၁၆ မေ ၂၀၂၂ - ၁၈:၅၀
CIA ဒါရိုက်တာအနေဖြင့် ဆော်ဒီ သို့လျှို့ဝှက် ခရီး သွားရသည့် အကြောင်းရင်း

အမေရိကန်သတင်းစာ တစ်စောင် မှ ပြီးခဲ့သည့်လ ဧပြီလတွင် အမေရိကန် CIA ဒါရိုက်တာအနေဖြင့် ဆော်ဒီ သို့လျှို့ဝှက် ခရီး သွားရသည့် အကြောင်းရင်း ကို မီးမောင်း ထိုးပြပြီး အဆိုပါခရီးစဉ်သည် တရုတ် နိုင်ငံ ကိစ္စ နှင့်ရေနံကိစ္စ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Fars News Agency ၏ သတင်း အထောက်အထားများ အရပြီးခဲ့သည့်လ ဧပြီလတွင်ဒေသတါင်းခရီးစဉ် ၏ တစ်စိတ် တစ်ပိုင်း အဖြစ် အမေရိကန် CIA ဒါရိုက်တာဝီလရံဗရ်န်အနေဖြင့် ဆော်ဒီ သို့ လျှို့ဝှက် ခရီးခဲ့ပြီး ဆော်ဒီ အိမ်ရှေ့ မင်းသား မိုဟမ္မဒ် ဗင် စဲလ်မန် နှင့် ဆော်ဒီ နိုင်ငံအနောက်ပိုင်း ဆိပ်ကမ်းမြို့ ဂျစ်ဒဟ် မြို့ တွင် လျှို့ဝှက် တွေ့ဆုံ ခဲ့ကြကြောင်းဖော်ပြထားပါတယ်။

ဤအရေးကြီး လျှို့ဝှက် တွေ့ဆုံမှု ပတ်သက်ပြီး အမေရိကန် အကြီးတန်း စုံထောက် နှင့်အရေးပါ ဆော်ဒီ အာဏာပိုင် များ ပထမဆုံး အကြိမ် မျက်နှာချင်း ဆိုင် တွေ့ဆုံခဲ့ကြခြင်း ဖြစ်ကြောင်း အစီရင်ခံ စာ ကို"ဝဲလ်စတီးဒ် ဂျာနယ်"က ဖော်ပြထားပါတယ်။

 

အမေရိကန်သတင်းစာ"Intercept" ၏ အစီရင်ခံ စာ တွင် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် သည် ဆော်ဒီ သတင်းထောက် နှင့်အတိုက်အခံ ဂျာနယ်လစ် ဂျမားလ် ခါရှခ်ဂျီ အား ဆော်ဒီ အိမ်ရှေ့ မင်းသား မိုဟမ္မဒ် ဗင် စဲလ်မန် သတ်မိန့်ပေးခံသည့် အတွက် လက်ရှိအချိန်အထိ ဆော်ဒီ အိမ်ရှေ့ မင်းသား နှင့် မတွေ့သေးကြောင်း ၊ မကြာသေမီ ဂျိုးဘိုင်ဒန် မှ ဆော်ဒီ နှင့် နှစ်နိုင်ငံ ဆက်ဆံရေး ပြန်လည် ကောင်းမွန်လာစေရန် ကြိုးစားခဲ့ကြောင်း ဆော်ဒီ ဘုရင် ၏ တောင်းဆို ချက်အရ အန်ဆွာရွလ္လာဟ်ယီမင်နီ ကို ဆန်ကျင့် ပြီး ရေယာဇ်မြို့အား ကာကွယ်ရန်အတွက် အမေရိကန် စစ်သားများ ၏ အကူအညီ ကို ပေးပို့ရန် ၎င်း အကူအညီ အစား ရေနံ ထုတ်လုပ်မှုကို တိုးမြင့် ပေးရန် ဖြစ်ကြောင်းဖြစ်ပါတယ်။ သို့သော် ဆော်ဒီ အနေဖြင့် အမေရိကန် သမ္မတ ၏ောတင်းဆိုမှုကို ပယ်ချခဲ့ပါတယ်။

အမေရိကန်သတင်းစာ"Intercept" ၏ အစီရင်ခံ စာ အရ CIA ဒါရိုက်တာဝီလရံဗရ်န် အနေဖြင့် ပြီးခဲ့သည့် လ ဧပြီလ တွင် ရေနံ ထုတ်လုပ်မှု တိုး မြှင့် နိုင်ရေး ကို ဆော်ဒီ ထံ ထပ်မံ တောင်း ဆိုခဲ့ကြောင်း ဆော်ဒီ မှလည်း ပယ်ချခဲ့ကြောင်း ဖော်ပြထားပါတယ်။ "Intercept" ၏ အစီရင်ခံ စာ အရ CIA ဒါရိုက်တာဝီလရံဗရ်န် အနေဖြင့် ဤခရီးစဉ် နှင့်ပတ်သက်ပြီး ပြောကြားရန် ငြင်းဆို ခဲ့ကြောင်း သိရှိရပါတယ်။

သတင်းအထောက်အထားများ အရ ဤ လျှို့ ဝှက် တွေ့ဆုံ မှု တွင် အမေရိကန် ထောက်လှမ်းရေး အရာရှိတစ်ဦး ၊ အမေရိကန် ထောက်လှမ်းရေး နှင့် နီးစပ်သည် မီဒီယာ နှစ်ခု ဆော်ဒီ တော်ဝင် မိသားစု နှင့်နီးစပ်သည် မီဒီယာ များ ၊ အစီရင်ခံစာ နှင့် ပတ်သက်၍ တွေ့ဆုံ မေးမြန်းခဲ့သည့် အမေရိကန် တွေးခေါ် ပညာရှင် တစ်ဦးတို့ ပါဝင်ကြောင်း တင်ပြထားပါတယ်။

****************************************************************

END / 251