အဲဟ်လေ့ဘိုက်(သ)(အ.စ) သတင်းဌာန ၊ အဗ်နာ
အာစတနာ ဟိုစိုင်း(န)နီ (အ.စ) ၏ ပြန့်ကြားရေး ဆက်သွယ်ရေး ဌာန၏ သတင်း ထုတ်ပြန်ချက်အရသိရှိရ သည်မှာ- ဒါရို ကုရ်အာန်နေ မရ်ကဇ်ဇီ ၏ ဥက္ကဋ္ဌ ရှိက်္ခ ဟစန် အလ်မန်ဇူရီ မှ ဤ အေမာမ် မွန်တဇဲရ် (အ.ဂျ) သခင်ကြီး အတွက် ကုရ်အာန်ခတမ် အစီအစဉ် အားပြီးခဲ့သည့်နေ့ မှစတင်ခဲ့ကြောင်း ဤ အစီ အစဉ်တွင် တက္ကသိုလ်ပေါင်းစုံ မှ ကျောင်းသားအယောက်၄၀ ပါဝင်ခဲ့ ကြောင်း ပြောကြားခဲ့ပါသည်။
၎င်းအနေဖြင့် ဆက်လက်ပြီးပြောကြားသည်မှာ- ဤ ကုရ်အာန်ခတမ် အစီအစဉ် ကိုကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ တက္ကသိုလ်များတွင် ကျမ်းတော်မြတ်ကုရ်အာန်၏ အလေ့အထ ကို ထွင် ကျယ် လာစေရန် ဖြစ်ကြောင်း ၊ ကျောင်းသားများ၏ သမိုင်းပေးတာဝန်မှာ မိမိ၏ စာရိတ္တများကို ကုရ်အာန်နီ စာရိတ္တဖြစ်အောင်ကြိုပမ်းအားထုတ်ရမည် ဖြစ်ကြောင်း ၊အစ္စလာမ်မီအလေ့အထ ၊အစ္စလာမ်မီယဉ် ကျေးမှု နှင့်ဝေးသည့် အလေ့အထ ၊ယဉ်ကျေးမှု ကို ရှောင့်ကျဉ် နိုင် ကြိုးစား အားထုတ် ရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ကုရ်အာန်ခတမ် ကျင်းပရေး အစီအစဉ် ၏ ဥက္ကဋ္ဌ အေမာဒ် သွာလစ်ဗ်မူစာ အနေဖြင့် အေမာမ် ဇမန်း(န) (အ.ဂျ) သခင်ကြီး အတွက် ကုရ်အာန်ခတမ်နှင့်ပတ်သက်ပြီး ပြောကြားသည်မှာ -
အေမာမ် ဇမန်း(န) (အ.ဂျ) သခင်ကြီး အတွက် ကုရ်အာန်ခတမ် ပြုလုပ်ခြင်း၏ ရည်ရွယ်ချက်မှာ ကျမ်းတော်မြတ် ကုရ်အာန်ကို စွဲမြဲစွာ ဆုပ်ကိုင်ထားရန် ၊ ကျမ်းတော်မြတ် ကုရ်အာန်၏ လမ်းညွန် ချက်များ ကို ဘဝ တည် ဆောက် ရတွင် လက်တွေ့ ကျကျ အကောင်အထည် ဖော်ထုတ် နိုင်ရန် ၊ တက္ကသိုလ် သင်ရိုးညွန်းတမ်းတွင် သင်ခန်းစာ ခေါင်းစဉ် တစ်ခု အဖြစ် သင်ကြားနိုင်ရန် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
မှတ်သားစရာအချက်မှာ - အေမာမ် ဇမန်း(န) (အ.ဂျ) သခင်ကြီး အတွက် ကုရ်အာန်ခတမ်အစီ အစဉ်အား ဒါရိုကုရ်အာန် အာစတနာ ဟိုစိုင်း(န)နီ (အ.စ) ကရ်ဗလာတွင် ၁၅ရက်တာ ကျင်းပသွားမည် ဖြစ်ပြီး၊ နေ့စဉ်မနက်အစောပိုင်းအချိန်တိုင်း တွင်သဖ်စီး၊အူလူမ်မေကုရ်အာန် ၊အခြား ကျမ်းတော်မြတ် ကုရ်အာန်နှင့် အစ္စလာမ်မီဆိုင်ရာ ခေါင်းစဉ်များဖြင့် သင်တန်းအစီအစဉ်များပါ ဤ ကုရ်အာန်ခတမ်အစီ အစဉ်တွင်ပါဝင်ကြောင်း သိရပါသည်။
ကရ်ဗလာတွင် အီရတ် နိုင်ငံ သား ကျောင်းသားများ ဖက်မှ အေမာမ် ဇမန်း(န) (အ.ဂျ) သခင်ကြီး အတွက် ကုရ်အာန်ခတမ် သိမ်း
၁၂ စက်တင်ဘာ ၂၀၁၄ - ၁၉:၅၆
News ID: 637328

အေမာမ် မွန်တဇဲရ် (အ.ဂျ) သခင်ကြီး အတွက် တတိယအကြိမ်မြောက် ကျမ်းတော်မြတ် ကုရ်အာန် အစီအစဉ် (သို့) ကုရ်အာန်ခတမ် အစီအစဉ် အား ဒါရိုကုရ်အာန် အာစတနာ ဟိုစိုင်း(န)နီ (အ.စ) ၏ ကူညီဖေးမမှုဖြစ် ကျင်းပခဲ့ပါသည်။