၁၈ ဇန်နဝါရီ ၂၀၂၀ - ၁၈:၂၅
ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ သမၼတစီက်င္းပင္တို႔ေရွ႕ေမွာက္တြင္ ႏွစ္ႏိုင္ငံအၾကားနားလည္မႈစာခြၽန္လႊာ ၂၀ ယေန႔ေရးထိုးမည္

ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ တ ႐ုတ္သမၼတစီက်င္း ပင္တို႔ ေရွ႕ေမွာက္တြင္ ႏွစ္ႏိုင္ငံအၾကား နား လည္မႈစာခြၽန္လႊာ ၂၀ ကို ယေန႔ေရးထိုးမည္ျဖစ္ သည္။

အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ

Zawgyi


ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ တ႐ုတ္သမၼတစီက်င္း ပင္တို႔ ေရွ႕ေမွာက္တြင္  ႏွစ္ႏိုင္ငံအၾကားနားလည္မႈစာခြၽန္လႊာ ၂၀ ကို ယေန႔ေရးထိုးမည္ျဖစ္ သည္။

ႏိုင္ငံေရး၊စီးပြားေရး၊အသက္ေမြးဝမ္းေက်ာင္းႏွင့္ ေဒသတြင္းပူးေပါင္းေဆာင္႐ြက္မႈစသည့္နယ္ပယ္မ်ားႏွင့္သက္ဆိုင္ ေသာနားလည္မႈစာခြၽန္လႊာ၊သေဘာတူစာခ်ဳပ္ႏွင့္စာ႐ြက္စာ တမ္းမ်ားကို လက္မွတ္ေရးထိုး လဲလွယ္မည္ျဖစ္ၿပီး ႏွစ္ႏိုင္ငံေတြ႕  ဆုံေဆြးေႏြးမႈ (Bilateral Meeting) လည္း ယေန႔က်င္းပမည္ျဖစ္ သည္။

တ႐ုတ္သမၼတစီက်င္းပင္သည္ဇန္နဝါရီ ၁၇ ရက္မြန္းလြဲပိုင္းတြင္ေနျပည္ေတာ္သို႔ ေရာက္ရွိၿပီးညေနပိုင္းတြင္ ႏိုင္ငံေတာ္သမၼတဦးဝင္းျမင့္ကသမၼတအိမ္ ေတာ္၌ဂုဏ္ျပဳတပ္ ဖြဲ႕ျဖင့္ႀကိဳဆိုခဲ့ သည္။

‘‘တ႐ုတ္ျပည္သူ႔သမၼတ ႏိုင္ငံသမၼတအေနနဲ႔ ျမန္မာႏိုင္ငံကိုေရာက္ရွိလာတာဟာ ႏွစ္ႏိုင္ငံဆက္ဆံေရးမွာစာမ်က္ႏွာသစ္တစ္ခုဖြင့္လွစ္ႏိုင္လိမ့္မယ္လို႔ကြၽန္ေတာ့္အေနနဲ႔ယုံၾကည္ ထား ပါတယ္’’ ဟု ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္က ႀကိဳဆိုႏႈတ္ခြန္းဆက္ ေျပာၾကားသည္။ တ႐ုတ္သမၼတ ၏ ခရီးစဥ္သည္ လြန္စြာအေရးပါ သည့္ သမိုင္းဝင္ခရီးစဥ္ျဖစ္ ေၾကာင္း သမၼတဦးဝင္းျမင့္ကဆို သည္။

တ႐ုတ္သမၼတတစ္ဦးအေန ျဖင့္ဆယ္စုႏွစ္ ႏွစ္ခုအတြင္း ျမန္ မာႏိုင္ငံသို႔ ပထမဆုံးျပန္လည္လာ ေရာက္ျခင္းျဖစ္ၿပီး ယမန္ေန႔တြင္ သမၼတအိမ္ေတာ္၊ ဧည့္သည္ ေတာ္မွတ္တမ္း ၌ လက္မွတ္ေရး ထိုးၿပီးေနာက္ ႏိုင္ငံေတာ္၏အ တိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္း စုၾကည္ႏွင့္မိနစ္ ၃၀ ခန႔္ ေတြ႕ဆုံ ေဆြးေႏြးခဲ့သည္။ ယင္းေနာက္ ႏိုင္ငံေတာ္သမၼတဦးဝင္း ျမင့္ႏွင့္ တ႐ုတ္သမၼတ စီက်င္းပင္တို႔ သည္ ႏွစ္ႏိုင္ငံအစိုးရအဖြဲ႕ဝင္မ်ား ႏွင့္အတူ ေတြ႕ဆုံေဆြးေႏြးခဲ့ သည္။

ယမန္ေန႔ညတြင္ ျမန္မာ-တ႐ုတ္ႏွစ္ႏိုင္ငံ ေခါင္းေဆာင္မ်ားသည္ MICC-2(ျမန္မာအျပည္ ျပည္ဆိုင္ရာ ကြန္ဗင္းရွင္းစင္ တာ-၂)၌က်င္းပေသာ ျမန္မာ-တ႐ုတ္ သံတမန္ဆက္ ဆံေရးႏွစ္(၇၀) ျပည့္အခမ္းအနားသို႔တက္ ေရာက္ၿပီး ၂၀၂၀ တစ္ႏွစ္ပတ္လုံးကိုျမန္မာ - တ႐ုတ္ ယဥ္ေက်း မႈႏွင့္ ခရီးသြားလာ ေရးႏွစ္စတင္ ေဆာင္႐ြက္ျခင္း (Launching) ကို ဖြင့္လွစ္ခဲ့သည္။

ထို႔အျပင္ တ႐ုတ္သမၼတ သည္ လႊတ္ေတာ္ကိုယ္စားလွယ္ မ်ား၊ ႏိုင္ငံေရးပါတီမ်ားႏွင့္လည္း ယမန္ေန႔ညတြင္ ေတြ႕ဆုံေဆြး ေႏြးခဲ့သည္။

သမၼတစီက်င္းပင္၏ ေန ျပည္ေတာ္ခရီးစဥ္တြင္ကြန္ျမဴနစ္ပါတီဗဟိုေကာ္မတီ ႏိုင္ငံေရးဗ်ဴ႐ိုအဖြဲ႕ဝင္၊ဗဟိုအတြင္းေရးမႉးဌာန အတြင္းေရးမႉးႏွင့္ ဗဟိုလုပ္ငန္းေဆာင္႐ြက္မႈ႐ုံးၫႊန္ ၾကားေရးမႉး Ding Xuexiang၊ ကြန္ျမဴ နစ္ပါတီ ဗဟိုေကာ္မတီႏိုင္ငံေရး ဗ်ဴ႐ိုအဖြဲ႕ဝင္၊ ျပည္ပေရးရာ ေကာ္မရွင္႐ုံး ၫႊန္ၾကားေရးမႉး Yang Jiechi၊ ႏိုင္ငံေတာ္ေကာင္စီဝင္ႏွင့္ ႏိုင္ငံျခားေရးဝန္ႀကီး Wang Yi ႏွင့္ ႏိုင္ငံေရးေဆြးေႏြး ညႇိႏႈိင္းမႈညီလာခံ အမ်ိဳးသားေကာ္ မတီ ဒုတိယဥကၠ႒ႏွင့္ အမ်ိဳးသား ဖြံ႕ၿဖိဳးတိုးတက္ေရးႏွင့္ ျပဳျပင္ ေျပာင္းလဲေရးေကာ္မ ရွင္ ၫႊန္ ၾကားေရးမႉး He Lifeng တို႔ လိုက္ပါလာေၾကာင္း Xinhua သ တင္းဌာနက ေဖာ္ျပသည္။

Unicode

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတစီကျင်းပင်တို့ရှေ့မှောက်တွင် နှစ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာ ၂၀ ယနေ့ရေးထိုးမည်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့်တရုတ်သမ္မတစီကျင်းပင်တို့ရှေ့မှောက်တွင်နှစ်နိုင်ငံအကြားနားလည်မှုစာချွန်လွှာ၂၀ကိုယနေ့ရေးထိုး မည်ဖြစ်သည်။

နိုင်ငံရေး၊စီးပွားရေး၊အသက်မွေးဝမ်းကျောင်းနှင့်ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုစသည့်နယ်ပယ်များနှင့်သက်ဆိုင်သောနားလည်မှုစာချွန်လွှာ၊သဘောတူစာချုပ် နှင့် စာရွက်စာ တမ်းများကို လက်မှတ်ရေးထိုး လဲလှယ်မည်ဖြစ်ပြီး နှစ်နိုင်ငံတွေ့  ဆုံဆွေးနွေးမှု (Bilateral Meeting) လည်း ယနေ့ကျင်းပမည်ဖြစ် သည်။

တရုတ်သမ္မတစီကျင်းပင် သည် ဇန်နဝါရီ ၁၇ ရက် မွန်းလွဲ ပိုင်းတွင်နေပြည်တော်သို့ ရောက် ရှိပြီးညနေပိုင်းတွင် နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကသမ္မတအိမ်တော် ၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့်ကြိုဆိုခဲ့ သည်။

‘‘တရုတ်ပြည်သူ့ သမ္မတ နိုင်ငံသမ္မတအနေနဲ့ မြန်မာနိုင်ငံ ကိုရောက်ရှိလာတာဟာ နှစ်နိုင်ငံ ဆက်ဆံရေးမှာ စာမျက်နှာသစ် တစ်ခု ဖွင့်လှစ်နိုင်လိမ့်မယ်လို့ ကျွန်တော့်အနေနဲ့ ယုံကြည်ထား ပါတယ်’’ ဟု နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ကြိုဆိုနှုတ်ခွန်းဆက် ပြောကြားသည်။ တရုတ်သမ္မတ ၏ ခရီးစဉ်သည် လွန်စွာအရေးပါ သည့် သမိုင်းဝင်ခရီးစဉ်ဖြစ် ကြောင်း သမ္မတဦးဝင်းမြင့်ကဆို သည်။

တရုတ်သမ္မတ တစ်ဦးအနေ ဖြင့်ဆယ်စုနှစ် နှစ်ခုအတွင်း မြန် မာနိုင်ငံသို့ ပထမဆုံးပြန်လည်လာ ရောက်ခြင်းဖြစ်ပြီး ယမန်နေ့တွင် သမ္မတအိမ်တော်၊ ဧည့်သည် တော်မှတ်တမ်း၌ လက်မှတ်ရေး ထိုးပြီးနောက် နိုင်ငံတော်၏အ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နှင့်မိနစ် ၃၀ ခန့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။ ယင်းနောက် နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် တရုတ်သမ္မတ စီကျင်းပင်တို့ သည် နှစ်နိုင်ငံအစိုးရအဖွဲ့ဝင်များ နှင့်အတူ တွေ့ဆုံဆွေးနွေးခဲ့ သည်။

ယမန်နေ့ညတွင် မြန်မာ - တရုတ်နှစ်နိုင်ငံ ခေါင်းဆောင်များ သည် MICC-2 (မြန်မာအပြည် ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင် တာ-၂) ၌ ကျင်းပသော မြန်မာ - တရုတ် သံတမန်ဆက်ဆံရေးနှစ် (၇၀) ပြည့် အခမ်းအနားသို့တက် ရောက်ပြီး ၂၀၂၀ တစ်နှစ်ပတ် လုံးကိုမြန်မာ - တရုတ် ယဉ်ကျေး မှုနှင့် ခရီးသွားလာ ရေးနှစ်စတင် ဆောင်ရွက်ခြင်း (Launching) ကို ဖွင့်လှစ်ခဲ့သည်။

ထို့အပြင် တရုတ်သမ္မတ သည် လွှတ်တော်ကိုယ်စားလှယ် များ၊ နိုင်ငံရေးပါတီများနှင့်လည်း ယမန်နေ့ညတွင် တွေ့ဆုံဆွေး နွေးခဲ့သည်။

သမ္မတစီကျင်းပင်၏နေပြည်တော်ခရီးစဉ်တွင်ကွန်မြူနစ်ပါတီဗဟိုကော်မတီနိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ဗဟိုအတွင်းရေးမှူးဌာနအတွင်းရေးမှူးနှင့်ဗဟိုလုပ်ငန်းဆောင်ရွက်မှု ရုံးညွှန်ကြားရေး မှူး Ding Xuexiang၊ ကွန်မြူ နစ်ပါတီ ဗဟိုကော်မတီနိုင်ငံရေး ဗျူရိုအဖွဲ့ဝင်၊ ပြည်ပရေးရာ ကော်မရှင်ရုံး ညွှန်ကြားရေးမှူး Yang Jiechi၊ နိုင်ငံတော် ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီး Wang Yi နှင့်နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှုညီလာခံအမျိုးသားကော် မတီ ဒုတိယဥက္ကဋ္ဌနှင့် အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင် ပြောင်းလဲရေးကော်မရှင် ညွှန် ကြားရေးမှူး He Lifeng တို့ လိုက်ပါလာကြောင်း Xinhua သ တင်းဌာနက ဖော်ပြသည်။

====================================

END / 251