အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
၂၀၂၆ ခုနှစ် အောက်တိုဘာ ၂၆ ရက်နေ့တွင် ကူဝိတ်နိုင်ငံ ရာဇဝတ်မှုတရားရုံးက အာယာသွလ္လာဟ် ရှိက်ခ် ဟိုစိုင်းန် အဗ်ဒိုလ္လာဟ် မုအ်သူက် နှင့် အခြားနှစ်ဦးတို့အား သေဒဏ်ချမှတ်ခဲ့ခြင်းအပေါ် လက်ဘနွန်နိုင်ငံမှ စွန်နီဘာသာရေးပညာရှင်များက ပြင်းထန်စွာ ဝေဖန်ရှုတ်ချခဲ့ကြပြီး ပြစ်ဒဏ်ကို ပြန်လည်သုံးသပ်ပေးရန် တောင်းဆိုခဲ့ကြပါတယ်။
လက်ဘနွန် မွတ်စလင်မ်ပညာရှင်များအဖွဲ့၏ ဂေါပကအဖွဲ့ဥက္ကဋ္ဌ ရှိက်ခ် ဂါဇီ ဟနီးနာက ရှိက်ခ် မုအ်သူက် ၏ ဘာသာရေးဆိုင်ရာ ရပ်တည်ချက်များနှင့် ပါလက်စတိုင်းပြည်သူများအပေါ် ထောက်ခံအားပေးမှုများကို ချီးကျူးခဲ့ပြီး ကူဝိတ်ဘုရင်ထံ အဆိုပါပြစ်ဒဏ်ကို ပြန်လည်သုံးသပ်ပေးရန် တောင်းဆိုခဲ့ပါတယ်။
အလားတူ လက်ဘနွန် အွန်မ္မသ်လှုပ်ရှားမှုအဖွဲ့ အထွေထွေအတွင်းရေးမှူး ရှိက်ခ် အဗ်ဒိုလ္လာဟ် ဂျဘရီကလည်း ယင်းဆုံးဖြတ်ချက်သည် ဘာသာရေးကွဲပြားမှုများကို ပိုမိုပြင်းထန်စေနိုင်ကြောင်း သတိပေးခဲ့ပြီး ကူဝိတ်နိုင်ငံအတွင်း ဘာသာမတူသူများအကြား အမျိုးသားစည်းလုံးညီညွတ်မှုနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို ထိန်းသိမ်းရန် တိုက်တွန်းခဲ့ပါတယ်။
လက်ဘနွန် မွတ်စလင်မ် ပညာရှင်များအဖွဲ့ ဥက္ကဋ္ဌ ရှိက်ခ် ဟစာန် အဗ်ဒိုလ္လာဟ် ကလည်း တရားခံဘက်မှ ထိရောက်စွာ ခုခံချေပခွင့်မရဘဲ မျက်ကွယ်တွင် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းအပေါ် ဥပဒေရေးရာနှင့် နိုင်ငံရေးဆိုင်ရာ စိုးရိမ်မှုများကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ထို့အပြင် ရှိက်ခ် မာဟိရ် မဇ်ဟာရ် နှင့် ရှိက်ခ် မုအ်မင် အရ်ရိဖာအီတို့ကလည်း ရှိက်ခ် မုအ်သူက် အား ထောက်ခံကြောင်း ဖော်ပြခဲ့ကြပြီး ယင်းဆုံးဖြတ်ချက်သည် အစ္စလာမ်ဘာသာဝင်များ၏ စည်းလုံးညီညွတ်မှုနှင့် ပါလက်စတိုင်းအရေး၊ ခုခံတော်လှန်ရေးလှုပ်ရှားမှုများကို အားနည်းစေနိုင်ကြောင်း ဝေဖန်ခဲ့ကြပါတယ်။
စွန်နီဘာသာရေးပညာရှင်များက အဆိုပါသေဒဏ်ကို ပယ်ဖျက်ပေးရန် အလေးအနက် တောင်းဆိုခဲ့ကြပြီး ယင်းကဲ့သို့ ဆုံးဖြတ်ချက်များသည် ဘာသာရေးအုပ်စုများအကြား တင်းမာမှုများ တိုးပွားစေကာ မွတ်စလင်ကမ္ဘာ၏ စည်းလုံးညီညွတ်မှုနှင့် ကူဝိတ်နိုင်ငံ၏ လူမှုသဟဇာတဖြစ်မှုကို ထိခိုက်စေနိုင်ကြောင်း သတိပေးခဲ့ကြပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment