အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Fars သတင်းဌာန ၏ အဆိုအရ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဟိုစိန် အမီးရ် အဗ်ဒွလ္လာဟ် ဟီရန်း(န) သည် မကြာမီ ကာလတွင် အီရတ် နိုင်ငံ ၏ မြို့တော် ဘဂ္ဂဒတ် မြို့ တွင် ဆော်ဒီ အာရေးဗီးယား နိုင်ငံ ၏ နိုင်ငံခြားရေးဝန်ကြီး ဖိုင့်ဆွလ် ဗင်ဖရ်ဟန် နှင့် တွေ့ဆုံမည် ဖြစ်ပါတယ်။
အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံလွတ်တော် ၏ အတိုင်ပင်ခံ နှင့် အမျိုးသား လုံခြုံရေး ကော်မရှင် အဖွဲ့ဝင် တစ်ဦး နှင့် Fars သတင်းဌာန ၏ တွှေဆုံ မေးမြန်းခန်းတွင် တီဟီရန် နှင့် ရေယာစ် မြို့ တို့ အကြား ပဏာမ သဘောတူ ညီမှု များ ရရှိထားပြီး ပြီးကြောင်း မကြာမီ မိမိတို့ နှင့် ဆော်ဒီ အာရေးဗီးယား နိုင်ငံ ၏ နိုင်ငံခြားရေးဝန်ကြီး တို့ အကြားတွေ့ဆုံ ရမည် ဖြစ်ကြောင်း ပြောကြားခဲ့ ပါတယ်။
အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံလွတ်တော် ၏ အတိုင်ပင်ခံ နှင့် အမျိုးသား လုံခြုံရေး ကော်မရှင် အဖွဲ့ဝင် တစ်ဦး ဖြစ်သည့် ကရီးမီ ကွတ်ဒ်ဒူစီ မှ ဆက်လက်ပြီး ဤတွေ့ဆုံ မှု တွင် နှစ်နိုင်ငံ အရေး ကိစ္စများ နှင့် သံရုံးများ ဖွင့်လှစ် ခြင်း အပြင် ဒေသ တွင်းကိစ္စရပ်များ ၊ အထူးသဖြင့် ယီမင် အကြပ် အတည်း အပေါ် အပြန်အလှန် ဆွေးနွေး သွားကြမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
****************************************************************
END / 251