
အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာန
ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံသို့ ပြန်လာသူများ ကို ၁၄ ရက်ကြာ အသွားအလာကန့်သတ်ခြင်း (Quarantine)ထားရှိရန် ရန်ကုန်တိုင်းဒေသကြီးအတွင်း ခြောက်နေရာ ပြင်ဆင် ထားသည်ဟု သိရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်း လတ်က ပြောသည်။
မှော်ဘီမြို့ ဓမ္မဒူတဆေ ကိန္ဒာရာမ ကျောင်းတိုက်၊ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ဟိုတယ်၊ 7 Mile ဟိုတယ်၊ တာမွေမြို့နယ် ဧရာဝတီဘဏ် လေ့ကျင့်ရေး သင်တန်းကျောင်း၊ သင်္ဃန်းကျွန်းမြို့နယ် ဘောလုံးအကယ်ဒမီ သင်တန်းကျောင်း၊ လှိုင်တက္ကသိုလ်နယ်မြေ မင်းဓမ္မဥယျာဉ်မြို့တော် ဆရာများအိမ်ရာတို့တွင် ပြည်ပမှ ပြန်လာသူများကို ၁၄ ရက်ကြာ သီးခြားထားရှိရန် ပြင်ဆင်ထားသည်။
လှိုင်တက္ကသိုလ် နယ်မြေရှိ မင်းဓမ္မဥယျာဉ်မြို့တော် ဆရာများအိမ်ရာတွင် ပြည်ပမှ ပြန်လာသူ ၃၀၀ ကျော်ကို ၁၄ ရက်ကြာQuarantine ထားရှိရန် ပြင်ဆင်နေကြောင်း အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက ပြော သည်။ယမန်နေ့ညနေ ၃ နာရီက ရန်ကုန်တိုင်းဒေသကြီးအစိုးရအ ဖွဲ့ရုံးတွင်ပြုလုပ်သော COVID- 19 ထိန်းချုပ်ကုသရေးလုပ်ငန်း များအသုံးပြုရန် ပစ္စည်းများပေး အပ်လှူဒါန်းခြင်း အခမ်းအနား တွင် ရန်ကုန်တိုင်းလူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ‘‘ကျွန်တော်တို့ လောလောဆယ်မှာ လေဆိပ်က နေတစ်ဆင့် ပြန်လာတဲ့ ကျွန် တော်တို့ရဲ့နိုင်ငံသားတွေနဲ့ ပတ် သက်လို့ Quarantine ထားရမယ့် နေရာတွေကို ကျွန်တော်တို့အပူ တပြင်းဆောင်ရွက်နေတာဖြစ်ပါ တယ်။ အဲဒီလိုနေရာတွေမှာ အခု ဆိုလို့ရှိရင်တော့ နေရာအားလုံးပေါင်းဆိုရင် ခြောက်နေရာ လောက်စီစဉ်ထားပြီးသားဖြစ်ပါ တယ်။ ပထမဆုံးလှည်းကူး (ခွဲ စိတ်)သင်တန်းကျောင်းမှာ ၁၀၇ ဦးထားမယ်။ ထားတဲ့အခါမှာ လည်း အဆင်မပြေတဲ့အတွက် ကြောင့် ဒီနေ့ဆိုလို့ရှိရင် ဆရာ တော်အရှင်ဆေကိန္ဒရဲ့ကျောင်း မှာ ဆရာတော်ရဲ့ကျေးဇူးနဲ့ထား နိုင်တာဖြစ်ပါတယ်။ ၁၀၇ ဦးထား ပါတယ်’’ ဟု ပြောသည်။
ဆက်ပြီး၎င်းက ‘‘ဒီညနေမှာ ၁၀၀ လောက်ထပ်ရောက်မယ် လို့သိရပါတယ်။ နောက်ပြီးတော့ တခြားနေရာတွေဖြစ်တဲ့ တာမွေ မှာရှိတဲ့ AYA Bank နဲ့ Training Center မှာဆိုရင် ၂၃ ဦးထား ထားပါတယ်။ Yangon Airport Hotel မှာဆို ၇၁ ဦးထားထားပါ တယ်။ ခုနစ်မိုင်ဟိုတယ်မှာဆို လည်း ၃၁ ဦးထားတာရှိပါတယ်’’ ဟု ဆိုသည်။
ဓမ္မဒူတဆေကိန္ဒာ ရာမကျောင်းတိုက်တွင် Quarantine နေထိုင်သူများအတွက် အစားအသောက်နှင့် အခြားလိုအပ်ချက်များကို ကျောင်းတိုက် ဒါယကာများက လှူဒါန်းထားပြီး ကျန်းမာရေး စောင့်ရှောက်မှုအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မှ ကျန်းမာရေးဝန်ထမ်းများက တာဝန်ယူထားကြောင်း ၎င်းကဆို သည်။
ထို့အပြင် လိုအပ်နေသည့် COVID-19 စောင့်ကြည့်လူနာ များထားရှိရန်နေရာအတွက် ကူ ညီမည်ဟု ရန်ကုန်တိုင်းဒဂုံမြို့သစ် တောင်ပိုင်းရှိ သီရိဂုဏ်ဝေဓမ္မဗိ မာန်ကျောင်းတိုက် တရားဦးဓမ္မ စကြာဆရာတော်ဦးပညာသိဟာ ဘိဝံသက မိန့်ကြားသည်။
ယခုအချိန်တွင် တရားစခန်း များလည်း ပိတ်ထားရသည့်အ ခြေအနေဖြစ်သဖြင့် အစိုးရက ဆက်သွယ်လာပါက ၎င်း၏ ကျောင်းသာမက အခြားရိပ်သာ ကျောင်းများလည်း ကူညီမည့် အ နေအထားတွင်ရှိသည်ဟု ဆရာ တော်က မိန့်ကြားသည်။
‘‘COVID-19 စောင့်ကြည့် လူနာများ ထားစရာနေရာများ လို အပ်ရင် တရားစခန်းတွေနားထား ရလို့ ရိပ်သာတွေမှာ နေရာတွေ များစွာရှိပါတယ်။ တရားစခန်း ဖွဲ့ စည်းပုံအရ ကိုယ့်အခန်းနဲ့ကိုယ်မို့ လုံခြုံစိတ်ချရပါတယ်’’ ဟု ဆရာ တော်က မိန့်ကြားသည်။
ဆရာတော်၏ သီရိဂုဏ်ဝေ ဓမ္မဗိမာန်ကျောင်းတွင် နှစ် ယောက်နေအခန်း ၆၀ ခန့်နှင့် သုံး ယောက်နေအခန်း ၃၃ ခန်းရှိပြီး အခန်းတိုင်းတွင် သန့်စင်ခန်း၊ မျက်နှာသစ်စင်၊ ရေချိုးခန်း၊ ခု တင်များ အသင့်ရှိထားပြီး မြို့ထဲ နှင့်လည်း အလှမ်းကွာသဖြင့် အ ကူအညီတောင်းခံလာပါက အ သင့်ရှိသည်ဟု ဆရာတော်က မိန့် ကြားသည်။
ပြည်ပမှ ပြန်လာသူ တစ်ဦးချင်းအတွက် Quarantine နေထိုင်ရမည့်နေရာကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတ်မှတ်ပြီး မင်းဓမ္မဥယျာဉ်မြို့တော်ဆရာများ အိမ်ရာကလွဲ၍ ကျန်နေရာများကို Quarantine နေရာအဖြစ် သုံးခွင့်ပြုသည့် အဖွဲ့အစည်းက တာဝန်ယူခြင်းဖြစ်ကြောင်း ဦးနေဘုန်းလတ်က ဆိုသည်။လက်ရှိတွင် ပြည်ပနိုင်ငံများမှ လေကြောင်းခရီးဖြင့် ပြန်လာသူများကိုသာ Quarantine နေရာများ၌ သီးခြားထားရှိပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း အခြားဝင်ပေါက်များမှ ဝင်လာသူများကို Home Quarantine အဖြစ်သာ ထားရှိခြင်းက အန္တရာယ်များကြောင်း ၎င်းကထောက် ပြသည်။
‘‘လေဆိပ်က ပြန်လာတဲ့သူတွေကိုပဲ Facility Quarantine လုပ်နိုင်တာ။ နယ်စပ်တွေက အထူးသဖြင့် မြဝတီဘက်က ပြန်လာတဲ့သူတွေက Home Qua-rantine လို့ပဲ သိထားတယ်။ အဲဒါကျတော့ တော်တော်လေး အန္တရာယ်များသွားတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက တာဝန်အရမ်းကြီးသွားတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ Home Qua-rantine လုပ်တဲ့ဟာကို လည်း ဘယ်ရပ်ကွက်တွေ၊ ဘယ်နေရာတွေကို ရောက်လာလဲ၊ ရောက်လာတဲ့ စာရင်းတွေကို အုပ်ချုပ်ရေး ဌာနတွေကတစ်ဆင့် သေချာအပြင် မထွက်ဖို့အရေး ကြပ်မတ်နိုင်ရင်တော့ ကောင်းပါတယ်’’ဟု ၎င်းက အကြံပြုသည်။
....................................................
END / 251