အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ယနေ့ စက်တင်ဘာ၃၀ ရက်နေ့ ၂၀၂၂ခုနှစ် သောကြာနေ့တွင် အာဖဂန် နစ္စတန် နိုင်ငံ ၏ မြို့တော် ကဘူးလ် မြို့အနောက်ဘက် ရှိ ရှီအဟ် များ နေထိုင်သည့် ဧရိယာ ရှိ ရှီအဟ် ပညာရေး စင်တာ အား အသေခံ ဗုံး ခွဲ တိုက်ခိုက်မှု တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ၎င်း လူမဆန်သည့် လုပ်ရပ်ကြောင့် အနည်းဆုံး ၃၂ဦး သေဆုံး ခဲ့ပြီး ၃၅ ဦးဒဏ်ရာ ရခဲ့ကြောင်း သိရှိခဲ့ရပါတယ်။
အသေခံ ဗုံးခွဲ တိုက်ခိုက်သူ အကြမ်းဖက်သမားသည် ဒဲရှ်ဗရ်ကျီ ဧရိယာရှိ ကာဂျ် ပညာရေးစင်တာ တွင် တက္ကသိုလ် ဝင်ခွင့် စာမေးပွဲ ဖြေဆိုရန် ဝင်ချိန်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။
အချို့ မျက်မြင် သက်သေ များ ၏ ပြောပြချက်အရ အသေခံဗုံးခွဲတိုက်ခိုက်မှု အပြီး ပညာရေး စင်တာ တွင် သေနတ်သံများလည်း ကြားရကြောင်း သိရှိရပါတယ်။
ဒဲရှ်ဗရ်ကျီ ဧရိယာရှိ သည် ကဘူးလ် မြို့ ၏ အနောက်ဘက်တွင် ရှိပြီး အများစုနေထိုင်သူများ မှာ ဟဇာရေ လူမျိုး ရှီအဟ် မဇ်ဟဗ်ဝင် အာဖဂန် နိုင်ငံသားများ ဖြစ်ကြပါတယ်။ ဤဒေသအား အကြမ်းဖက်သမားများ ၊ ရှီအဟ် မုန်တီးရေး အစွန်းရောက်များမှ ကြောက်စရာကောင်းပြီး လူမဆန်သည့် အကြမ်းဖက် တိုက်ခိုက်မှုများအား အကြိမ်ကြိမ် ပြုလုပ်ခဲ့ကြပါတယ်။
၂၀၂၁ ခုနှစ်တွင်လည်း ဆရက်ဒ်ဒိုရှ်ရှိုဟာဒအ် (အ.စ) အမည်ရှိ မိန်းကလေး ကျောင်းအား လူမဆန်စွာ အကြမ်းဖက် တိုက်ခိုက် မှု အကြမ်းဖက်သမားများ မှ ပြုလုပ်ခဲ့ပါတယ်။ ထိုအချိန်ကလည်း ရှဟီးဒ် ဖြစ်သူ ၅၀ ကျော် နှင့် ၁၀၀ကျော် ဒဏ်ရာ ရခဲ့ပါတယ်။ ရှဟီးဒ် ဖြစ်ခဲ့သူ မိန်းကလေးအများ စု မှ ရိုဇဟ် ရှိသူများဖြစ်ပါတယ်။
အာဖဂန်နစ္စတန် တွင် တာလီဘန် တို့၏ အုပ်ချုပ် မှု ဖြစ်ပြီး ၎င်းတို့မှ နိုင်ငံတော် အတွင်း တည်ငြိမ်အေးချမ်းမှု လုံခြုံမှုကို တည်ဆောက်ပေးမည်ဟု ကတိ ပြုထားပေးမဲ့ အကြမ်းဖက်သမားများ တိုက်ခိုက် လူမဆန်မှု ကို ခံနေရဆဲ ဖြစ်ပါတယ်။
ပြီးခဲ့သည့် သောကြာနေ့ တွင်လည်း ကဘူးလ်မြို့ရှိ ဗလီ တစ်လုံးတွင် ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ပြီး ၄ဦးရှဟီးဒ် ဖြစ်ခဲ့ကြောင်း သိရှိရပါတယ်။
၎င်းပေါက်ကွဲမှုသည် ဂရင်းန် ဇုံ နှင့် မနီးမဝေး ရှိ ဝဇီးရ်အက်ဗဲရ်ခန်း ဗလီ အဝင်ဝ တွင် ဖြစ်ပွားခဲ့ပါတယ်။ တာလီဘန်များ အာဏာ မသိမ်းခင် က ဤဒေသတွင် သံတမန် မစ်ရှင်များ နှင့် နိုင်ငံ တကာ အရေးကြီး အဖွဲ့ အစည်းများ အတွင် လုံခြုံ ခဲ့ရသည့်နေရာဖြစ်ပါတယ်။

****************************************************************
END / 251
END / 251