အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
INN Channel ၏ အစီရင်ခံစာ အရ ယီမင်နှင့် ဆော်ဒီအာရေဗျအကြား တင်းမာမှုများ ဆက်လက်မြင့်တက်နေချိန်တွင် ဆော်ဒီအာရေဗျ၏ မုဖ်သီချုပ် ရှိက်ခ် ဒေါက်တာ ဆွာလေဟ် အလ်ဖောင်ဇန် ဘင်န် အဗ် ဒွလ္လာဟ် အလ်ဖောင်ဇန် က ဟူသီ နှင့် ဂျေဟာဒ် ပြုရန် ဖသ်ဝါ ပေါ်ထွက်လာပါတယ်။
အဆိုပါဖသ်ဝါ တွင် ဆော်ဒီအာရေဗျ၏ စစ်တပ်နှင့် လုံခြုံရေးအင်အားစုများအနေဖြင့် စုစည်း၍ နိုင်ငံကို ကာကွယ်ရန်နှင့် မက္ကာမြို့အပါအဝင် သန့်ရှင်းမြင့်မြတ်သော နေရာများ၊ ဗလီများနှင့် ကအ်ဗဟ် ဝတ်ကျောင်း တော် ကို ကာကွယ်ရန် လိုအပ်ကြောင်း ပြောဆိုထားခြင်း ဖြစ်ပါတယ်။
ယင်းပြောဆိုချက်ကို “ဖတ်ဝါ” အဖြစ် သတ်မှတ်နိုင်ပါတယ်။ မုဖ်သီ ချုပ် ၏ ရာထူးနှင့် အစ္စလာမ်ဘာသာဝင်များ၏ “အွန်မ္မသ် ” တစ်ခုလုံးအပေါ် သက်ရောက်မှုရှိသည့် အကြောင်းအရာဖြစ်ပါတယ်။
သို့သော် ယင်းအခြေအနေအပေါ် မေးခွန်းထုတ်ရာတွင် ပါလက်စတိုင်းနှင့် ဂါဇာဒေသရှိ မွတ်စလင်များသည်လည်း အွန်မ္မသ် ၏ အစိတ်အပိုင်းများဖြစ်ပါက ၎င်းတို့အပေါ် အလားတူ စိုးရိမ်မှုနှင့် အာရုံစိုက်မှု ရှိ၊ မရှိ မေးမြန်းထားပါတယ်။
ထို့အပြင် ယီမင်ရှိ ဟူသီများအပေါ် ထုတ်ပြန်ခဲ့သည်အဆိုပါ ဤဖသ်ဝါ ကို အစ္စရေးနိုင်ငံ နှင့် ပတ်သက်၍ ထုတ်ပြန်ခဲ့ပါက ပါလက်စတိုင်း၊ အထူးသဖြင့် ဂါဇာတွင် သေဆုံးနေသူများအတွက်လည်း အွန်မ္မသ် ၏ ကိစ္စအဖြစ် သတ်မှတ်မည်လား? ဆိုသည့် မေးခွန်းကိုလည်း မေးနိုင်ပါတယ်။
ဟူသီများဘက်တွင်လည်း ဆော်ဒီတပ်ဖွဲ့များ၏ တိုက်ခိုက်မှုများကို တုံ့ပြန်ရန် အသင့်ပြင်ဆင်ထားကြောင်း သိရှိရပါတယ်။ ထို့ကြောင့် ယီမင်၊ဆော်ဒီ ပဋိပက္ခသည် ပိုမိုပြင်းထန်လာနိုင်ကြောင်း သုံးသပ်နိုင်ပါတယ်။
စစ်ပွဲစတင်ခဲ့ခြင်းနှင့် ပတ်သက်၍လည်း ဟူသီများက စတင်ခဲ့ခြင်းမဟုတ်ဘဲ ဆော်ဒီအာရေဗျက စတင်ခဲ့သည်ဟု ဆိုရပါမယ်။
ထို့အပြင် မက္ကာ နှင့် ကအ်ဗဟ် ဝတ်ကျောင်း တော် ကို ဟူသီများက တိုက်ခိုက်ခဲ့သည်ဆိုသည့် သတင်းများမှာ မမှန်ကန်ကြောင် ယင်းအချက်များအပေါ် မည်သည့် အထောက်အထားများ မရှိ ကြောင်း ၊ ဖြစ်ရပ်၏ နောက်ကွယ်တွင် အခြားအကြောင်းရင်းများ ရှိ၊ မရှိဆိုသည်ကိုလည်း ဆက်လက်မေးခွန်းထုတ်စရာ ဖြစ်ကြောင်း သိရပါတယ်။
တစ်နည်းအားဖြင့် ဆော်ဒီအာရေဗျ၏ မုဖ်သီချုပ် ရှိက်ခ် ဒေါက်တာ ဆွာလေဟ် အလ်ဖောင်ဇန် ဘင်န် အဗ် ဒွလ္လာဟ် အလ်ဖောင်ဇန် က ဟူသီ အပေါ် ဂျေဟာဒ် လုပ်ရန် ဖသ်ဝါ ပေးလိုက်ပြီး အမှန်တကယ် အစ္စလာမ် ရန်သူ ဖြစ်သည့် အမေရိကန် နှင့် အစ္စရေး တို့ အပေါ် ဂျေဟာဒ် လုပ်ဖို့ နှုတ်ဆိတ်နေခြင်း ဖြစ်ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment