ခါသန်မိုလ်အန်ဗီယာ(ဆွ) ဗဟိုစစ်ဌာနချုပ် ၏ ပြောရေးဆိုခွင့်ရှိသူက မက်ဆေ့ချ်တစ်ခုတွင် ယူအေအီးမှ မိမိ တို့နိုင်ငံ၏ အီရန်ကျွန်းများ၊ ဆိပ်ကမ်းများနှင့် ကမ်းရိုးတန်းများအပေါ် မည်သည့်အရေးယူမှုမဆို ပြုလုပ်ပါက ကျွန်ုပ်တို့အနေဖြင့် ပြင်းထန်ပြီး နောင်တရစေမည့် တုံ့ပြန်မှုကို တုံ့ပြန်မည်ဖြစ်ကြောင်း သတိပေး ပြောကြား ခဲ့ပါတယ်။
အေမာမ် ခိုမေနီ (ရ.ဟ) အပြည်ပြည်ဆိုင်ရာလေဆိပ် ၏ လုပ်ငန်းလည်ပတ်မှု ဒုတိယအကြီးအကဲက အေမာမ် ခိုမေနီ (ရ.ဟ) လေကြောင်းလိုင်း၏ အီရန်သို့ ပျံသန်းမှုများ ဖျက်သိမ်းခြင်းနှင့်ပတ်သက်သည့် ပျံ့နှံ့နေသော သတင်း များ ကို ငြင်းဆိုခဲ့ပြီး အေမာမ် ခိုမေနီ (ရ.ဟ) လေကြောင်းလိုင်း၏ ပျံသန်းမှုများကို ဖျက်သိမ်းခြင်း မရှိကြောင်း ပြောကြားခဲ့ပါတယ်။