
အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန၊အဗ်နာ
ဤတရားဝင် ကိုယ်စားလှယ် လွဲအပ်ပွဲ တွင် ဂီနီယာ နိုင်ငံ ၏ အိုလမာ ၊မဂ်ျမယေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (علیهم السّلام) နှင့် ပတ်သက်နေသည့် ဒေသခံ သာသနာပြု ဆရာတော်များ ပါဝင်ခဲ့ပြီး ကိုနာကရီ မြို့တော် တွင် ကျင်းပခဲ့ပါတယ်။ H.I ရှိက်္ခ မိုဟမ္မဒ် ဟာဖေဇီ ဂျလ်လူ အား ဂီနီယာ နိုင်ငံ အတွက် မဂ်ျမယေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (علیهم السّلام ) ၏ တရားဝင် ကိုယ်စားလှယ်လွဲ အပ် ခဲ့ပါတယ်။
တရားဝင် ကိုယ်စားလှယ် အဖြစ် လွဲအပ်သည့် အမိန့် စာ တွင် မဂ်ျမယေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (علیهم السّلام) ၏ အထွေ ထွေ အတွင်းရေးမှူး အာယာသွလ္လာဟ် ရမ်တွာန်နီ ၏ လက်မှတ် ရေးထိုးထားပါတယ်။ ကိုယ်စားလှယ်လွဲအပ် လွှာ အား မဂ်ျမယေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (علیهم السّلام) ၏ အပြည်ပြည်ဆိုင်ရာ ဌာန မှ H.I ရှိက်္ခ မိုဟမ္မဒ် အလီ မိုအီနီးယန်း နှင့် အာဂါယေ ဆရက်ဒ် ဇမာန် ဟိုစိန်နီ တို့ မှ ပေးအပ် ခဲ့ကြပါတယ်။




ဂီနီယာ သမ္မတ နိုင်ငံ သည် အာဖရိကအနောက် မြောက်နှင့် အတ္တလန္တိတ် ကမ်းရိုးတန်း တွင်တည်ရှိ ပါတယ်။ မြို့တော် မှာ ကိုနာ ကရီ မြို့ ဖြစ်ပြီး လူ ဦးရေ မှာ ၁၀သန်းခန့် ရှိပြီး ရုံးသုံး ဘာသာ စကား မှာ ပြင်သစ် ဖြစ်ပါတယ်။ ၈၅ ရာခိုင်နှုန်း မှာ မွတ်စလင်မ် များ ဖြစ်ပြီး ၁၀ ရာခိုင်နှုန်း မှာ ခရစ်ယာန် များ ဖြစ်ကြပါတယ်။
ဤ နိုင်ငံ ရှိ ရှီအာ လူဦးရေ မှာ မဂ်ျမယေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (علیهم السّلام) ၏ စစ်တန်း အရ ၂သိန်း ၄သောင်း ၂ထောင် ဖြစ်ပြီး အမေရိကန် အခြေစိုက် အန်ဂျွန်မန် ဒီးန် ဇင်ဒဂီယေ အေဂ်ျသေမာအီ အရ ၈သောင်း ၅ ထောင် ရှိ ကြောင်း သိရှိရပါတယ်။
.................
END / 251