အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန၊အဗ်နာ
စူရဟ် ရူမ် အကြောင်း သိကောင်းစရာအမည် -ရူမ်
အဓိပ္ပာယ် - နိုင်ငံ တစ်နိုင်ငံ ၏ အမည်
ဤ အမည်ထွင်ရသည့် အာယသ်တော် - အာယသ်တော် အမှတ် - ၁
ရူမ် ဆိုသည့် စကားလုံး ဤ စူရဟ်တော် တွင်ပါဝင်သည့် အကြိမ် - ၁ ကြိမ်
ရူမ် ဆိုသည့် စကားလုံး ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင် သည့် အကြိမ် - ၇ ကြိမ်
အစောင် - ၂၁ ရကူအပိုဒ်တော်ပေါင်း - ၆အာယသ်တော်ပေါင်း - ၆၀
စကားလုံးတော်ပေါင်း - ၈၁၇
အက္ခရာတော်ပေါင်း - ၃၄၇၂
ဤစူရဟ်တော် တွင် အလ္လာဟ်ဆိုသည့် စကားလုံးတော်ပါဝင်မှု - ၂၄ ကြိမ်
ကျရောက်တော်မူသည့်နေရာ - မက္ကာဟ် ရွှေမြို့တော်
ကျရောက်သည့် အနေအထား - သဒ်္ဒရေဂျီ (တဖြည်းဖြည်းခြင်း)
ကျရောက်သည့်အမှတ်စဉ် - ၈၄
ဤစူရဟ် အလျင်း ကျရောက်သည့်စူရဟ် - စူရဟ် အင်န်ရှေကာဖ်
ဤစူရဟ် ပြီးနောက် ကျရောက်သည့်စူရဟ် - စူရဟ် အန်ကဘူသ်
အမည့်ထွင်ရသည့်အကြောင်း - ဤစူရဟ် ၏ ဒုတိယ အာယသ် တော် တွင် ရူမ် ဆိုသည့် စကားလုံး ပါဝင်သည့် အတွက်ကြောင့် ဖြစ်ပါတယ်။
အကျိုးအာနိသင် - မဟာတမန်တော်မြတ် ဟဇရသ် မိုဟမ္မဒ် (صلی الله علیه وآله) မိန့်တော်မူသည်။
“အကြင်မည်သူမဆို စူရဟ်ယေ ရူမ် ၏ သေလာဝသ် ပြုမည်ဆိုလျှင် အလ္လာဟ် ဟို အရှင်မြတ် သည် ၎င်း သေလာဝသ် ပြုသူအား မြေပထဝီ နှင့် မိုးကောင်းကင် အကြား ရှိ သက်စ်ဘီ ဖတ်ရွတ် သူ ကောင်းကင်တမန်များ ၏ အရေအတွက် ထက် ၁၀ ဆ ပို၍ အကျိုး စဝါးဗ် ပေးသနားတော်မူမည်။ ”
(မဂ်ျမအိုလ်ဗရန်းန်ကျမ်း အတွဲ ၈ ၊ စာမျက်နှာ ၄၂ )
ကျမ်းကိုး - (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ကျမ်း - ရေးသားသူ -ဟွဂ်ျဂျသွလ်အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ်မက်စ် အူးဒ် အခ် သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီး ဒါရိုကုရ်အာန်၊ကွမ်းမြို့))တည်ထောင်သူA.F.H.M
******************************************
END / 251