အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မဲဟ် သတင်းဌာန ၏ သတင်း အထောက်အထား များ အရ ကာတာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မိုဟမ္မဒ် အဗ်ဒို ရဲဟ်မန် အာလေ စာနီ အနေဖြင့် ဘလူးမ်ဘရ်ဂ် နှင့် စကားပြောကြားစဉ် အာရပ်နိုင်ငံများ အား အီရန် နိုင်ငံ နှင့် အပြန်အလှန် ဆွေးနွေး မှုများ ပြု ရန် မေတ္တာရပ်ခံ ခဲ့ပါတယ်။
ကာတာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မိုဟမ္မဒ် အဗ်ဒို ရဲဟ်မန် အာလေ စာနီ အနေဖြင့်ပြောကြား သည်မှာ ပါရှန်းပင်လယ်ကွေ့ ရှိ အာရပ်အာဏာ ပိုင် များ အား အီရန် နိုင်ငံ နှင့် အပြန်အလှန် ဆွေးနွေး မှုများ ပြု ရန် အချိန် ရောက်ပြီး ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ၎င်း အနေဖြင့် ပြောကြားသည်မှာ ပါရှန်းပင်လယ်ကွေ့ ရှိ အာရပ်အာဏာ ပိုင် များ နှင့် အီရန် နိုင်ငံ အကြား အပြန်အလှန် ဆွေးနွေး မှုများပြုရန် အတွက် ဒိုဟာ မြို့ က အိမ်ရှင် အဖြစ် ဆောင်ရွက် ပေးဖို့ အသင့် ရှိ ကြောင်း ပြောကြား ခဲ့ပါတယ်။
မှတ်သားစရာအချက်မှာ ကာတာ အနေဖြင့် မကြာသေးမီ က ဆော်ဒီ အာရေဗျ ၊ အီဂျစ် ၊ ဘာရိန်း နှင့်ယူအေအီး နိုင်ငံတို့ နှင့် ကွဲလွဲမှု များ ကို ဖြေရှင်းခဲ့ပြီး ဖြစ်ပါတယ်။
********************************************
END / 251