အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
တရုတ်နိုင်ငံမှာ COVID-19 အတည်ပြုလူနာ ၁၄ ဦး ဒီနေ့ထပ်တွေ့ခဲ့ပြီး ၂ ဦးက ပြည်ပက လူတွေနဲ့ ထိတွေ့ခဲ့တယ်လို့ တရုတ်အမျိုးသားကျန်းမာရေး ကော်မရှင်က ထုတ်ပြန်လိုက်ပါတယ်။
လူနာတွေအားလုံးထဲမှာ ၁၁ ဦးက အရှေ့မြောက်ပိုင်း ကျီလင်းပြည်နယ်ကဖြစ်ပြီး ၁ ဦးက အလယ်ပိုင်းဟူဘေပြည်နယ်ကပါ။ ပြည်ပကလူတွေနဲ့ ထိတွေ့ ကူးစက်ခံရသူနှစ်ဦးကတော့ ရှန်ဟိုင်းက ဖြစ်ပါတယ်။
မေ ၁၀ ရက်နေ့မှာ သေဆုံးသူစာရင်းမရှိပေမဲ့ မွန်ဂိုလီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ သံသယအဆင့် ပြည်ပက ထိတွေ့လူနာတဦး ရှိထားတယ်လို့ ဆိုပါတယ်။
ဟောင်ကောင်မှာ လူနာ ၉၀၀ ရာကျော်၊ မကာအိုမှာ ၄၀ နဲ့ ထိုင်ဝမ်က ၃၆၁ ဦးတို့ ကျန်းမာရေးပြန်ကောင်းလာလို့ ဆေးရုံကဆင်းခွင့်ပေးခဲ့ပြီလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
*******************************************************************
END /251