အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၁၁ ဒီဇင်ဘာ ၂၀၁၉

၁၉:၀၅:၁၁
993160

အစိုးရအနေဖြင့် ရှိက်္ခဇက်ဇာကီ အတွက် တရားဝင် လမ်းများကို ပိတ်ပင်ထားပါတယ် / စဟီးလာ ဇက်ဇာကီ

ရှိက်္ခဇက်ဇာကီ ၏ သမီး စဟီးလာ ဇက်ဇာကီ အနေဖြင့် မိမိ မိဘ နှစ်ပါး ၏ ဆိုးရွား လာသည့် ကျန်းမာရေးအခြေကိုထိန်းချုပ် နိုင်ရန် ကိစ္စ နှင့် ပတ်သက်ပြီး မိဘနှစ်ပါး အတွက် ထိန်းချုပ်နိုင်မည့် တရားဝင် လမ်းများကို အစိုး ရမှ ပိတ်ပင်ထားကြောင်းပြောကြားခဲ့ပါတယ်။


ရှိက်္ခဇက်ဇာကီ ၏ သမီး စဟီးလာ ဇက်ဇာကီ အနေဖြင့် တီဟီရန် မြို့   တွင် ကျင်းပသည့် သတင်း စာ ရှင်းလင်းပွဲ တွင် တက်ရောက်လာသူများကို ပြောကြားသည်မှာ - ၂၀၁၅ ခုနှစ်တွင် အေမာမ် ဘာရာ ဘကီးယသွလ္လာဟ် အားတိုက်ခိုက်ခဲ့ ကြောင်း ၊ထိုတိုက်ခိုက်မှု တွင် ဖခင် ရှိက်္ခ ဇက်ဇာကီ ကို ပြင်းပြင်း ထန်ထန်ဒဏ်ရာ ရရှိခဲ့ပြီး အပြစ်မဲ့ သူ အယောက် ၁၀၀၀ နီးပါးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ ကြောင်း ၊ အသတ်ခံ ရသူများ တွင် ၂၉၇ဦး သည် အမျိုးသမီးများ ဖြစ်ကြောင်း ၊ ၂၃ဦး မှာ ကိုယ်ဝန်ဆောင် အမျိုးသမီးများ ဖြစ်ကြောင်း ၊ ၅၄၈ ဦး မှာ အမျိုးသားများ ဖြစ်ကြောင်း ၊ ၁၉၃ ဦး မှာ ကလေးငယ်များ ဖြစ်ကြောင်း အိမ်ထောင်စုဝင် ၃၉ ခုသည် လုံး ဝအရှင်း သုတ်သင် ခံလိုက်ရကြောင်း ပြောကြားခဲ့ပါတယ် ။

သူမအနေဖြင့်ဆက်လက်ပြီး အခြား လူမဆန်သည့် လုပ်ရပ်များ ကို လည်းပြုလုပ်ခဲ့ကြောင်း ၎င်းလုပ်ရပ်များမှာ အချို့ ကို အရှင်လတ်လတ် မီးရှို့ သတ်ဖြတ် ခဲ့ ပြီး ၎င်းတို့ကို အစုလိုက် အပြုံလိုက် ထွင်းတစ်ခုတည်းတွင် မြှုပ်ခဲ့ကြောင်း၊ အဆောက်အဦးများကိုပျက်စီးခဲ့ကြောင်း ၊ ကဗဲရ် အမြောက်အများကို တူးထုတ်ပြီး ကွယ်လွန်သွားသည့် မရ်ဟွန်မ် များ ကို မရိုမသေ ပြုလုပ် ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

စဟီးလာ ဇက်ဇာကီမှ ဆက်လက်ပြီး ပြောကြားသည်မှာ - ဤလုပ်ရပ်များ အားလုံးကို စစ်တပ်ကို တိုက်ခိုက်မည်ဆိုသည့် စိတ်ကူးယဉ် ကြံစည်မှုနှင့် စွပ်စွဲချက် အရ သာလျှင် ပြုလုပ်ခဲ့ကြောင်း ၊မိမိ၏ မိဘ နှစ်ပါး ကို ပြင်းထန်သည့် ဒဏ်ရာများ နှင့် အတူ ဖမ်းချုပ်ခဲ့ ကြောင်း ၊ ယခု အချိန်တွင် ၎င်း ၏ မိဘ နှစ်ပါး လွတ်မြောက်ရန်အတွက် တရားဝင် လမ်းကြောင်းများ အားလုံးကို ပိတ်ပင် ထား ကြောင်း အကျဉ်းထောင်အတွင်း ကြောက်မက်ဖွယ် ရက်စက် ကြမ်းကြုတ်မှုများ ဆက်လက် ရှိနေကြောင်း ပြောကြားခဲ့ပါတယ် ။

ရှိက်္ခဇက်ဇာကီ ၏ သမီး အနေဖြင့် ဆက်လက်ပြီး ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ တွင်း တရားရုံးမှ လွတ်ပေးရန်အမိန့်ကို ထုတ်ပြန်ခဲ့ကြောင်း အစိုးရအနေဖြင့် အရှက်မဲ့စွာ အကောင်အထည် မဖော်ခဲ့သည့် အပြင် ပယ်ချ ခဲ့ကြောင်း အခြေအမြစ်မဲ့ စွပ်စွဲချက်များ ဖြင့် ဆက်လက် စွပ်စွဲနေကြောင်း ပြောကြားခဲ့ပါတယ်။

စဟီးလာ ဇက်ဇာကီအနေဖြင့် မိမိ၏ မိဘ နှစ်ပါး ကျန်းမာရေး အခြေအနေမှာ ဆိုးရွားပြီး စိုးရိမ် ရသည့် အခြေအနေ ဖြစ်ကြောင်း အကြိမ်ပေါင်းမနည်း ၎င်းတို့ အပေါ် တိုက်ခိုက်မှု များ ရှိခဲ့ကြောင်း ၊ သေချာ သေချာ စနစ်တကျ ကုသမှု အတွက် အစိုးရမှ အခွင့်အရေး မပေး ကြောင်း ပြောကြား ခဲ့ပါတယ်။

ဆက်လက်ပြီး ၎င်းတို့ နှင့် တွေ့ခွင့်မပေးသည်မှာ လေးလ၊ ငါးလ ခန့် ရှိနေပြီး ဖြစ်ပြီး ယုတ်စွ မိဘနှစ်ပါး ၏ ဒေါက်တာနှင့် ရှေ့   နေများကိုလည်း တွေ့ခွင့် မပေး ကြောင်း ဗဟိုအကျဉ်းထောင် သို့ပြောင်းရန် ဒီဇင်ဘာလ ၅ရက်နေ့ က အမိန့်ချမှတ်ခဲ့ရာ အံ့သြဖွယ် ထိုနေ့၌ပင် ပြောင်း ပေး ခဲ့ကြကြောင်း ပြောကြားခဲ့ပါတယ်။

သတင်းစာ ရှင်းလင်းပွဲတွင် ရှာဟစ်ဒ် ၏ သားများဆိုသည့် အုပ်စု ၏ အတွေးရေးမှူးဖြစ်သူ ဟိုစိန် အာမေရီယန်း မှ ကျွန်ုပ်တို့ အနေဖြင့် ဤ သတင်းစာ ရှင်းပွဲ ကိုအခြေခံပြီး အနှိပ်စက် အရက် စက်ခံနေရသူများ အားလုံးဘက်မှ ရပ်တည် ထောက်ခံသူဖြစ်ကြောင်း ၊ဤကဲ့သို့သော် အကြောင်း အရာ ဖြစ်ရပ်မှန် ကိစ္စ များကို ထုတ်ဖော်ပြရန် တားဆီးမှုများ ရှိနေလျှင်လည်း ဖော်ထုတ် ဖို့ ကြိုးပမ်း သင့်ကြောင်း ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ရှိက်္ခ ဇက်ဇာကီ အား အကောင်းတကာ အကောင်းဆုံး အကျိုးဆောင်ပေးမှု နှင့် ပြည်သူလူထု အနေဖြင့် လက်ခံ သည့် အပေါ် အခြေခံပြီး ရက်စက် ကြမ်းကြုတ်ရန် အတွက် ပစ်မှတ် ပြုခဲ့ကြောင်း ထိုမှသာ ၎င်း ၏ ကျော်ကြားမှု ကို ဖျက်သိမ်း နိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ရှိက်္ခ ၏ ဒေါက်တာ နာစေရ် အိုမရ် အနေဖြင့် ကျွန်ုပ်တို့ကိုလည်း ခက်ခက်ခဲခဲ ဖြင့် တွေ့ ခွင့်ပြု ပြီး ကျွန်ုပ်တို့အား ထောင်သားများပမာ ဆက်ဆံ ကြောင်း ပြောကြားခဲ့ပါတယ်။

၎င်းမှ ဆက်လက်ပြီး ရှိက်္ခ ဇက်ဇာကီ အနေဖြင့် ရောဂါ ၇ မျိုး ခံစားနေရပြီး ချက်ချင်း ကုသခွင့် ပေးဖို့ လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။

+++++++++++++++++++++++++++++++++++++++++++

END / 251