၉ နိုဝင်ဘာ ၂၀၂၆ - ၀၇:၅၉
တမန်တော် ယူစွဖ် (အ.စ)  ဇာတ်လမ်းတွဲတွင် ပါဝင်သရုပ်ဆောင်ခဲ့သည့် အီရန်ဝါရင့်အနုပညာရှင် ကူရူးရှ် ဇာရီအီ ကွယ်လွန်

အီရန်နိုင်ငံမှ ဝါရင့်ပြဇာတ်၊ ရုပ်ရှင်နှင့် ရုပ်မြင်သံကြား သရုပ်ဆောင်၊ ဒါရိုက်တာ ကူရူးရှ် ဇာရီအီသည် ဦးနှောက်ဆိုင်ရာ ရောဂါဝေဒနာဖြင့် မိမိနေအိမ်၌ ကွယ်လွန်သွားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အီရန်ဝါရင့်သရုပ်ဆောင်နှင့် ဒါရိုက်တာ ကူရူးရှ် ဇာရီအီ (Kourosh Zarei) သည် ဦးနှောက်ဆိုင်ရာ ရောဂါဝေဒနာကို တစ်နှစ်၊ နှစ်နှစ်ခန့်ကြာ ခံစားနေရပြီးနောက် မိမိ၏နေအိမ်၌ ကွယ်လွန်သွားခဲ့ပါတယ်။

၎င်းသည် အီရန်နိုင်ငံ၊ ဟော်မုဇ်ဂန်ပြည်နယ်၊ မီးနာဗ် မြို့ဇာတိဖြစ်ပြီး ပြဇာတ်၊ ရုပ်ရှင်နှင့် ရုပ်မြင်သံကြားလောကတွင် သရုပ်ဆောင်နှင့် ဒါရိုက်တာတစ်ဦးအဖြစ် ထင်ရှားသူဖြစ်ပါတယ်။  ထို့ပြင် လူသိများသည့် «တမန်တော် ယူစွဖ် (အ.စ) » ဇာတ်လမ်းတွဲတွင်လည်း ပါဝင်သရုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။ 

ကူရူးရှ် ဇာရီအီသည် ရှီအဟ် မွတ်စလင်မ် တစ်ဦး ဖြစ်ပါတယ်။ ဒါကြောင့်  အေမာမ် ဟိုစိုင်းန် (အ.စ) နှင့် အဲဟ်လေ့ဘိုက်(သ) (အ.စ) တို့အပေါ် ချစ်ခင်ယုံကြည်မှုရှိကြောင်း အင်တာဗျူးများတွင်လည်း ပြောကြားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha