
အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာန
အမှုမှ တိမ်းရှောင်နေ သော ဘူးလက်ဦးလှဆွေကို လူ ဖမ်းဝရမ်းကပ်ကြေညာရန် အ နောက်ပိုင်းခရိုင်တရားရုံးက အ မိန့်ကြော်စာထုတ်ပြန်သည်။
ဖေဖော်ဝါရီ ၁၁ရက် ရုံးချိန်း တွင် သက်သေခုနစ်ဦးအနက် နောက်ဆုံး လိုပြသက်သေဖြစ် သည့် ကျောက်တံတားမြို့နယ် ရပ်ကွက် (၁) စာရေး ဦးမျိုးသက် ခိုင်ကို စစ်ဆေးပြီးနောက်တရားရုံး က ပြစ်မှုကျင့်ထုံးဆိုင်ရာ ဥပဒေ ပုဒ်မ ၈၇ အရ အမိန့်ထုတ်ခြင်း ဖြစ်သည်။
တရားရုံးတွင် သက်သေများ ကို စစ်ဆေးပြီးနောက် ဦးလှဆွေ သည် ထွက်ပြေးတိမ်းရှောင်နေပြီး ၎င်းအပေါ် စွပ်စွဲထားသောပြစ်မှု ကို ကျူးလွန်ကြောင်း တွေ့ရှိသ ဖြင့် တရားရုံးက ဦးလှဆွေအပေါ် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၈၇ အရ လူဖမ်းဝရမ်း ထုတ်ဆင့်ခဲ့ သည်။
ထွက်ပြေးတိမ်းရှောင်နေသူ ဦးလှဆွေကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၈၇ အရ ဝရမ်းကပ် ကြေညာရန် တရားသူကြီးကကြေ ညာချက် ထုတ်ပြန်ခြင်းဖြစ်ပြီး ဦးလှဆွေနေထိုင်သော မြို့နယ်၊ ရပ်ကွက်နှင့် တရားရုံးစသည့်နေ ရာများတွင် ဝရမ်းကပ်ရမည်ဖြစ် သည်။
‘‘သက်သေအားလုံးကို စစ် ဆေးပြီးစီးတဲ့အတွက် ဦးလှဆွေ ကို တရားရုံးကိုလာရောက်ဖို့ အ မိန့်ကြော်ငြာစာ ထုတ်ပြန်တာဖြစ်တယ်’’ဟု အနောက်ပိုင်းခရိုင် တရားရုံး ပြန်ကြားရေးအရာရှိ ဦးဇော်ဇော်ထွန်းကပြောသည်။
ပုဒ်မ ၈၇ တွင် ဝရမ်းကပ်ခံ ရသူ နေထိုင်မြဲဖြစ်သည့် မြို့(သို့ မဟုတ်) ကျေးရွာ၏ထင်ရှားသော နေရာတစ်ခု၌ ယင်းထုတ်ပြန်ကြေ ညာချက်ကို အများကြားသိ အောင်ဖတ်ကြားရမည်ဟု ဖော်ပြ ထားသည်။ ထို့အပြင် အဆိုပါလူ နေထိုင်မြဲဖြစ်သည့် အိမ်(သို့မ ဟုတ်) အဆောက်အအုံ၏ထင် ရှားသော နေရာတွင်ဖြစ်စေ၊ အ ဆိုပါမြို့ (သို့မဟုတ်) ကျေးရွာ၏ ထင်ရှားသောနေရာတွင်ဖြစ်စေ ယင်းထုတ်ပြန်ကြေညာချက်ကို ကပ်ထားရမည်ဟု ဖော်ပြထား သည်။
ဘူးလက်ဦးလှဆွေကို ထုတ် ပြန်သည့်အမိန့် အတည် ဖြစ်၊ မဖြစ် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေပြီး မတ်လ ၁၆ရက်တွင် တရားရုံးသို့ ပြန်လည် ဝရမ်းသွင်းရမည်ဖြစ် သည်။
တရားစီရင်ရေး၏ လုပ်ငန်း စဉ်အရ တရားခံဟု စွပ်စွဲခံရသူ များသည် တရားရင်ဆိုင်ခြင်းမရှိ ဘဲ တိမ်းရှောင်နေပါက တရားလို ပြသက်သေအားလုံးကို စစ်ဆေး ပြီးသည့်အခါ ပြစ်မှုကျူးလွန် ကြောင်း ထင်ရှားပါက လူဝရမ်း၊ ပစ္စည်း ဝရမ်းအမိန့်ချမှတ်နိုင်ပြီး ကာလစည်းကမ်းသတ်မရှိသည့် ဝရမ်းပြေးအဖြစ် သတ်မှတ်ခံရ မည်ဖြစ်သည်။ ထို့ကြောင့် ယခု တရားရုံးက ဦးလှဆွေကိုထုတ်ပြန် သည့် လူဖမ်းဝရမ်းသည်ကာလ စည်းကမ်းသတ်မရှိကြောင်း ဦးဇော်ဇော်ထွန်းကရှင်းပြသည်။
အစိုးရ၊ နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ်တို့နှင့် ပတ်သက်၍ ဟောပြောခဲ့မှုအတွက် ဦးလှဆွေ ကို နိုင်ငံတော် အကြည်ညိုပျက် စေမှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၂၄ - ကဖြင့် အရေးယူပေးရန် ကျောက်တံတားမြို့နယ် ဒုတိယ အထွေထွေအုပ်ချုပ်ရေးမှူး ဦးမျိုး မြင့်က ဦးတိုက်လျှောက်ထားရာ တရားရုံးကလက်ခံပြီး ၂၀၁၉ သြ ဂုတ် ၈ရက် တွင် ဖမ်းဝရမ်းထုတ်ခဲ့ သည်။ သို့သော် ဦးလှဆွေကို ယခု အချိန်ထိဖမ်းမမိသေးပေ။ ဦးလှ ဆွေကို ဖမ်းမမိသေးသဖြင့် ယခု အမှုကို တရားခံမျက်ကွယ်တွင်စစ် ဆေးနေပြီး စွဲဆိုထားသည့် ပုဒ်မ ၁၂၄-ကသည် ပြစ်မှုထင်ရှားပါ က အမြင့်ဆုံးထောင်ဒဏ်နှစ် ၂၀ အပြင်ငွေဒဏ်ပါချမှတ်နိုင်သည်။
တပ်မတော်ထိပ်တန်းခေါင်း ဆောင်များကို အမေရိကန်အစိုးရ က ပိတ်ဆို့အရေးယူသည့်အပေါ် ၂၀၁၉ သြဂုတ် ၃ ရက်က ပြုလုပ် သည့် ဆန့်ကျင်ကန့်ကွက် ပွဲတွင် ဦးလှဆွေက ‘‘အမေရိကန် က လာဗုံးခွဲရင် ဝန်ကြီးများရုံးတို့၊ သမ္မတရုံးတို့၊ အစိုးရအဖွဲ့ရုံးတို့၊ အတိုင်ပင်ခံရုံးတို့ ဗုံးကြဲရင်သ ဘောမတူဘူးလား။ အသာလေး ကြည့်နေလိုက်ပေါ့။ အစိုးရအဖွဲ့ ရုံးတွေ၊ ဝန်ကြီးရုံးတွေ၊ အကုန် လုံးသေပါစေ၊ အေးရောမဟုတ် ဘူးလား’’ဟု ပြောကြားခဲ့သည်။
........................................
END/ 251