အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဒေါက်တာ စီမာ စာဒါသ် လာရီ မှ မနေ့ မှစ၍ ယနေ့ ဇူလိုင်လ ၁၀ ရက်နေ့ အထိ ကိုရိုနာ ရောဂါ တိတိကျကျ ကူးစက်ခံရသူအသစ် ၂၂၆၂ဦး ဖြစ်ပြီး စုစုပေါင်း ရော ဂါသည်မှာ ၂၅၃၇၂၀ ဦးရှိသွားပြီး ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာ ခဲ့ပါတယ်။
ဆက်လက်ပြီး ဒေါက်တာ အနေဖြင့်ပြောကြားသည်မှာ - ဝမ်းနည်းစွာ ဖြင့်တင်ပြရမည်ဆိုလျှင် ကုန်ဆုံးသွားသည့် ၂၄နာရီ အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာ အရ ၁၄၂ ဦး အလ္လာဟ် ဟို အရှင်မြတ်အမိန့်ခံယူသွား သည် ဖြစ်ကြောင်း စုစုပေါင်းအလ္လာဟ် ဟို အရှင်မြတ် ခံသွားသူဦးရေမှာ ၁၂၄၄၇ ဦး ဖြစ်ကြောင်း တင်ပြ ပြောဆိုခဲ့ပါတယ်။
၎င်းအနေဖြင့်ဆက်လက်ပြီး ပြောကြားသည်မှာ -ကိုရိုနာ ရောဂါကူးစက်ခံထားရသူ ရောဂါသည်များ မှ ၂၁၅၀၁၅ ဦးပြန်လည်ကောင်းမွန် သွားပြီး ဆေးရုံ မှ ဆင်းသွား သည့် အတွက်နှင့် ဤ အစီအစဉ်သည် ဆက်လျက်ရှိနေမှာ ဖြစ်သည့် အတွက်ကြောင့် ဝမ်းမြောက် ပီတိ ဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ်။
၎င်းမှဆက်လက်တင်ပြ ပြောဆိုသည်မှာ - ၃၃၁၉ ဦးသည် စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေကြောင်း ပြောကြားခဲ့ပါတယ်။
ဒေါက်တာ လာရီ မှဆက်လက်ပြောကြား သည်မှာ လက်ရှိ အခြေအနေ အထိ အီရန် ပြည်သူ ပြည်သား ၁၉၂၂၅၀၁ ဦးအား ကိုရိုနာ ရောဂါ ရှိ မရှိ စိစစ် သွား ပြီး ဖြစ် ကြောင်းပြောကြားခဲ့ပါတယ်။
************************************
END / 251