၂၉ မေ ၂၀၁၂ - ၁၉:၃၀

ထိုင်းဗုဒ္ဓဘာသာနှင့် ထိုင်းမွတ်စလင်များ ဘောလုံးကစားခြင်းသည် နှစ်ဘာသာ အကြား ညီညွတ်မှု ကို ဖြစ်စေခဲ့ကြောင်း အဗ်နာ သတင်းဌာန မှ အောက်ပါအတိုင်း myanmarmuslim net မှ တိုက်ရိုက် ကူးယူတင်ပြ အပ်ပါသည်။

ဘောလုံးကစားခြင်းကို အကြိုက်တူညီကြခြင်းက ထိုင်းနိုင်ငံရှိ ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စလင်များကို စည်းလုံးညီညွတ်စေသောကြောင့် မငြိမ်မသက်ဖြစ်နေသော ထိုင်းနိုင်ငံတောင်ပိုင်းက ဆယ်စုနှစ်ချီသော ထိပ်တိုက် ရင်ဆိုင်မှုကို အဆုံးသတ်စေနိုင်သည်ဟု မျှော်လင့်ရသည်။“မွတ်စလင်ပဲဖြစ်ဖြစ်၊ ဗုဒ္ဓဘာသာပဲဖြစ်ဖြစ်၊ ခရစ်ယာန်ပဲဖြစ်ဖြစ်၊ ကျွန်တော်တို့က ကွဲပြားနေတာမဟုတ်ပါဘူး။ ကျွန်တော်တို့က အားလုံးသူငယ်ချင်းတွေပါပဲ”ဟု မွတ်စလင်လူငယ် ဆာမက်ဆာမက်က အေအက်ဖ်ပီကို ပြောသည်။ထိုင်းလက်ဝှေ့ပြီးလျှင် နိုင်ငံ၏ လူကြိုက်အများဆုံး ဘောလုံးကစားနည်းကိုသုံးလျက် ............ ဗုဒ္ဓဘာသာနှင့် မွတ်စလင်တို့ကို ဘောလုံးပွဲတစ်ပွဲ ကစားစေခဲ့သည်။ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စလင်များကို နှစ်သင်းခွဲ၍ ထိုင်း၏ဒုက္ခတွေ့နေသော တောင်ပိုင်းက ပတ္တာနီမြို့ရှိ သက်တန့်ဘောလုံးကွင်းတွင် ပတ္တာနီအသင်းနှင့် နာရသီဝပ် အသင်းတို့ကို ယှဉ်ပြိုင်စေခဲ့သည်။ ပတ္တာနီမှာ သောင်းကျန်းမှုဖြစ်ပွားမှုအများဆုံး ဒေသဖြစ်၍ ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စလင်များကို ဗုံးဖြင့်သော်လည်း ကောင်း၊ သေနတ်ဖြင့်သော်လည်းကောင်း နေ့စဉ်တိုက်ခိုက်မှုများကြောင့် ၂၀၀၄ မှစ၍ လူပေါင်း ၅၀၀၀ကျော် သေဆုံးခဲ့ရသည့် ဒေသဖြစ်သည်။ ဘောလုံးပွဲပြင်ပတွင် အကြမ်းဖက်မှု ရှိနေလင့်ကစား ပတ္တာနီ ကစားသမားများ အလေးထားသည်မှာ ဂိုးသွင်းနိုင်ရန်ဖြစ်သည်။“ပတ္တာနီမှာတော့ ဘယ်လောက်ဝေးဝေးမှာနေနေ၊ ဘယ်လောက်ပဲထိခိုက်ဒဏ်ရာရပါစေ။ သူတို့ကတော့ ဘောလုံးပွဲကို လာကြည့် ကြပါတယ်။” ဟု ဗုဒ္ဓဘာသာဝင် ဘောလုံးသမား ပစ်ဆာရိုရူဂျာကတ်က ပြောသည်။ထိုင်းနိုင်ငံတွင် မွတ်စလင်ဦးရေ ၉.၅သန်းခန့်ရှိပြီး အများစုမှာ ကျေးလက်တွင်နေထိုင်ကြသည်။ ထိုအရေ အတွက်မှာ ဗုဒ္ဓဘာသာဝင်လွှမ်းမိုးသော ထိုင်းလူဦးရေ၏ ၅ ရာခိုင်နှုန်းသာရှိသည်။ ထိုင်းမွတ်စလင်များမှာ စစ်တပ်၏ ကြမ်းတမ်းသော အုပ်ချုပ်မှုအောက်တွင် ခွဲခြားဆက်ဆံခံရသည်။ မလေးဘာသာစကားကို တရားဝင် ဘာသာစကားအဖြစ် အသိအမှတ်ပြုပေးရန် သူတို့က တောင်းဆိုခဲ့ကြပြီး ဗုဒ္ဓဘာသာအခြေပြု ကျောင်းသင်ခန်းစာများတွင်လည်း အစ္စလာမ်မုန်းတီးမှုလျှော့ချပေးသော သင်ခန်းစာများ ထည့်သွင်းပေးရန် တောင်းဆိုခဲ့သည်။အစိုးရက အဓိကရုဏ်းရှောင်လွှဲရေး လမ်းကြောင်းကို ရှာဖွေ၍ မရသောကြောင့် ထိုဘောလုံးပွဲကို ကျင်းပရန် စိတ်ကူးရခဲ့ခြင်းဖြစ်သည်။ “အဓိက ပြဿနာကတောာ့ ဥပဒေနဲ့ ကြီးမားတဲ့ စစ်တပ်ရှိနေတဲ့ ပြဿနာပါပဲ။ ၀န်ကြီးချုပ်ကတော့ နောက်ထပ် တပ်တွေ စေလွှတ်ပေးဖို့ ပြောနေပေမယ့် ဒီလိုလုပ်ဆောင်တာဟာ ပြဿနာကို ဖြေရှင်းပေးနိုင်ခြင်းမရှိပါဘူး” ဟု ငြိမ်းချမ်းရေးအတွက် တောင်ပိုင်း အမျိုးသမီးအစည်းအရုံး အဖွဲ့ ဥက္ကဋ္ဌ ဟူဒါလောင်ဒီဝါးကပြောသည်။