၂၆ မတ် ၂၀၂၂ - ၁၉:၃၀
တာလီဘန်ခန့်အပ်သည့် သံတမန်ကို အလယ်အာရှနိုင်ငံ တာ့ခ်မန်နစ္စတန်က ပထမဆုံး လက်ခံ

အာဖဂန်နစ္စတန်တွင် ယမန်နှစ် ဩဂုတ်လက တာလီဘန်တို့ ထိန်းချုပ်ပြီးနောက် တာ့ခ်မန်နစ္စတန်နိုင်ငံသည် တာလီဘန် ခန့်အပ်သည့် အာဖဂန်နစ္စတန်သံအမတ်တစ်ဦးကို လက်ခံသည့် ပထမဆုံး အလယ်အာရှနိုင်ငံ ဖြစ်လာခဲ့ကြောင်း သိရသည်။

 
အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ



အာဖဂန်နစ္စတန်တွင် ယမန်နှစ် ဩဂုတ်လက တာလီဘန်တို့ ထိန်းချုပ်ပြီးနောက် တာ့ခ်မန်နစ္စတန်နိုင်ငံသည် တာလီဘန် ခန့်အပ်သည့် အာဖဂန်နစ္စတန်သံအမတ်တစ်ဦးကို လက်ခံသည့် ပထမဆုံး အလယ်အာရှနိုင်ငံ ဖြစ်လာခဲ့ကြောင်း သိရသည်။

“တာ့ခ်မန်နစ္စတန်နိုင်ငံဟာ အလယ်အာရှဒေသမှာ တာလီဘန်ခန့် အာဖဂန်နစ္စတန် သံအမတ်ကို လက်ခံတဲ့ ပထမဆုံး နိုင်ငံ ဖြစ်လာတယ်” ဟု Radio Free Europe အတွက် အလုပ်လုပ်နေသည့် တာဂျစ်ခ်-အမေရိကန် ဂျာနယ်လစ်တစ်ဦးဖြစ်သည့် ဖာရန်းဂစ် နာဂျီဘူလာက တွစ်တာတွင် ရေးသည်။

တာလီဘန် ဦးဆောင်သော အာဖဂန်အစိုးရ ခန့်အပ်သည့် အာဖဂန်သံအမတ် ဖာဇီလ်-မိုဟာမက် ဆာဘာ၏ ရာထူးအပ်နှင်းပွဲ အခမ်းအနားကို ပြီးခဲ့သည့် မတ် ၁၇ ရက်က အက်ရှ်ဂါဘတ်မြို့၌ ပြုလုပ်ခဲ့သည်ဟု Fergana သတင်းအေဂျင်စီက ဖော်ပြသည်။

သံအမတ်သစ် ရာထူးအပ်နှင်းပွဲ အခမ်းအနားကို တာ့ခ်မန်နစ္စတန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဗီပါ ဟာဂျီယက်ဗ်လည်း တက်ရောက်ခဲ့သည်။

အာဖဂန်နစ္စတန်တွင် ယမန်နှစ် ဩဂုတ်လက တာလီဘန်တို့ ထိန်းချုပ်ပြီးနောက် အဆိုပါ အစ္စလမ္မစ်အဖွဲ့၏ လက်တုံ့ပြန်နိုင်မှုကို ကြောက်ရွံ့ပြီး အာဖဂန်နိုင်ငံသား ထောင်ပေါင်းများစွာသည် နိုင်ငံတွင်းမှ ထွက်ခွာထားခဲ့ကြသည်။

ယင်းနိုင်ငံတွင် ယမန်နှစ် ဩဂုတ်လက ယခင်အစိုးရဟောင်းပြုတ်ကျကာ တာလီဘန်တို့ အာဏာပြန်ရပြီးနောက် လူ့အခွင့်အရေး အခြေအနေသည် ယိုယွင်းဆိုးဝါးနေခဲ့သည်။

***************************************************************
END / 251