၏ ရောင်ဇာတော် အထိ သွား၍ ဇေယာရသ် ပြုခွင့် ရပါစေ ဟု ဒိုအာ ပြုပါတယ်။ ပြီးနောက် နေ့စဥ် သို့မဟုတ် ကြာသပတေး ညတိုင်း ဇေယာရသ် ဝါရေစာ၊ ဇေယာရသ် အာရှုရာ စသည် ဇေယာရသ်များ ဖတ်ခြင်း ကိုလည်း ပြုရမည် ဖြစ်ပါတယ်။ အနီးကပ်ဇေယာရသ် ဖြစ်စေ အဝေး မှ ဇေယာရသ် ပြုသည့် ဖြစ်စေ ဇေယာရသ် ပြုတိုင်း မိမိ၏ မိဘ နှစ်ပါး ၊ ဆွေမျိုးသားချင်းများ ၊ မိုအ်မင်များ အားလုံး ကို သတိရ ပြီး ၎င်းတို့အားလုံး အသက်ရှင်နေသည် ဖြစ်စေ မရ်ဟွန်မ်များ ဖြစ်သွားသည် ဖြစ်စေ ကိုလည်း ဤဆဝါးဗ် တွင် ပါဝင် အောင် သူတို့ဘက်မှ ကိုယ်စား ဇေယာရသ်များ ဖတ်ပေးရမည် ဖြစ်ပါတယ်။
****************************************************************
END / 251