၁၅ မေ ၂၀၂၁ - ၁၉:၁၂
 ဂျပန် သတင်းထောက် ကိုပြန်လွှတ်ပေးပြီး မြန်မာသတင်းထောက် ကို စစ်ခုံရုံး က ထောင်၃နှစ်ချ

စစ်အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုတွေကို သတင်းလိုက်ဖော်ပြခဲ့တဲ့ မြန်မာသတင်းထောက်တစ်ဦး သွေးထိုးလှုံ့ဆော်မှုနဲ့ ထောင်ဒဏ် ၃နှစ် ချမှတ်ခံရကြောင်း သူ့သတင်းဌာနအဖွဲ့အစည်းက ပြောကြားခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ နှစ်ကြိမ်အဖမ်းခံခဲ့ရတဲ့ ဂျပန်သတင်းထောက်ကို ပြန်လွှတ်ပေးမယ်လို့ အာဏာပိုင်တွေက ကြာသာပတေးနေ့က ကြေငြာခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ


စစ်အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုတွေကို သတင်းလိုက်ဖော်ပြခဲ့တဲ့ မြန်မာသတင်းထောက်တစ်ဦး သွေးထိုးလှုံ့ဆော်မှုနဲ့ ထောင်ဒဏ် ၃နှစ် ချမှတ်ခံရကြောင်း သူ့သတင်းဌာနအဖွဲ့အစည်းက ပြောကြားခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ နှစ်ကြိမ်အဖမ်းခံခဲ့ရတဲ့ ဂျပန်သတင်းထောက်ကို ပြန်လွှတ်ပေးမယ်လို့ အာဏာပိုင်တွေက ကြာသာပတေးနေ့က ကြေငြာခဲ့ပါတယ်။

မြန်မာနိုင်ငံ ပဲခူးတိုင်းဒေသ မြန်မာ့ဒီမိုကရက်တစ်အသံ (DVB) သတင်းဌာနအတွက် အလုပ်လုပ်ပေးနေတဲ့ မင်းညိုဟာ မတ်လ ၃ ရက်နေ့က ဖမ်းဆီးခံခဲ့ရပြီး ဗုဒ္ဓဟူးနေ့မှာ စစ်ခုံရုံးက အပြစ်ရှိကြောင်း တွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။ “အာဏာပိုင်တွေအနေနဲ့ မင်းညိုကိုချက်ခြင်းပြန်လွှတ်ပေးဖို့ DVB ကတောင်းဆိုပါတယ် ဒါ့အပြင်မြန်မာနိုင်ငံတစ်ဝန်း ဖမ်းဆီးခံထားရတဲ့ သတင်းထောက်တွေကိုပါပြန်လွှတ်ပေးဖို့ တောင်းဆိုပါတယ်” လို့ DVB ကပြောကြားခဲ့ပါတယ်။

သူဟာရဲတပ်ဖွဲ့တွေရဲ့ရိုက်နှက်မှုတွေလည်းခံခဲ့ရပြီး မိသားစုလာရောက်တွေ့ဆုံခွင့်ကိုပါ ငြင်းပယ်ခံထားရတယ်လို့ DVB ကဆိုပါတယ်။ အဲဒီသတင်းကြေငြာချက်မှာပဲ နိုင်ငံပိုင် MRTV က မင်းညိုလိုပဲ တူညီတဲ့ပုဒ်မတွေနဲ့စွဲချက်တင်ခံထားရတဲ့ နောက်ထပ်သတင်းထောက်တစ်ဦးဖြစ်တဲ့ ယူကီကီတာဇူမီကို ဂျပန်နဲ့မြန်မာရဲ့ရင်းနှီးတဲ့ဆက်ဆံရေးကို အသိအမှတ်ပြုတဲ့အနေနဲ့ ပြန်လွှတ်ပေးမယ်လို့ ဖော်ပြခဲ့ပါတယ်။ ရန်ကုန်မြို့မှာ မီဒီယာကုမ္ပဏီတစ်ခုထူထောင်ထားတဲ့ ကီတာဇူမီဟာ စစ်အာဏာသိမ်းပြီးကတည်းက ဧပြီ ၁၉ရက်နေ့မှာ ဒုတိယအကြိမ်မြောက် ဖမ်းဆီးခံခဲ့ရပြီး တရားစွဲဆိုခြင်းခံရတဲ့ ပထမဆုံးနိုင်ငံခြားသတင်းထောက်တစ်ဦးဖြစ်လာခဲ့ပါတယ်။

ဂျပန်ဟာ ကြီးမားတဲ့ရင်းနှီးမြုပ်နှံ့မှုမိတ်ဖက်နိုင်ငံဖြစ်ပြီး မြန်မာအရပ်သားအစိုးရတွေအတွက် နည်းပညာပိုင်းအကူအညီတွေနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူတွေပေးခဲ့တဲ့ နိုင်ငံလည်းဖြစ်ပါတယ်။ ဖမ်းဆီးခံထားရသူ ၄၉၀၀ နီးပါးထဲတွင် သတင်းထောက်အများအပြားပါဝင်ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီမှုအသင်း(AAPP) က ဖော်ပြခဲ့ပါတယ်။ DVB ဟာ စစ်တပ်ကလိုင်စင်ဖျက်သိမ်းလိုက်တဲ့ သတင်းမီဒီယာတစ်ချို့ထဲမှာပါဝင်ပါတယ်။ စစ်တပ်က အင်တာနက်လိုင်းတွေကိုတင်းကျပ်ထားမှုတွေနဲ့ စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြမှုတွေကို ဖိနှိပ်ဖို့အင်အားအလွန်အကျွံသုံးစွဲခဲ့ပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေက အရပ်သား ၇၈၀ဦးထက်မနည်းကို အကြမ်းဖက်သတ်ဖြတ်ခဲ့ကြောင်း AAPP ကဖော်ပြခဲ့ပါတယ်။

နောက်ထပ် DVB သတင်းထောက်၃ဦးလည်း ထိုင်းနိုင်ငံမြောက်ပိုင်းမှာ မြန်မာနိုင်ငံကထွက်ပြေးလာပြီးနောက် တရားမဝင်ဝင်ရောက်မှုအတွက် ဒီတစ်ပတ်တုန်းက ဖမ်းဆီးထိန်းသိမ်းခံလိုက်ရပါတယ်။ သူတို့ကို မြန်မာပြည်ပြန်မပို့ဖို့ လူ့အခွင့်အရေးအဖွဲ့တွေက ထိုင်းကိုမေတ္တာရပ်ခံထားပါတယ်။

Reuters သတင်းဌာနပါ “Myanmar jails local journalist, to free Japanese reporter” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။


*****************************************************************
END / 251