၁၃ အောက်တိုဘာ ၂၀၂၅ - ၂၃:၄၉
အကျဉ်းသား လဲလှယ်မှု စတင် ၊ အစ္စရေး အကျဉ်းသား ခုနစ်ဦး လွတ်မြောက်

ဂါဇာတွင် အကျဉ်းသားလဲလှယ်ရေး လုပ်ငန်းစဉ်ကို စတင်ခဲ့ပြီး ဟားမတ်စ်က အစ္စရေး အကျဉ်းသား ခုနစ်ဦးကို နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ထံ လွှဲပြောင်းပေးခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr News Agency ၏ အဆိုအရ ဂါဇာတွင် အကျဉ်းသား လဲလှယ်ရေး လုပ်ငန်းစဉ်ကို တရားဝင် စတင်လိုက်ပြီ ဖြစ်ပါတယ်။ ဟားမတ်စ်ထံမှ အစ္စရေး အကျဉ်းသား ခုနစ်ဦးကို လက်ခံရရှိကြောင်း အပြည်ပြည်ဆိုင်ရာ ကြက် ခြေနီ ကော်မတီက အတည်ပြုခဲ့ပါတယ်။

အစ္စရေးရေဒီယို၏ ပြောကြားချက်အရ ကြက်ခြေနီအဖွဲ့မှ အကျဉ်းသားများ လွတ်မြောက်ရေး လုပ်ငန်းစဉ်ကို စတင်နေပြီ ဖြစ်ကြောင်း သိရပါတယ်။ ယခုအဆင့်တွင် အစ္စရေး အကျဉ်းသား စုစုပေါင်း ခုနစ်ဦးကို လွှတ်ပေးရန် မျှော်လင့်ထားကြောင်း သတင်းရင်းမြစ်တစ်ခုမှ ပြောကြားချက်အရ သိရပါတယ်။

အကျဉ်းသားများ လွတ်မြောက်ရေး အခမ်းအနားတွင် ဟားမတ်စ် ကိုယ်စားလှယ်များက ကြက်ခြေနီ ကိုယ်စား လှယ် အဖွဲ့နှင့် တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။ လက်ခံရရှိသည့် အကျဉ်းသားခုနစ်ဦးစလုံးသည် ရုပ်ပိုင်း ဆိုင်ရာ ကျန်းမာသန်စွမ်းကြောင်း အဆိုပါအဖွဲ့အစည်းက ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

အကျဉ်းသား လဲလှယ်မှု စတင် ၊ အစ္စရေး အကျဉ်းသား ခုနစ်ဦး လွတ်မြောက်

ဤရွေ့ပြောင်းမှုသည် နှစ်ဘက် အကြား အကျဉ်းသားလဲလှယ်ရေး သဘောတူညီချက်အရ ဖြစ်ပေါ်လာပြီး နောက်ထပ် အကျဉ်းသားများကို နောက်အဆင့်များတွင် လွှတ်ပေးရန် မျှော်လင့်ရပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha