၂၆ ဩဂုတ် ၂၀၂၆ - ၀၃:၀၆
ဘာရိန်းအစိုးရ၏ စီမံကိန်းသစ် / အာရှူရာ၏ အနှစ်သာရကို ဖယ်ရှားပြီး အပေးအယူပြုရေးဝါဒကို အစား ထိုးခြင်း

ဘာရိန်းနိုင်ငံ၏ သတင်းဝက်ဘ်ဆိုက် မာရ်အသ်သိုလ်ဘာရိန်း က ထုတ်ပြန်သည့် သတင်းတစ်ရပ်တွင် ဘာရိန်း၏ ဘာသာရေးဂိုဏ်းခွဲခြားသည့် အစိုးရကို “ဘာသာရေးဥပဒေ သတ်မှတ်ချက်များ၏ စည်းမျဉ်းကို ကျော်လွန်ခြင်း” နှင့် “ဘာသာရေးမှ သွေဖည်သူများကို အသုံးချခြင်း” တို့ဖြင့် ရှီအဟ် ဘာသာရေးကို ထိခိုက်စေရန်နှင့် ဟိုစိုင်းန်နီယာများ (အေမာမ်ဘာရာများ ) မှ ဟိုစိုင်းန် နီတော်လှန်ရေး၏ အနှစ်သာရကို ဖယ်ရှားရန် ကြိုးပမ်းနေ သည်ဟု ဆိုထားပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အဆိုပါသတင်းအရ “ဝကဖ်” (ဘာသာရေးပိုင်ဆိုင်မှု စီမံခန့်ခွဲရေးဌာန) ၏  ဟိုစိုင်းန်နီယာများ (အေမာမ်ဘာရာများ ) ကို စီမံခန့်ခွဲမည့်သူများအား သတ်မှတ်ရာတွင် နိုင်ငံ၏ ထောက်လှမ်းရေးအဖွဲ့ကို ပါဝင်စေမည့် အစီအစဉ်သစ် သည် ရှီအဟ် ဘာသာရေး၏ ကိုယ်ပိုင်လက္ခဏာကို ဖျက်ဆီးပြီး အမေရိကန်နှင့် အစ္စရေးတို့နှင့် အပေး အယူပြုရေးဝါဒကို အစားထိုးရန် အစိုးရ၏ စီမံကိန်းတစ်ရပ်ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

မာရ်အသ် သိုလ်ဘာရိန်းက ဘာရိန်းအစိုးရ၏ ရှီအဟ် များအပေါ် မကြာသေးမီက ဆောင်ရွက်ချက်များကို သုံးသပ်ရာတွင် ဘာသာတိုင်းတွင် ကိုယ်ပိုင်လက္ခဏာများ၊ ဘာသာရေးအခမ်းအနားများ၊ ယုံကြည်ချက်များနှင့် လိုက်နာရမည့် စည်းမျဉ်းများ ရှိကြပြီး လူ့အဖွဲ့အစည်းတိုင်းသည် မိမိတို့၏ ထိုကွဲပြားချက်များကို လေးစားလိုက်နာခံစားခွင့်ရှိကြောင်း ဆိုပါတယ်။  သို့သော် ယနေ့  “အကြောင်းအကျိုးမဲ့သော လုပ်ရပ်” မှာ ဘာရိန်း ၏ အစွန်းရောက်ဂိုဏ်းခွဲခြားသည့် အစိုးရက ရှီအဟ် များအပေါ် ပြုမူနေသည့် လုပ်ရပ်များဖြစ်ကြောင်း သတင်းက ဆိုပါတယ်။

သတင်းတွင် ဆက်လက်ဖော်ပြထားသည်မှာ ယခုနောက်ဆုံး ဖိနှိပ်မှုများသည် ရှီအဟ် ဝကဖ်၏ ကြီးကြပ်ရေး တာဝန်များတွင် အစိုးရက ခန့်အပ်ထားသော “ဘာသာရေးမှ သွေဖည်သူများ”အုပ်စုတစ်စုကို အသုံးချခြင်းမှ တစ်ဆင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ထိုသူများသည် မိမိတို့၏ ရာထူးကို အသုံးပြု၍ ရှီအဟ် ဘာသာရေး ကိုယ်တိုင်နှင့် ရှီအဟ် ဘာသာဝင်များကို ထိခိုက်စေရန်၊ ဘာသာရေးစည်းမျဉ်းများနှင့် အခြေခံမူများကို ထိပါးရန် အသုံးပြုနေကြောင်း စွပ်စွဲထားပါတယ်။

မာရ်အသ် သိုလ်ဘာရိန်းက ဘာရိန်းအစိုးရ၏ “ဝကဖ်ဌာန”မှတစ်ဆင့် ဆောင်ရွက်နေသည့် မကြာသေးမီက လုပ်ရပ်များသည် ဘာသာရေးဥပဒေသတ်မှတ်ချက်များကို ကျော်လွန်ပြီး အခြေခံဘာသာရေးမူများကို လျစ်လျူရှုနေကြောင်း ဆိုပါတယ်။

နောက်ဆုံးဥပမာမှာ ဝကဖ်ဌာန၏ ကြေညာချက်သစ်ဖြစ်ပြီး၊ ယင်းကြေညာချက်က  ဟိုစိုင်းန်နီယာများ (အေမာမ်ဘာရာများ ) ၏ စီမံခန့်ခွဲမှုကို သတ်မှတ်ပေးမည့်ကိစ္စအား နိုင်ငံ၏ ထောက်လှမ်းရေးအဖွဲ့ထံ လွှဲအပ်ခြင်းဖြင့် ရှီအဟ် များ၏ ဘာသာရေးလက္ခဏာနှင့် ဘာသာရေးပတ်ဝန်းကျင်၊ အထူးသဖြင့် ဟူစိုင်နီယာများအပေါ် ထိန်းချုပ်ရန် အစိုးရ၏ နောက်ထပ်စီမံကိန်းကို ဖော်ထုတ်ပြသလိုက်ခြင်း ဖြစ်သည်ဟု သတင်းက ဆိုပါတယ်။

ထို့အပြင်  ဟိုစိုင်းန်နီယာများ (အေမာမ်ဘာရာများ ) ၏ စီမံခန့်ခွဲသူများကို ရွေးချယ်ခန့်အပ်ရန် “ဝကဖ်ဌာန” တွင် အရည်အချင်းမရှိကြောင်း စောင့်ကြည့်လေ့လာသူအားလုံး သိရှိကြပြီး၊ အဆိုပါဌာနသည် ပြည်ထဲရေးဝန်ကြီးဌာန၏ ကိရိယာတစ်ခုအဖြစ် ပြောင်းလဲသွားပြီဖြစ်ကြောင်း အစီရင်ခံစာက အလေးပေးဖော်ပြပါတယ်။

နောက်ဆုံးတွင် အစိုးရသည် ဟိုစိုင်းန်နီယာများ (အေမာမ်ဘာရာများ ) ၏ စီမံခန့်ခွဲမှုအတွင်း မိမိတို့၏ အေးဂျင့်များနှင့် သူလျှိုများကို အမြဲတမ်း ထည့်သွင်းရန် ကြိုးပမ်းခဲ့ကြောင်း၊ ထိုမှတစ်ဆင့် မိမိတို့၏ အစီအစဉ်များကို အကောင်အထည်ဖော်ကာ ဟိုစိုင်းန်နီတော်လှန်ရေး၏ အနှစ်သာရကို  ဟိုစိုင်းန်နီယာများ (အေမာမ်ဘာရာများ ) မှ ဖယ်ရှားရန်၊ အဲဟ်လေ့ဘိုက်(သ) (အ.စ)  ၏ အတွေးအခေါ်ကို  ဟိုစိုင်းန်နီယာများ (အေမာမ်ဘာရာများ ) ၏ စိတ်ဓာတ်နှင့် ကင်းကွာစေရန် ကြိုးပမ်းနေသည်ဟု သတင်းက စွပ်စွဲထားပါတယ်။

 ထို့နောက် ယဇီးဒ်၊ ရှိမရ်နှင့် ဟရ်မလာတို့နှင့်ပင် အပေးအယူလုပ်ရေးမှတစ်ဆင့် နောက်ဆုံးတွင် အမေရိကန်နှင့် အစ္စရေးတို့နှင့် အပေးအယူပြုရေ အထိ ရည်ရွယ်နေကြောင်းလည်း ဖော်ပြထားပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha