အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အာဖဂန်နိစ္စတန် နိုင်ငံ ၏ ကွန်ဒူဇ်မြို့ ရှိ ရှီအာဗလီ တွင် သောကြာနမာဇ် ဝတ်ပြုနေစဉ် ကြောက်စရာ ကောင်းသည့် ဗုံးပေါက်ကွဲမှု တစ်ရပ် ဖြစ်ပွားခဲ့ပါတယ်။ဗုံးဒဏ်ကြောင့် ၁၀၀ကျော် ရှဟီးဒ် ဖြစ်သေဆုံးခဲ့ပြီး ၂၀၀ ကျော် ဒဏ်ရာ ရခဲ့ကြောင်းသိရှိခဲ့ရပါတယ်။
နိုင်ငံတကာ သတင်းမီဒီယာ များ ၏ အဆိုအရ အာဖဂန်နိစ္စတန် နိုင်ငံ ၏ ကွန်ဒူဇ်မြို့ ရှိ ရှီအာဗလီ တွင် သောကြာနမာဇ် ဝတ်ပြုနေစဉ် ပြင်းထန်သည့် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။ တာလီဘန် ပြောရေးဆိုခွင့် ရှိသူ ၏ ပြောကြားချက်အရ ဗုံးပေါက်ကွဲမှု ကြောင့် လူအများ အပြား သေဆုံး ဒဏ်ရာ ရနိုင်ကြောင်း စိုးရိမ် ကြောင်း ပြောကြားခဲ့ပါတယ်။ သို့သော် ဒေသခံ မီဒီယာ များ ၏ သတင်းထုတ်ပြန် ချက်အရ ၁၀၀ကျော် ရှဟီးဒ် ဖြစ်သေဆုံးခဲ့ပြီး ၂၀၀ ကျော် ဒဏ်ရာ ရခဲ့ကြောင်း သိရှိခဲ့ရပါတယ်။
ဒဏ်ရာရရှိသူများ အား တာလီဘန် အဖွဲ့မှ ဝန်းကူညီပေးနေပြီး ရှာဖွေ ရေး များ ကိုလည်း ပြင်းထန်စွာ လုပ်ဆောင် နေကြောင်း ဒဏ်ရာ ရရှိသူများ ကို လူနာ တင်ယာဉ်များ ဖြင့် ဆေးရုံသို့တင်ပို့ ခဲ့ ကြ ကြောင်း လက်ရှိ အခြေအနေ ထိ ဗုံးပေါက်ကွဲမှု ၏ အမျိုးအစား ကို မသတ်မှတ်နိုင်သေးကြောင်း မည်သည့် အဖွဲ့အစည်းမှ တာဝန်ယူ ကြောင်းထုတ်ဖော်လာမှု မရှိသေးကြောင်း သိရှိရပါတယ်။
တာလီဘန် ပြောရေးဆိုခွင့် ရှိသူလည်းဖြစ် ပြန်ကြားရေး ဒုတိယ ဝန်ကြီး ဖြစ်သူ ဇဘီဟွလ္လာဟ် မိုဂျာဟစ်ဒ် မှ Tweet တစ်ခုတွင် ဗလီဝတ်ကျောင်းတော်တွင် ဗဲုးပေါက်ကွဲ မှုအား အတည်ပြု ပြောကြား ရင်း ကွန်ဒူဇ်မြို့ ရှိ ခန်းအာဗါဒ် ဆိပ်ကမ်း ဧရိယာ ရှိ ရှီအာ ဗလီ ဝတ်ကျောင်းတော် တစ်ခု တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ၎င်းပေါက်ကွဲမှု ကြောင့် မိမိတို့၏ နိုင်ငံ သား များစွာ သေဆုံး ဒဏ်ရာ ရခဲ့ရကြောင်း အာဖဂန် နိစ္စတန် နိုင်ငံ တွင် တာလီ ဘန် အဖွဲ့ အာဏာ ရပြီးကတည်းကISIS ခိုရာစာန် သည် ဗုံးပေါက်ကွဲမှု နှင့်အသေခံဗုံးခွဲမှုများကို အများအပြားပြု လုပ်ခဲ့မှု ဝန်ခံထားကြောင်း ဖော်ပြထားပါတယ်။
****************************************************************
END / 251