အေမာမ် ခိုမေနီ (ရ.ဟ) အပြည်ပြည်ဆိုင်ရာလေဆိပ် ၏ လုပ်ငန်းလည်ပတ်မှု ဒုတိယအကြီးအကဲက အေမာမ် ခိုမေနီ (ရ.ဟ) လေကြောင်းလိုင်း၏ အီရန်သို့ ပျံသန်းမှုများ ဖျက်သိမ်းခြင်းနှင့်ပတ်သက်သည့် ပျံ့နှံ့နေသော သတင်း များ ကို ငြင်းဆိုခဲ့ပြီး အေမာမ် ခိုမေနီ (ရ.ဟ) လေကြောင်းလိုင်း၏ ပျံသန်းမှုများကို ဖျက်သိမ်းခြင်း မရှိကြောင်း ပြောကြားခဲ့ပါတယ်။
အာရပ်စော်ဘွားများ ပြည်ထောင်စုသမ္မတ ရှိက်ခ် မိုဟမ္မဒ် ဘင်န် ဇါအစ်ဒ် အာလေ့နဟ်ယာန် နှင့် တယ်လီဖုန်း ပြောဆိုမှု အတွင်း အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ သမ္မတ ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း က ၎င်းအား အီးဒ်ဒေ ဖေသွ်ရ် အချိန်အခါ အတွက် မိုဘာရတ်က်ပြောကြားပြီး အီရန်နိုင်ငံသို့ လာရောက်ရန် ဖိတ်ကြားခဲ့ပါတယ်။