အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ခေါ်ဆောင်ရန် COVID-19 ကာကွယ်၊ထိန်းချုပ်၊ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာန အနေဖြင့်သက်ဆိုင်ရာဝန်ကြီးဌာနများ၊ မြန်မာသံရုံးများနှင့် ပူးပေါင်းညှိနှိုင်း၍ ဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ ထိုသို့ ဆောင်ရွက်လျက်ရှိရာ ဂျော်ဒန်နိုင်ငံရှိ Rich Pine ၊ Century Miracle နှင့် Camel and Vega စသည့် ကုမ္ပဏီများတွင် အလုပ်လုပ်ကိုင်လျက်ရှိပြီး မြန်မာနိုင်ငံသို့ ပြန်ရန် အခက်အခဲကြုံတွေ့နေရသည့် မြန်မာအလုပ်သမား ၁၄၀ အား မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ဖြင့် ပထမအကြိမ်ကယ်ဆယ်ရေး လေယာဉ်ပြေးဆွဲလျက် ပြန်လည်ခေါ် ဆောင်နိုင်ရေးအတွက် မြန်မာသံရုံး တဲလ်အဗီးမြို့မှ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း ဝန်ကြီးဌာနက ဆိုသည်။

မြန်မာနိုင်ငံသို့ ပြန်လာမည့် မြန်မာလုပ်သားများ ဂျော်ဒန်နိုင်ငံရှိ လေဆိပ်တွင် စောင့်ဆိုင်းနေသည်ကို တွေ့ရစဉ်
အဆိုပါ မြန်မာလုပ်သား ၁၄၀ မှာ ဇူလိုင် ၁၉ ရက် နံနက် ၄ နာရီ ၄၅ မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန် လည်ရောက်ရှိခဲ့ကြကြောင်း သိရသည်။
မြန်မာနိုင်ငံသားများ ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေး စိစစ်ရေး နှင့် ၂၁ ရက်တာ အသွားအလာကန့်သတ် နေထိုင်ရေးတို့ကို အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာ န၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာအခန်းကဏ္ဍအလိုက် တာဝန် ယူ ဆောင်ရွက်ပေးခဲ့သည်ဟု နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆိုသည်။
ထို့ပြင် ဂျော်ဒန်နိုင်ငံတွင် ရောက်ရှိနေ ပြီး မြန်မာနိုင်ငံသို့ ပြန်ရန် အခက်အခဲကြုံ တွေ့နေရသည့် မြန်မာအလုပ်သမား များ အား ဒုတိယအကြိမ်အဖြစ်ဇူလိုင်လ စတုတ္ထ အပတ်အတွင်း ထပ်မံခေါ်ဆောင်မည် ဖြစ် ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ် ပြန်သည်။
အလားတူ စင်ကာပူနိုင်ငံ၊ မလေးရှား နိုင်ငံ အစရှိသည့် နိုင်ငံများတွင် ရောက်ရှိနေပြီး COVID-19 ကြောင့် ပြန်လာရန်အခက် တွေ့နေသည့် မြန်မာလုပ်သားများကို ကယ်ဆယ်ရေးလေယာဉ်များဖြင့် ပြန်လည်ခေါ် ယူလျက်ရှိကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
အရှေ့အလယ်ပိုင်းနိုင်ငံဖြစ်သည့် ဂျော်ဒန်နိုင်ငံတွင် မြန်မာလုပ်သားများလည်း သွားရောက်လုပ်ကိုင်လျက်ရှိပြီး အများစုမှာ အထည်ချုပ်စက်ရုံများတွင် လုပ်ကိုင်လျက်ရှိ ကာ အများစုမှာ အမျိုးသမီးများဖြစ်ကြောင်း သိရသည်။
ယခင်က ဂျော်ဒန်နိုင်ငံသို့ သွားရောက် လုပ်ကိုင်သူ မရှိသလောက်နည်းပါးခဲ့သော်လည်း ၂၀၁၀ နောက်ပိုင်းတွင် အထည်ချုပ် လုပ်ငန်းမှ အမျိုးသမီးအများစုမှာ သွား ရောက်လုပ်ကိုင်ခြင်း များပြားလာခဲ့ခြင်းဖြစ် သည်။
#########################################
END/251