၃ အောက်တိုဘာ ၂၀၂၁ - ၂၀:၄၄
မန္တလေး မြတောင်‌‌ကျောင်းတိုက် ကို စီးနင်း ရှာဖွေကာ သံဃာပိုင် ပစ္စည်းများ ကို စစ်ကောင်စီ ယူဆောင်သွား

မန္တလေးမြတောင်ကျောင်းတိုက်အတွင်း အကြမ်းဖက်စစ်တပ်က ယမန်နေ့ အောက်တိုဘာ ၂ ရက် ညတွင် ၀င်ရောက်စီးနင်းရှာဖွေကာ သံဃာပိုင်( သံဃိက) ပစ္စည်းများကို ယူဆောင်သွားကြောင်း သိရသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မန္တလေးမြတောင်ကျောင်းတိုက်အတွင်း အကြမ်းဖက်စစ်တပ်က ယမန်နေ့ အောက်တိုဘာ ၂ ရက် ညတွင် ၀င်ရောက်စီးနင်းရှာဖွေကာ သံဃာပိုင်( သံဃိက) ပစ္စည်းများကို ယူဆောင်သွားကြောင်း သိရသည်။

"ဦးဇင်းလေးပါး လာရှာတာလို့ ပြောတာပဲ။ မတွေ့တော့ ကျောင်းကကိုယ်တော်တစ်ပါးရဲ့ ပစ္စည်းတွေယူသွားတယ်။ စာသင်သားကိုယ်တော်ရဲ့အသုံးအဆောင်ဆိုတော့ သံဃိကပစ္စည်း(သံဃာပိုင်ပစ္စည်း)ဖြစ်ပါတယ်" ဟု သံဃသမဂ္ဂအဖွဲ့မှ သံဃာတော် တစ်ပါးက မိန့်သည်။

အကြမ်းဖက်စစ်ကောင်စီ လက်နက်ကိုင် တပ်ဖွဲ့သည် ယမန်နေ့ မွန်းလွဲပိုင်းက သံဃသမဂ္ဂသပိတ်စစ်ကြောင်းအား အကြမ်းဖက်ဖြိုခွင်းပြီးနောက် ညပိုင်းတွင် မြတောင်ကျောင်းတိုက်အတွင်း ၀င်ရောက်စီးနင်းခြင်းဖြစ်သည်။

ကျောင်းဝင်းအတွင်း ၀င်ရောက်စီးနင်းမှုနှင့်ပတ်သက်၍ အကြမ်းဖက်စစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့ ၀င်များသည် ကျောင်းတစ်ကျောင်းကိုမွှေနှောက်ဖျက်ဆီးသွားကြောင်း၊ ကျောင်းနေသံဃာတော်တစ်ပါး၏ ကွန်ပျူတာတစ်လုံးနှင့် အားသွင်းထားသည့် လက်ကိုင် တယ်လီဖုန်းတစ်လုံးကိုယူသွားကြောင်း၊ ၎င်းတို့လာရှာသည့် သံဃာတော်လေးပါးအား ရှာမတွေ့သဖြင့် ကျောင်းကိုဖျက်ဆီးသွားခြင်း ဖြစ်ကြောင်း၊ ကျောင်းနေသက်ကြီး၊ ဝါကြီးမထေရ်တစ်ပါး၏ သေတ္တာသုံးလုံးကိုလည်းယူသွားကြောင်း၊ အဆိုပါသေတ္တာသည် ရှေးခေတ်စစ်သုံး ရှားပါးပစ္စည်းဖြစ်ကြောင်း၊ ငွေအနည်းငယ်ကို လည်း ယူသွားကြောင်း သံဃသမဂ္ဂ(မန္တလေး)မှ တရားဝင် သတင်းထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်ကောင်စီ လက်နက်ကိုင် တပ်ဖွဲ့သည် ယနေ့နံနက်ပိုင်းတွင်လည်း ပြည်ကြီးတံခွန်မြို့နယ် မဟာဝိဇိတာရာမကျောင်းတိုက်အတွင်း ထပ်မံဝင် ရောက်စီးနင်းပြီး ရှာဖွေမှုများ ပြုလုပ်ခဲ့သေးကြောင်းသိရသည်။

မဟာဝိဇိတာရာမ ကျောင်းတိုက်အတွင်းရှိ တေဇာလင်္ကာရကျောင်းကို အကြမ်းဖက်စစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့က စက်တင်ဘာလ ၂၈ ရက်နေ့တွင် ၀င်ရောက်စီးနင်းပြီး ကျောင်းထိုင်ဆရာတော်နှင့်သံဃာတော် သုံးပါး၊ လူပုဂ္ဂိုလ် နှစ်ဦးကိုဖမ်းဆီးခြင်း၊ သံဃာပိုင်ပစ္စည်းများကို ဖျက်ဆီးခြင်း၊ မော်တော်ယာဉ် သုံးစီးနှင့်မော်တော်ဆိုင်ကယ် နှစ်စီးကို သိမ်းယူခြင်းတို့လုပ်ခဲ့သေးသည်။


****************************************************************

END / 251