အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ကြာသပတေးနေ့

၂၅ ဧပြီ ၂၀၁၉

၂၃:၂၂:၀၃
938388

ရှိက်္ခဇက်ဇာကီ ၏ နောက်ဆုံး ဓာတ်ပုံထွက်ပေါ် / အစ္စလာမ့် လူ့အခွင့်အရေး ကော်မရှင်း ၏ဆရာဝန်များ ရှိက်္ခ အားစမ်းသပ် နိုင်ခဲ့

ဆရာဝန်များ အသင်းတစ်ခု ဖြစ်သည့် IHRC အသင်းသည် ရှိက်္ခ ဇက်ဇာကီးအား ကြည့်ရှု စစ်ဆေး မှု ပြုနိုင်ခဲ့ပါတယ်။ ဧပြီ ၂၅ ရက်နေ့တွင် ပထမဆုံး အကြိမ် ရှိက်္ခ အီဗရာဟီးမ် ဇက်ဇာကီ နှင့် ၎င်း၏ ဇနီး ဇိုက်နပ်အီဗရာဟီးမ် တို့အား ဆရာဝန်များ အသင်းမှ ကြည့်ရှု စစ်ဆေး မှုကိုပြုခဲ့ခြင်းဖြစ်ပါတယ်။

 

ဆရာဝန်များ အသင်းအနေဖြင့် ပထမဆုံး အကြိမ် အာယာသွလ္လာဟ် ရှိက်္ခ အီဗရာဟီးမ် ဇက်ဇာကီ ၏ကျန်းမာရေး ကိုစစ်ဆေး ခွင့် တရားဝင်ရပြီးနောက် ၎င်း၏ နောက်ဆုံးဓာတ်ပုံကို ထုတ်ပြန်ခဲ့ ပါ တယ်။

 

ဤဓာတ်ပုံသည် ဧပြီလ ၂၅ရက်နေ့ ၂၀၁၉ခုနှစ် ကပုံဖြစ်ပါတယ်။ ရှိက်္ခ၏ဇနီး ဖြစ်သူကို လည်း ဆရာဝန်များ အသင်းမှ ကြည့်ရှု စမ်းသပ်ခဲ့ပါတယ်။

 

 

ဆရာဝန်များ အသင်းတစ်ခု ဖြစ်သည့် IHRC အသင်းသည် ရှိက်္ခ ဇက်ဇာကီးအား ကြည့်ရှု စစ်ဆေး မှု ပြုနိုင်ခဲ့ပါတယ်။ ဧပြီ ၂၅ ရက်နေ့တွင် ပထမဆုံး အကြိမ် ရှိက်္ခ အီဗရာဟီးမ် ဇက်ဇာကီ နှင့် ၎င်း၏ ဇနီး ဇိုက်နပ်အီဗရာဟီးမ် တို့ ဆရာဝန်များ အသင်းမှ ဇက်ဇာကီးအား ကြည့်ရှု စစ်ဆေး မှုကိုပြုခဲ့ခြင်းဖြစ်ပါတယ်။

 

ပထမဆုံးအကြိမ်ကြည့် ရှု စစ်ဆေးမှု ဖြင့် ဤ နိုင်ဂျီးရီးယားစစ်တပ်၏ ဖမ်းချုပ်ခံ အကျဉ်းသားဖြစ် သည့် ရှိက်္ခ နှင့် ၎င်း၏ ဇနီးအား ဆေး စစ်ချက်များ ပြုလုပ်ရန်နှင့် ချက်ချင်း ကုသမှုပြုရန် လိုအပ် ကြောင်း သိရှိခဲ့ရပါတယ်။

 

ဆရာဝန်များ အသင်းတစ်ခု ဖြစ်သည့် IHRC အသင်းသည် မျှော်လင့်ချက် ကိုဖြစ်စေသည့် သတင်း မကြာမီ ရက်ပိုင်းအတွင်း ရှိက်္ခအား ကုသမှု ကို စတင်တော့မည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

 

 

စက်တင်ဘာလ ၁၃ရက်နေ့ ၂၀၁၅ခုနှစ် တနင်္ဂနွေနေ့ တွင် နိုင်ဂျီးရီယားစစ်တပ် မှ (ဗကီယာသိုလ္လာဟ် ) အမည်ရှိ အေမာမ်ဘာရာ နှင့် ရှိက်္ခ၏ နေအိမ် ကို တိုက်ခိုက်ခဲ့ပါတယ်။ ရာပေါင်းများစွာသော ရှီအာများ အာဇာနည်ဖြစ်ခဲ့ပြီး ဒဏ်ရာ ရခဲ့ပါတယ် ။ရှိက်္ခ နှင့်ဇနီး ကို နိုင်ဂျီးရီးယား စစ်တပ်မှ ဒဏ်ရာ ရအောင်ပြုပြီး ဖမ်းချုပ် ခဲ့ပါတယ်။

 

နိုင်ဂျီးရီးယား တရားရုံးချုပ် ၏အမိန့်အရဆိုလျှင် ရှိက်္ခ ဇက်ဇာကီးအား ချက်ချင်းလွတ်ပေးရမည် ဖြစ်သော်လည်း တရားဥပဒေမဲ့ ဖမ်းချုပ်ထားပြီး သင့်တင့်သည့်ဆေးဝါးကုသမှုကိုလည်း ပြုဖို့ကိစ္စ ကို ငြင်းဆိုကြောင်း သိရှိရပါတယ်။

======================

251 / END