၂၇ ဇန်နဝါရီ ၂၀၂၂ - ၂၀:၂၆
ပြည်တွင်း ရွှေနှင့်ငွေကြေးဈေးကွက်ကို ကြပ်မတ်ရန် စောင့်ကြည့်ထိန်းသိမ်းရေး အဖွဲ့ ဖွဲ့မည်

ပြည်တွင်း ရွှေနဲ့ ငွေကြေးဈေးကွက်ကို စောင့်ကြည့်ထိန်းသိမ်းကြပ်မတ်ဖို့ စောင့်ကြည့်ထိန်းသိမ်းရေးအဖွဲ့ ဖွဲ့မယ်လို့ စစ်ကောင်စီက ကြေညာပြီးနောက် အရောင်းအဝယ်တွေ အေးသွားတယ်လို့ ဝယ်ရောင်းလုပ်ကိုင်နေသူတွေက ပြောပါတယ်။



အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ပြည်တွင်း ရွှေနဲ့ ငွေကြေးဈေးကွက်ကို စောင့်ကြည့်ထိန်းသိမ်းကြပ်မတ်ဖို့ စောင့်ကြည့်ထိန်းသိမ်းရေးအဖွဲ့ ဖွဲ့မယ်လို့  စစ်ကောင်စီက  ကြေညာပြီးနောက် အရောင်းအဝယ်တွေ အေးသွားတယ်လို့ ဝယ်ရောင်းလုပ်ကိုင်နေသူတွေက ပြောပါတယ်။

ပြည်တွင်းရွှေဈေးကွက်အတွင်း ဈေးကစားဖို့ ရည်ရွယ်ချက်နဲ့ ရောင်း၊ဝယ်မှုတွေကို စိစစ်ဖော်ထုတ်နိုင်ရေးအတွက် အရောင်းအဝယ်စာရင်းတွေကို လိုအပ်သလို စစ်ဆေးတာ၊ ဗဟိုဘဏ်မှထုတ်ပြန်ထားသော ငွေပေးချေမှုစည်းမျဉ်းတွေကို လိုက်နာမှု ရှိ မရှိ စစ်ဆေးတာ၊ ပြည်တွင်းရွှေဈေးကွက်တည်ငြိမ်ရေးကို ပျက်ပြားစေတဲ့ရည်ရွယ်ချက်နဲ့ ဆောင်ရွက်သူတွေကို စိစစ်ဖော်ထုတ်ပြီး တည်ဆဲဥပဒေနဲ့အရေးယူဆောင်ရွက်ဖို့နဲ့  နိုင်ငံခြားငွေကြေး တရားမဝင်ကိုင်ဆောင်တာ၊ ဥပဒေမဲ့ အရောင်းအဝယ်ပြုလုပ်တာ၊ ဈေးကစားတာ ပြုလုပ်သူတွေကို စစ်ဆေးဖော်ထုတ်ပြီး အရေးယူမယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

နိုင်ငံခြားငွေကြေးတရားဝင်ရောင်းဝယ်ခွင့်လုပ်ငန်းလိုင်စင်ရရှိထားတဲ့ လုပ်ငန်းရှင်တဦးက “ကျနော်တို့ မြင်တာကတော့ လိုအပ်ချက်ကြောင့် လုပ်တဲ့ သဘောပေါ့နော်။ ရွှေနဲ့ငွေကို ကစားတဲ့သူ ရှိရင် သူတို့ကို စောင့်ကြည့် အရေးယူမယ့် သဘောလို့ မြင်ပါတယ်။ သာမန် အရောင်းအဝယ်၊ ပုံမှန် အရောင်းအဝယ်သမားတွေကတော့ ဒီလောက် ပြဿနာ မရှိလောက်ဘူးလို့ ထင်ပါတယ်။ ဒါပေမဲ့ လူတွေကတော့ ဘာပဲပြောပြော နည်းနည်း ရှိန်တော့ ရှိန်တာ ပေါ့နော်။ စောင့်ကြည့်အရေးယူဖို့အတွက် အဖွဲ့ ဖွဲ့တယ်ဆိုတော့။ ဘာပဲပြောပြော လုပ်နေတဲ့ သူတွေကတော့ သတိထား ရမှာပေါ့နော်။ တချို့ဟာတွေက သူတို့ သတ်မှတ်ထားတဲ့ ဘောင် မဝင်ရင် ပြဿနာရှိလာနိုင်လေ။ ပြီးတော့ ဒီလိုလုပ်တဲ့အတွက် ဈေးကွက်မှာ ဈေးဝင်ကစားမယ့်သူတွေ အတွက် နည်းနည်းတော့ရှိန်သွားမှာပေါ့။ ကျနော်တို့ ဆီမှာ ဘာပဲပြောပြော လုပ်ငန်းလုပ်တဲ့သူတွေက ကြောက်ကြတယ်လေ။ အဲ့တော့ အခုလို လုပ်လိုက်တဲ့အတွက် အရင်လို ရောင်းတဲ့၊ဝယ်တဲ့နေရာတော့ ခက်သွားတာပေါ့ဗျာ။ တိုက်ရိုက် မဟုတ်ရင်တောင် သွယ်ဝိုက်နည်းဖြင့်တော့ သက်ရောက်မှုက ရှိနိုင်ပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
END / 251