၂၀ ဖေဖော်ဝါရီ ၂၀၂၂ - ၂၀:၁၅
ဖုန်းလိုင်းများပြတ်တောက်နိုင်သဖြင့် စကစ ရဲတပ်စခန်းများတွင် ကြိုတင်ပြင်ဆင်ကြရန် လျှိုဝှက်ညွှန်ကြားထားသည်ဟုဆို

ဖေဖော်ဝါရီ ၂၁ရက်မှ ၂၃ရက်အထိကို အရေးပေါ်ကာလအဖြစ် စစ်ကောင်စီမှ သတ်မှတ်ထားပြီး ယင်းကာလ များတွင် ဖုန်းလိုင်းများ ပြတ်တောက်နိုင်သဖြင့် အရေးပေါ်အသုံးပြုရန်နှင့် နေပြည်တော်ရှိ ရဲတပ်ဖွဲ့ ဌာနချုပ်နှင့် ဆက်သွယ်နိုင်ရန် မြို့နယ် အသီးသီးမှ စခန်းမှူးများအ​နေဖြင့် ကြားခံစက်များနှင့် ချိတ်ဆက် ​ဆောင်ရွက်နိုင်ရန်ကြိုတင်ပြင်ဆင်ထား ကြရန်ညွှန်ကြားစာများဖြင့် လျို့ဝှက် ညွှန်ကြား ထား​ကြောင်း အမည်မဖော်လိုသည့် တပ်တွင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

 

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ဖေဖော်ဝါရီ ၂၁ရက်မှ ၂၃ရက်အထိကို အရေးပေါ်ကာလအဖြစ် စစ်ကောင်စီမှ သတ်မှတ်ထားပြီး ယင်းကာလ များတွင် ဖုန်းလိုင်းများ ပြတ်တောက်နိုင်သဖြင့် အရေးပေါ်အသုံးပြုရန်နှင့် နေပြည်တော်ရှိ ရဲတပ်ဖွဲ့ ဌာနချုပ်နှင့် ဆက်သွယ်နိုင်ရန် မြို့နယ် အသီးသီးမှ စခန်းမှူးများအ​နေဖြင့် ကြားခံစက်များနှင့် ချိတ်ဆက် ​ဆောင်ရွက်နိုင်ရန်ကြိုတင်ပြင်ဆင်ထား ကြရန်ညွှန်ကြားစာများဖြင့် လျို့ဝှက် ညွှန်ကြား ထား​ကြောင်း အမည်မဖော်လိုသည့် တပ်တွင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ထို့အပြင် နေပြည်တော်ရဲတပ်ဖွဲ့ဌာနချုပ်ထံသို့ သတ်မှတ်ချိန်အတိုင်း ထူးခြားမှုသတင်းများ ပို့ပေးရန်နှင့် ခရိုင်မှူး ဒုခရိုင်မှူးများမှ ကြီးကြပ်ရန် နှင့် ၎င်းတို့နှင့် အဆက်အသွယ်ပြတ်တောက်မှု မရှိစေရန်အတွက် ညွှန်ကြားချက် ကြိုတင်ထုတ်ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသတင်းနှင့်ပတ်သက်၍ မဇ္ဈိမမှ သီးခြားအတည်ပြု၍မရနိုင်ပါ။

****************************************************************
END / 251