အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္ဂနွေနေ့

၃ ဇွန် ၂၀၁၂

၁၉:၃၀:၀၀
319789

မြန်မာရှီအာ မွတ်စလင် စာစောင်အသစ်ထွက် အတွဲ (၁၂) မြန်မာရှီအာမွတ်စလင်အမည်ဖြင့်ဇွန်လ လထုတ် စာစောင် မြန်မာဘာသာဖြင့် မြန်မာနိုင်ငံ၌ ၁၊၆ ၊၂၀၁၂ ရက်နေ့တွင် အခမဲ့ထုတ် ဝေ ဖြန့်ချီလိုက်ပြီး ဖြစ်ပါ သည်။

အဟ်လေ့ဘိုက်(အ.စ)သတင်းဌာန ၊အဗ်နာ အနေဖြင့်msm june 2012 အသစ်ထွက် မြန်မာရှီအာ မွတ်စလင် စာစောင်နှင့်ပတ် သက်ပြီးတင်ပြလိုက်သည်မှာ - ဤစာစောင် အားမြန်မာ ကလောင်ရှင်များအုပ်စုတစ်စုမှပေါင်း၍ရေးသားပြီး ၊မြန်မာရှီအာများနှင့်အချို့စွန္နီ များအကြားအခမဲ့ ထုတ်ဝေဖြန့်ချီနေပါသည်။စာစောင်၌အစ္စလာမ်နှင့်သက်ဆိုင် သည်ကဏ္ဍများကိုဆွေးနွေးတင်ပြထားပါသည်။ ဇွန်လထုတ်စာစောင်၌အကီဒါ၊လူမှုရေး၊ဟဒီးစ်တော်များ၊ဆေးစသည်ကဏ္ဍများ၊နှင့် မြန်မာရှီအာများ၏မေးခွန်းများကို ဖြေဆိုထားသည်ကဏ္ဍတို့ပါဝင်ပေသည်။ ဤလထုတ် စာစောင် အားဖြစ်မြောက်ရန် ဟိုင်ဒဲရ်မရှ်ဟဒီ ၊နှင့်ရှိက်ခ်ဂျမားလ်ဟိုစိုင်း(န)နှင့်မြန်မာကလောင်ရှင်များအုပ်စု တစ်စုမှ ကြိုးပမ်းမှုဖြင့် မြန်မာနိုင်ငံ ၌ပုံနှိပ်နိုင်ခဲ့ကြောင်းဖြစ်ပါသည်။ ဤလထုတ် စာစောင်သည်စာမျက်နှာ ၃၀ ခန့် ရှိပြီး ၊ အုပ်ရည် ၅၅၀ ပုံနှိပ်ခဲ့ခြင်းဖြစ်ပါသည်။ ကျောင်းသားများ၊တက္ကသိုလ်ကျောင်းသားများမြန်မာရှီအာမွတ်စလင်များ၊သုတေသီများလေ့လာမှတ်သားနိုင်ရန်ဖြစ်ပါသည်။ သတင်းကောင်းသည်ကား - မြန်မာရှီအာများမှဤစာစောင်အားနှစ်သက်ကြိုဆိုခဲ့ကြပြီးဇူလိုင်လအတွက်ထုတ်ရန်ပြင်ဆင်နေကြောင်းသိရပါသည်။