၂၇ ဧပြီ ၂၀၂၂ - ၁၉:၃၀
စစ်ကောင်စီတပ်မှ တပ်သား၂ဦး CDMပြုလုပ်လာကြောင်း Cobra စစ်ကြောင်း ထုတ်ပြန်

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ KNUတပ်မဟာ(၆) ရှိ Cobraစစ်ကြောင်းထံကို စစ်ကောင်စီတပ်မှ တပ်သားနှစ်ဦး CDMလာရောက်ပြုလုပ်လာကြောင်း ဧပြီလ၂၆ရက်နေ့တွင် ထုတ်ပြန်ထားသည်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ KNUတပ်မဟာ(၆) ရှိ Cobraစစ်ကြောင်းထံကို စစ်ကောင်စီတပ်မှ တပ်သားနှစ်ဦး CDMလာရောက်ပြုလုပ်လာကြောင်း ဧပြီလ၂၆ရက်နေ့တွင် ထုတ်ပြန်ထားသည်။

CDMပြုလုပ်သူတို့သည် ခမရ(၁)သထုံမှ တပ်သားဝင်းထွန်းနှင့် ခမရ(၅၅၉)ဘုတ်ပြင်းမှ တပ်သားကျော်ဇောဟိန်းတို့ဖြစ်ပြီး ရှေ့တန်းတစ်နေရာမှ Cobraစစ်ကြောင်းထံ ဆက်သွယ်လာရောက်ခိုလှုံခဲ့ကြောင်း ဖော်ပြထားသည်။

“မတ်လ ၁၀ရက်နေ့က ရှေ့တန်းစစ်မျက်နှာပြင်ကနေ ဆက်သွယ်ပြီး ကျနော်တို့ဆီ ခိုလှုံခဲ့တာပေါ့ သူတို့မိသားစု လုံခြုံရေးကြောင့် သေချာစီစဉ်ပြီးမှ မနေ့ကမှကျနော်တို့ ထုတ်ပြန်ခဲ့တာပါ ဒီလိုပဲကျနော်တို့ ဆက်လက်ပြီး ထုတ်ပြန်ဖို့ရှိသလို CDMဝင်လာတဲ့ ပြည်သူ့ဘက်တော်သားတွေကို ကျနော်တို့က ကြိုဆိုလျှက်ရှိပါတယ်ဗျ”ဟု Cobraစစ်ကြောင်းမှ ပြောဆိုခွင့်ရှိသူ ကိုမျိုးသူရကိုကိုက ပြောသည်။

လာရောက်ခိုလှုံသူ နှစ်ဦးမှာ လက်နက်တစ်စုံတစ်ရာမပါဝင်ခဲ့ကြောင်းနှင့် လာရောက်ပူးပေါင်းမည့်သူများအနေဖြင့် ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ဆက်သွယ်နိုင်ကြောင်း ထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။

Cobraစစ်ကြောင်းထံသို့ စစ်ကောင်စီတပ်မှ လာရောက်ပူးပေါင်းသူ လေးဦးရှိပြီး ဒုတပ်ရင်းမှူး ဗိုလ်မှူးအဆင့်ရှိသည့်သူ တစ်ဦးလည်း ပါဝင်ခဲ့ပြီး စစ်ကောင်စီတပ်နှင့်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် ၎င်းကိုယ်တိုင် ပူးပေါင်းတိုက်ပွဲဝင်ခဲ့ကြသည်။

====================================
END /251